1732 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်အမေသည် 2008 ခုနှစ်ကမြေကွက်တစ်ကွက်ဝယ်ခဲ့ပါသည်။ထိုမြေ၏တန်ဖိုးမှာ 120 ဖြစ်ပြီးစလစ်ဖြင့်အရပ်ခေါ်စာချုပ်ချုပ်ရျ်ဝယ်ခဲ့ပါသည်။ ထိုမြေကိုယခုအခါ အမည်ဖောက် ဂရံဖောက်မည်ဆိုပါကမည်မျှကုန်ကျနိုင်ပါသနည်းထိုမြေ၏ယခုအခါတန်ဖိုးမှာသိန်း 2600 ဖြစ်သည့်အတွက် မည်မျှကျသင်နိုင်ပါသနည်း

မေးသူ - ဘုန္းျမတ္ႏိုင္

[Unicode]

စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှစ်ယောက်ပဲ ပြောင်းသွားပါစေ နောက်ဆုံး ဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မူလ စလစ် ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့ အခုဈေးက အရမ်းကွာနေတော့ အလွယ်တကူ လက်မှတ် မထိုးချင်ကြဘူး။

ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ် ထိုးခိုင်းလာကြတယ်။

မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင် သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ်စောင့်ဆိုင်းပြီး ကန့်ကွက်မည့်သူ မရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည်။

လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်ပါသည်။

 

[Zawgyi]

ကြၽန္ေတာ္အေမသည္ 2008 ခုႏွစ္ကေျမကြက္တစ္ကြက္ဝယ္ခဲ့ပါသည္။ထိုေျမ၏တန္ဖိုးမွာ 120 ျဖစ္ၿပီးစလစ္ျဖင့္အရပ္ေခၚစာခ်ဳပ္ခ်ဳပ္႐်္ဝယ္ခဲ့ပါသည္။ ထိုေျမကိုယခုအခါ အမည္ေဖာက္ ဂရံေဖာက္မည္ဆိုပါကမည္မွ်ကုန္က်ႏိုင္ပါသနည္း။ ထိုေျမ၏ယခုအခါတန္ဖိုးမွာသိန္း 2600 ျဖစ္သည့္အတြက္ မည္မွ်က်သင္ႏိုင္ပါသနည္း။

စလစ္ေျမကို ဂရန္ေျမအျဖစ္ေျပာင္းခ်င္ရင္ မူလစလစ္ခ်ထားေပးတဲ့လူက လက္မွတ္ထိုးေပးရမယ္။ ပိုင္ရွင္ ဘယ္ႏွစ္ေယာက္ပဲ ေျပာင္းသြားပါေစ ေနာက္ဆံုး ဝယ္တဲ့သူက အေရာင္းအဝယ္စာခ်ဳပ္ အဆင့္ဆင့္ကို ေတာင္းထားရမယ္။ မူလ စလစ္ ပိုင္ရွင္ေတြကလည္း သူတို႔ေရာင္း လိုက္တုန္းက ရတဲ့ ေစ်းနဲ႔ အခုေစ်းက အရမ္းကြာေနေတာ့ အလြယ္တကူ လက္မွတ္ မထိုးခ်င္ၾကဘူး။

ဒီေတာ့ ေနာက္ဆံုးဝယ္တဲ့သူက ဂရန္ေျပာင္းခ်င္ေတာ့ ေငြေၾကးႏႈန္းထား ညိႇၿပီး လက္မွတ္ ထိုးခိုင္းလာၾကတယ္။

မူလပိုင္ရွင္မ်ားႏွင့္ လံုးဝ ဆက္သြယ္မရသည့္ ေျမကြက္မ်ားအေနျဖင့္ သက္ဆိုင္ရာ စည္ပင္သာယာ ေရးေကာ္မတီ ႐ံုးမ်ားသို႔ သြားေရာက္ေလွ်ာက္ထားႏိုင္ ကာ သတင္းစာမ်ားထဲတြင္ ကန္႔ကြက္ႏိုင္ သည့္ ေၾကာ္ျငာ မ်ားထည့္သြင္း၍ လုပ္ထံုးလုပ္နည္းမ်ားအရ ႏွစ္ပတ္ေစာင့္ဆိုင္းၿပီး ကန္႔ကြက္မည့္သူ မရွိပါက ေျမအမည္ေပါက္ ေလွ်ာက္ထားႏိုင္သည္။

လက္ေရာက္ ပုိင္ဆုိင္သူ ေျမကြက္ပိုင္ရွင္မ်ားအေနျဖင့္ တရားဥပေဒ ေၾကာင္းအရ စလစ္ေျမကို ဂရန္ေျမအျဖစ္ေျပာင္းလဲေရးအတြက္ မူလပိုင္ရွင္ကိုရွာေဖြရန္ မျဖစ္မေနလိုအပ္ပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အျခား အိမ္ၿခံေျမ အေမးအေျဖမ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)