509 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျာကျွန်တော်နှင့်ဇနီးဖြင့်သူကထိုင်းနိင်ငံအတွင်း၂၀၀၃ခုနစ်မှာပေါင်းသင်းပြီးနေလာခဲ့ရာသားတစ်ယောက်ထွန်းကားခဲ့ပါတယ်အလုပ်လုပ်ပြီးရှာဖွေမိသောငွေကြေးဖြင့်အိမ်မြေဝယ်ထားရန်အကြံရမိသောကြောင့်ရှာထားသမျှငွေကြေးဖြင့် ဇာတိမော်လမြိုင်မှာမြေ ၂ ကွက် ၃ ကွက်ဝယ်ထားရန်မအားလပ်သဖြင့်ကျွန်တော်မဆင်းလိုက်လာမိဘဲဇနီးသည်အားကလေးနှင့်အတူငွေများပါထည့်ပေးလိုက်မိပါတယ် ကျွန်တော်တွေးထားသလိုသီးခြားမြေကွက်များမဝယ်ဘဲသူ့အဘိုးနာမည်ပေါက်သောမြေကွက်ကိုသူ့အဘိုးဆုံးသွားသဖြင့်ထိုစဉ်အချိန်ကအဘိုး၏ဇနီးအဘွားသည်စာမတက်၍လက်ဗွေနှိပ်ပြီးကျန်ရှိသောသားသမီးအချို့ပါလက်မှတ်ထိုးပြီးကျွန်တော်၏အမျိုးသမီးသည်ကျွန်တောမပါလာသဖြင့် ၂၀၀၈ ခုနစ်တွင်စတင်၍ဝယ်ခဲ့ပါသည်။သူမ၏နာမည်ဖြင့်အဝယ်စာချုပ်ကိုအဘွားထံမှဝယ်ခဲ့ပါသည်စာချုပ်ထဲတွင်သူမ၏အမေအားအသက်သေဆုံးသည့်အထိပေးနေရမည်ပါဝင်ပါသည်ကျွန်တော်လဲနောက်မှပြန်လုပ်ရမည်သိပါသည်သို့သော်အမျိုးသမီးသည်အဆုတ်ကင်စာဖြင့်ပြီးခဲ့သောသင်္ကြန်တွင်းဆုံးပါသွားပါသည်ကျွန်တော်လဲထူပူပြီးမိန်းမဝယ်ထားသည့်မြေကွက်အရိုင်းတစ်နေရာအားပေးပါသော်လည်းသူ့၏အမေသည်လက်ရှိအဘွားရောင်းခဲ့သောအိမ်အားသူ့အမွေဆိုင်အိမ်ဟုဆိုကာမဆင်းပေးပါသားကလည်းငယ်စဉ်ထဲကနေတော့ကျွန်တော်ဒီအိမ်ကိစ္စဘယ်လိုလုပ်ရမလဲခင်ဗျာပေးလိုက်သောမြေကွက်ရိုင်းတစ်ကွက်ကမိန်းမနာမည်ပါကျွန်တော်လက်မှတ်မထိုးထားပါအဘွားဆီကဝယ်တုန်းကအဘွားသားရှေ့နေကသူကိုယ်တိုင်စာချုပ်မှာလက်မှတ်ထိုးထားပါတယ်အဘွားကလက်ဗွေနှိပ်ပေးထားပါတယ်အဘွားရောင်းထားတာအမွေပေးရဦးမလားဖြေပေးပါ ခင်ဗျာ။

မေးသူ - ဦးအောင်ခိုင်ဦး
ဦးအောင်ခိုင်ဦးအမျိုးသမီးရဲ့ အဘိုးအမည်ပေါက်ပိုင်ဆိုင်သည့် မြေကွက်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ လင်(သို့မဟုတ်) မယားကွယ်လွန်က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း (အိမ်မြေ) ကျန်ရစ်က ကျန်ရစ်သူဇနီး (သို့မဟုတ်) ခင်ပွန်းသည် အမွေဆက်ခံပိုင်ဆိုင်သူဖြစ်သည့်အတွက် ဆက်ခံပိုင်ဆိုင်သူသည် အဘွား ဖြစ်ပါတယ်။ ထို့ကြောင့် အဘိုးအမည်ပေါက်မြေကွက်အား အဘွားဖြစ်သူမှ တရားဝင်ပိုင်ဆိုင်ရောင်းချခွင့် ရှိပါတယ်။ အဘွားဖြစ်သူ သက်ရှိထင်ရှားရှိနေစဉ်အချိန်တွင် ၎င်းပိုင်ဆိုင်သည့် မြေကွက်အား ၎င်း၏သားသမီးများ ခွင့်ပြုချက် ရယူရန် မလိုဘဲ တရားဝင်ရောင်းချခွင့်ရှိပါတယ်။ ယခုအရောင်းအ၀ယ်စာချုပ်တွင် သားသမီးအချို့လည်း လက်မှတ်ထိုးထားသည့်အတွက် ပိုမိုခိုင်လုံပါတယ်။ အရောင်းအ၀ယ်စာချုပ်တွင် ၀ယ်ယူသူသည် ဦးအောင်ခိုင်ဦး၏ အမျိုးသမီး အမည်ဖြင့် ၀ယ်ယူထားတာဖြစ်သည့်အတွက် ယခုအမျိုးသမီးဆုံးပါးသွားချိန်တွင် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံ ပိုင်ဆိုင်သူသည် ဦးအောင်ခိုင်ဦးဖြစ်ပါတယ်။
