28 Nov 2023 2:07 pm
28 Nov 2023 1:59 pm
11 Nov 2023 11:16 am
3 Dec 2023 12:47 pm
30 Nov 2023 10:56 am
28 Nov 2023 7:41 pm
28 Nov 2023 3:55 pm
28 Nov 2023 2:46 pm
28 Nov 2023 12:02 pm
28 Nov 2023 11:25 am
28 Nov 2023 9:40 am
25 Nov 2023 11:33 am
24 Nov 2023 3:06 pm
24 Nov 2023 1:30 pm
24 Nov 2023 9:39 am
23 Nov 2023 7:52 pm
22 Nov 2023 9:48 am
21 Nov 2023 10:09 am
20 Nov 2023 11:23 pm
ရန်ကုန်အရှေ့ပိုင်းခရိုင်တွင်တည်ရှိသည့် ဗိုလ်တထောင်မြို့နယ်သည် ၂.၄ ကီလိုမီတာကျယ်ဝန်းပြီး ရန်ကုန်မြို့၏ downtown ၆ မြို့နယ်တွင်ပါဝင်သည် ။ ရပ်ကွက်ပေါင်း ၁၀ ခုဖြင့်ဖွဲ့စည်းထားသည့် ဗိုလ်တထောင်မြို့နယ်သည် အရှေ့မြောက်ဘက်တွင် ပုဇွန်တောင်မြို့နယ် ၊ တောင်ဘက်တွင် ရန်ကုန်မြစ် ၊ အနောက်ဘက်တွင် ကျောက်တံတားမြို့နယ်နှင့် မြောက်ဘက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တည်ရှိသည် ။ ဆံတော်ရှင်ဗိုလ်တထောင်စေတီတော်ကိုအစွဲပြုပြီး ဗိုလ်တထောင်မြို့နယ်ဟု ရှေးယခင်ကခေါ်ဆိုခဲ့ခြင်းဖြစ်သည် ။ အကြောင်းမှာမူ စေတီတော်ကိုတည်သည့်အခါ ဆံတော်ကို ဗိုလ်ခြေတစ်ထောင်တို့ဖြင့် ကြိုဆိုခဲ့သောအရပ်ဖြစ် ခဲ့သောကြောင့် ဗိုလ်တထောင်စေတီဟု အမည်တွင်ခဲ့သည် ။ ဗိုလ်တထောင်မြို့နယ်တွင် မူလတန်းကျောင်း(၅) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်း ၊ အထက်တန်းကျောင်း (၆) ကျောင်းနှင့် တက္ကသိုလ်ကျောင်း ၁ ခုတည်ရှိသည် ။ ရန်ကုန်မြို့ အရှေပိုင်းခရိုင်၏အဓိက ဆေရုံကြီးဖြစ်သည့် ပြည်သူ့ဆေးရုံ (၃) ရုံ ၊ ကိုယ်ပိုင် ဆေးရုံ (၃) ရုံလည်းတည်ရှိသည် ။ မြန်မာပြည်တွင် ထင်ရှားသော ကြေးမုံသတင်းစာတိုက်ရှိသောမြို့နယ်လည်း ဖြစ်သလို မြန်မာ့ရေးကြောင်းကုန်သွယ်ပို့ဆောင်ရေးတွင် အရေးပါသည့် ကြယ်ငါးပွင့် သဘောင်္ရုံးအခြေစိုက်ရာ မြို့နယ်လည်းဖြစ်သည် ။ အင်္ဂလိပ်ခေတ်ကတည်းက အကွက်ကျကျတည်ဆောက်ထားသည့် မြို့နယ်တစ်ခုဖြစ်သည့် ဗိုလ်တထောင်မြို့နယ်သည် ကိုလိုနီခေတ် အဆောက်အဦးများစွာတည်ရှိသည် ။ ဥပမာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အဦးသည် အင်္ဂလိပ်ခေတ်ဗိသုကာ လက်ရာများကို အထင်အရှားတွေ့မြင်နိုင်မည်ဖြစ်သည် ။ ၁၈၉၀ ခုနှစ်ကတည်ဆောက်ခဲ့သည့် လက်ရှိဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး) တည်ရှိသည့်မြို့နယ်လည်းဖြစ်သည် ။ အခြားသမိုင်းဝင် အဆောက်အဦးများဖြစ်သည့် ယခုလက်ရှိ အထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က (၄) ၊ အ.ထ.က (၅) ၊ အ.ထ.က(၆) နှင့် ဗိုလ်မြတ်ထွန်းလမ်းရှိ စီရင်ဘပ်တစ် ခရစ်ယာဉ်ဘုရားရှိခိုးကျောင်း ၊ မြန်မာပြည်တွင်း အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးဖြစ်သည့် ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ စိန့်မေရီဘုရားရှိခိုးကျောင်းတို့သည် ဗြီတိသျှခေတ် ဗိသုကာလက်ရာများကို အမြောက်အများမြင်တွေ့နိုင်မည်ဖြစ်သည် ။ အနှစ်ချုပ်အားဖြင့်ဆိုသော် ဗိုလ်တထောင်မြို့နယ်သည် နှစ်ပေါင်းများစွာတိုးတက်ပြောင်းလဲလာခဲ့သော်လည်း ခေတ်သစ်အဆောက်အဦးများ ၊ ကွန်ဒိုများ ၊ တိုက်ခန်းများနှင့်အတူ ခေတ်ဟောင်းအဆောက်အဦးများဟာ လည်း ယနေ့တိုင် မပျက်စီးပဲ သက်ဝင်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပေသည် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
No13,Myat lay Yone Street, Hlaing Township