6434 ကြိမ် ကြည့်ရှု့ပြီး

အိမ်ရောင်းချင်ပါတယ်၊ ကျွန်မတစ်ဦးတည်း အမည်ပေါက်ပါရှင်၊ ကျွန်မလုပ်အားနင့်ဝယ်ထားတဲ့အိမ်ပါ၊ ယောက်ကျားအမည်မပါဘူး၊ ရောင်းရင် ယောက်ကျား ကန့်ကွက်လို့ရရဲ့လား၊ သိချင်လို့ပါရှင်။

မေးသူ - Ma Nyo Nyo Khaing

[Unicode]

အိမ်အရောင်းအဝယ် ပြုလုပ်ဆောင်ရွက်စဉ်ကာလ အိမ်ထောင်ပြုထားခြင်း ရှိ/မရှိဆိုသည့် အချိန်ကာလနှင့်လည်း စပ်ဆိုင်မှု ရှိပါသည်။

အိမ်ထောင်မပြုခင် အချိန်ကာလက မိမိလုပ်အားခနှင့် ဝယ်ယူထားသည့် သက်သေပြနိုင်ပါက လက်ထက်ပွားပစ္စည်းဝယ်ယူထားခြင်း မဟုတ်ကြောင်း ပေါ်လွင်ပါသည်။

အကယ်၍ အိမ်ထောင်ပြုပြီးကာလတွင် လင်နှင့်မယားလက်ထက်ပြီး တိုးပွားလာသောဝင်ငွေနှင့် အိမ်ဝယ်ခဲ့ခြင်းဆိုပါက လင်မယား လက်ထက်ပွားပစ္စည်းဖြစ်သည့်အတွက် လင်ရောမယားပါ ညီတူညီမျှ အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။

ထိုကာလတွင် ရောင်းချမည်ဆိုပါကလည်း ခင်ပွန်းအနေနှင့် မရောင်းချလိုပါက အနှောင့်အယှက် အတားအဆီးလုပ်ပါက ဝယ်ယူသူအနေနှင့်လည်း ဝယ်ယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း အကြံပေးပြောကြားလိုပါတယ်။

 

[Zawgyi]





ထိုကာလတွင် ရောင်းချမည်ဆိုပါကလည်း ခင်ပွန်းးအနေနှင့် မရောင်းချလိုပါက အနှောင့်အယှက် အတားအဆီးလုပ်ပါက ၀ယ်ယူသူအနေနှင့်လည်း ၀ယ်ယူဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း အကြံပေးပြောကြားလိုပါတယ်။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)