နောက်တစ်ချက်ဖြစ်တဲ့ စာချုပ်တွင် အမျိုးသမီး၏မိခင်အား အသက်သေဆုံးသည်အထိ ပေးနေရမည်လို့ ထည့်သွင်းချုပ်ဆိုထားသည့်အတွက်တော့ အမျိုးသမီး၏မိခင်ကို နေထိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ သို့သော် ဦးအောင်ခိုင်ဦးမှ မြေကွက်ကို လွှဲပြောင်းရောင်းချမယ်ဆိုလျှင် အမျိုးသမီး၏မိခင်မှ ၀င်ရောက် ဟန့်တားပိုင်ခွင့် မရှိပါဘူး။ အမျိုးသမီး၏မိခင်နေထိုင်ရန်အတွက် နေရာထိုင်ခင်းတစ်ခုစီစဉ်ပေးလိုက်လျှင် အဆင်ပြေပါတယ်။ အခြားတောင်းဆိုပိုင်ခွင့်မရှိပါဘူး။ အမျိုးသမီး၏မိခင်ပြောသလို ၎င်း၏အမွေဆိုင်အိမ်ဆိုတာ မဟုတ်ပါဘူး။ အမျိုးသမီး၏မိခင်ကို နားလည်အောင်ပြောပြကြည့်ပါ။ ညှိနှိုင်းဆောင်ရွက်လို့မရလျှင် သက်ဆိုင်ရာနယ်မြေမှ ရှေ့နေဖြင့်တိုင်ပင်ပြီး နို့တစ်စာပေးပါ။ ထိုသို့မှ အဆင်မပြေလျှင် အမျိုးသမီးက မြေကွက်ဝယ်ယူစဉ်က အရပ်ကတိအရောင်းအ၀ယ်စာချုပ်ဖြင့်သာ ၀ယ်ယူထားမည်ထင်ပါတယ်။ အရပ်ကတိစာချုပ်နဲ့ဆိုရင် မြေကွက်ကို အမည်ပေါက်ပြောင်းလဲခြင်း ဆောင်ရွက်လို့ မရပါဘူး။ ထို့ကြောင့် ဦးအောင်ခိုင်ဦးအမည်ပေါက်ရရှိရေးအတွက် မြေကွက်တည်ရှိရာ သက်ဆိုင်ရာနယ်မြေတရားရုံး သို့ မြေကွက်နှင့်ပတ်သက်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများဖြင့် အရောင်းအ၀ယ်မှတ်ပုံတင် စာချုပ်ချုပ်ပေးစေလိုမှုနှင့် မိမိဝယ်ယူထားသည့်မြေအား လက်ရောက်ပြန်လည်ရလိုမှု စသည့် တရားမမှု (၂) မှုစွဲဆိုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သို့ပေမဲ့ တစ်ခုရှိတာက အရောင်းအ၀ယ်စာချုပ်ဖြင့် ၀ယ်ယူစဉ်အချိန်က ဦးအောင်ခိုင်ဦးကိုယ်တိုင် ရှိမနေသည့်အတွက် တစ်ဖက်က အမျိုးသမီးမိသားစုက အရောင်းအ၀ယ်စာချုပ်သည် ဟန်ဆောင်စာချုပ်သာ ဖြစ်တယ်လို့ အငြင်းပွားလာနိုင်ပါတယ်။ ဦးအောင်ခိုင်ဦးဘက်မှ အမှန်တကယ်အရောင်းအ၀ယ်စာချုပ်ဖြစ်ကြောင်း သက်သေအထောက်အထားများတင်ပြရမှာဖြစ်ပါတယ်။ အထက်တွင် ဖော်ပြထားသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တရားစွဲရှေ့နေတစ်ဦးနှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါတယ်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)