1199 ကြိမ် ကြည့်ရှု့ပြီး

သာသနာပိုင်မြေကိုသာသနာပိုင်မြေ ဖြစ်ကြောင်းအထောက်အထားထုတ်ပေးပါသလား။ မည်သို့သောစာရွက်စာတမ်းကိုမည်သည့် ဝန်ကြီးဌာနမှ ထုတ်ပေးပါသလဲ။ သာသနာပိုင်မြေကို Company က ဝယ်ယူ၍ ရနိုင်ပါသလား။ (သို့) ငှားရမ်း၍ ရနိုင်ပါသလား။

မေးသူ - Morine
သာသနာပိုင်မြေကို ဥပဒေအရ အခွန်လွတ်သာသနာမြေဟု ခေါ်ဆိုပါတယ်။ အခွန်လွတ် သာသနာပိုင်မြေကို အထောက်အထားအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနှမှ ခွင့်ပြုမိန့်ဖြင့် အခွန်လွတ် သာသနာဂရန် ထုတ်ပေးခြင်းဖြစ်ပါသည်။
အခွန်လွတ်သာသနာမြေကို ဂေါပကအဖွဲ့ (သို့) သာသနာရေးအဖွဲ့အစည်း (သို့) ကျောင်းထိုင် ဆရာတော်ကြီးမှ စာဖြင့် ရေးသားလျှောက်ထားရပါမည်။ ရပ်ကွက်မှ တိုင်းဒေသကြီးအထိ အုပ်ချုပ်ရေး မှူးရုံးအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲ၍ တိုင်းဒေသကြီ်းဝန်ကြီးချုပ်ရုံး(သို့) အစိုးရအဖွဲ့ရုံး၏ ထောက်ခံချက်ကို တောင်းခံရပါတယ်။ ထို့ပြင် ရပ်ကွက်မှ တိုင်းဒေသကြီးအထိ သံဃနာယက အဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲ၍ သာသနာရေးဦးစီးဌာန၏ သဘောထား မှတ်ချက် တောင်းခံပြီး မှ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ပြည်ထဲရေးဝန်ကြီး ဌာနမှ ခွင့်ပြုမိန့်ဖြင့် အခွန်လွတ်သာသနဂရန်ထုတ်ပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အခွန်လွတ် သာသနာပိုင်မြေ ကို သာသနာတော်အတွက်သာ သုံးစွဲခွင့်ရှိပြီး ငှါးရမ်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်လို့ မရနိုင်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)