14 Sep 2023 2:41 pm
14 Sep 2023 2:41 pm
14 Sep 2023 2:40 pm
14 Sep 2023 2:40 pm
14 Sep 2023 2:29 pm
14 Sep 2023 2:12 pm
14 Sep 2023 2:12 pm
14 Sep 2023 12:59 pm
12 Sep 2023 2:15 pm
12 Sep 2023 1:45 pm
ကျောက်တံတား | ရန်ကုန်တိုင်းဒေသကြီး
တိုက်ခန်း | ၁ လွှာ
625 စတုရန်းပေ
4.50 သိန်း (ကျပ်)
ပိုင်ရှင်ကိုယ်တိုင်ကျောက်တံတားမြို့နယ်သည် ရန်ကုန်မြို့တွင်သတ်မှတ်ထားသည့် downtown ဧရိယာတွင် အလယ်တည့်တည့်တွင်ရှိသော မြို့နယ်ဖြစ်သည် ။ ရန်ကုန်မြို့၏ အချက်အချာအကျဆုံး မြို့နယ်ဟုလည်း ဆိုနိုင်သည် ။ ယခင်အစိုးရရုံးအများဆုံး စိုက်ခဲ့သည့်နေရာဖြစ်ခဲ့သလို ရှေးဟောင်းဗိသုကာ အဆောက်အဦးကြီးများ မပျက်စီးပဲ ယနေ့တိုင်ခန့်ညားထည်ဝါစွာရှိသည့် မြို့နယ်လည်း ဖြစ်သည် ။ ရန်ကုန်မြို့၏ အထင်ကရ ဆူးလေဘုရား ၊ ရန်ကုန်မြို့တော်ခန်းမ နှင့် မဟာဗန္ဓုလပန်းခြံတို့သည် လူသိများစည်ကားသောနေရာကောင်းတစ်ခုဖြစ်သည် ။ ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်အဦးများဖြစ်သည့် ဆူးလေရှန်ဂရီလာဟိုတယ်(ယခင်ကုန်သည်ကြီးများဟိုတယ်) ၊ ဆာကူရာတာဝါ နှင့် စင်တာပွိုင့်တာဝါတို့ တည်ရှိသည် ။ နိုင်ငံတကာသံရုံံးအများအပြားလည်းတည်ရှိပြီး သြတေးလျသံရုံး ၊ အိန္ဒယသံရုံး နှင့် အင်္ဂလန်သံရုံးတို့လည်း တည်ရှိသည့်မြို့နယ်ဖြစ်သည် ။ ရန်ကုန်မြို့၏လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့် ဘက်စ်ကားများ မဖြစ်မနေပြေးဆွဲရောက်ရှိသည့် ကျောက်တံတားမြို့နယ်သည် ရန်ကုန်နေပြည်သူများ သွားလာရလွယ်ကူသည့်အတွက် ရုံးခန်း ၊ ဆိုင်ခန်းနှင့်အလုပ်အကိုင်အခွင့်အလမ်း ပေါများသည့်မြို့နယ်လည်းဖြစ်သည် ။ မြို့နယ်အတွင်းရှိ အစိုးရဌာနအဆောက်အဦးများသည်လည်း ရှေးကျပြီး သမိုင်းဝင်ဗိသုကာလက်ရာ အမြောက်အများပါဝင်လျက်ရှိသည် ။ နိုင်ငံခြားသားဧည့်သည်များ မြို့နယ်တွင်း ရောက်ရှိသည့်အခါ ဗီဒီယိုဓာတ်ပုံများ မှတ်တမ်းတင်ရိုက်ကူးနေသည်များကို ရံဖန်ရံခါတွေ့မြင်နိုင်ပါသည် ။ အချုပ်အားဖြင့်ဆိုသော ကျောက်တံတားမြို့နယ်သည် ယခုမှပြန်လည်ဆောက်လုပ်ထားသည့် တိုက်ခန်းအသစ်များနည်းပါးပြီး ယခင်နှစ်များစွာကတည်းက ရှိနေသည့် တိုက်ခန်းအဆောက်အဦးအများအပြား တည်ရှိသည့်မြို့နယ်တစ်ခုဖြစ်ပြီး အသွားအလာထူထပ်သော အဓိကအချက်အချာကျ ရန်ကုန်မြို့လယ်ဟုပင် ဆိုရမည် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No13,Myat lay Yone Street, Hlaing Township
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.