537 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့်လေးစားစွာဖြင့် မေးမြန်းလိုပါတယ်။ ရုံးခန်းဖွင့်ရန်အတွက်အိမ်တလုံးငှားခဲ့ပါတယ်။အိမ်ရှင်ကလက်ရှိအိမ်ကိုအရောင်းဆိုင်ထားတာကြာပါပီ။ရောင်းမထွက်သေးတာကြောင့်ကျမတို့ကိုဆက်ငှားပေးခဲ့တာ၃နှစ်ကျော်နေပါပြီ။ပုံမှန်စာချုပ်မှာတော့ စာချုပ်ပြည့်တဲ့အခါ ထပ်မငှားလိုရင် နှစ်ဦးနှစ်ဖက်မှ ၂ လ ကြိုတင်ပြီးအသိပေးရန်သဘောတူခဲ့ပါတယ်။ စာချုပ်ကတော့အသစ်ထပ်ချုပ်ထားတာတစ်လကျော်ပဲရှိပါသေးတယ်။ ခုချိန်မှာအိမ်ကအရောင်းထွက်သွားတာကြောင့် ကျမတို့ကိုထွက်စေလိုပါတယ်။၃လအချိန်ပေးပီးချေထားပီးသားကိုလနဲ့တွက်ပီးပြန်အမ်းပေးမယ်ပြောပါတယ်။ကျမတို့ဘက်ကလည်း စာချုပ်ပြည့်တဲ့အထိတော့နေချင်ပါတယ်။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုကျေးဇူးပြုပီးဖြေကြားပေးစေလိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်။

မေးသူ - နိုးနိုး
အင်း နိုးနိုးရဲ့ ​မေးခွန်းက တစ်​​ယောက်​ကသာရင်​ တစ်​​ယောက်​က​တော့ နစ်​နာမယ့်​သ​ဘော​ပေါ့​နော်​။ (၃)နှစ်​​ကျော်​ငှါးခဲ့တာ ပုံမှန်​ချုပ်​ဆိုမြဲ ချုပ်​ဆိုခဲ့တဲ့ စာချုပ်​​တွေအရ စာချုပ်​သက်​တမ်းပြည့်​လို့ ထပ်​မငှါးလိုရင်​ နှစ်​ဦးနှစ်​ဘက်​က (၂)လကြိုတင်​ အသိ​ပေးရန်​ သ​ဘောတူခဲ့တဲ့အတွက်​ စာချုပ်​သက်​တမ်းပြည့်​တဲ့အထိ ​နေခွင့်​ရှိပါတယ်​။ အဲဒီစာချုပ်​အရ စာချုပ်​သက်​တမ်းပြည့်​ရင်တော့ ဖယ်​​ပေးရမှာ​ပေါ့။ ဒါက​တော့ အိမ်​ရှင်​အိမ်​ငှါး သ​ဘောတူညီချက်​အရ ပဋိညာဉ်​ရှိတဲ့အတိုင်း ​​​​ပြောပြတာ​နော်​။ ဒါ​ပေမဲ့ အိမ်​ရှင်​ဘက်​က(၃)လ အချိန်​​ပေးထားပြီး အိမ်​လခ​ပေး​ချေထားတဲ့ ​ငွေအားလုံးပြန်​မ​ပေးဘဲ နိုးနိုးတို့​နေခဲ့တဲ့လကို နှုတ်​ပယ်​ပြီး ကျန်​တဲ့လအတွက်​ဘဲ​ပေးပြီး ဖယ်​ရှား​ပေးခိုင်းတယ်​ဆိုတာက​တော့ နည်းလမ်းမကျ​သေးဘူး​လေ။ တကယ်​​တော့ အိမ်​ရှင်​အိမ်​ငှါး နှစ်​ဦးသ​ဘောတူ ပဋိညာဉ်​အရ လမပြည့်​ခင်​ ဖယ်​ခိုင်းခဲ့ရင်​ နိုးနိုးတို့​ပေးထားတဲ့ အိမ်​လစာ​တွေ အကုန်​ပြန်​​တောင်းယူလို့ရတယ်​။ ဘာ​ကြောင့်​လဲဆို​တော့ ပဋိညာဉ်​ချိုး​ဖောက်​တာက အိမ်​ငှါးမဟုတ်​ဘူး​လေ။ အိမ်​ရှင်​ကိုယ်​တိုင်​ဘဲ။ အနစ်​နာခံရင်​ အိမ်​ရှင်​ကဘဲ အနစ်​နာခံရမယ်​။ အိမ်​ရှင်​ဘက်က ကတိပဋိညာဉ်​ချိုး​ဖောက်​တာ​လေ အိမ်​ရှင်​မှာတာဝန်​ရှိတာ​ပေါ့။ ဒါ​ကြောင့်တစ်​​ယောက်​နဲ့တစ်​​ယောက်​ မျက်​နှာမပျက်​ချင်​လို့ ဆင်း​ပေးရရင်​လည်း မိမိ​ပေးထားခဲ့တဲ့ အိမ်​လခအပြည်ကို ပြန်​လည်​ရသင့်​ပါတယ်​။ ဒီ​တော့အနှစ်​ချုပ်​​ပြောရရင်​ နိုးနိုး​မေးသလို စာချုပ်​ပြည့်​တဲ့အထိ ဆက်​​နေလို့ရတယ်​ တကယ်​လို့လူမှု​ရေးအရ မိမိဘက်​က ဆင်း​ပေးခဲ့ရင်​လည်း အိမ်​ငှါးခ​တွေ အားလုံးရ​အောင်​ပြန်​​တောင်းပါလို့ အကြံပြု​ဆွေး​နွေးလိုက်​ပါတယ်​။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)