666 ကြိမ် ကြည့်ရှု့ပြီး

ပါမစ်တော့မကျသေးဘူး ဒါပေမဲ့ အိမ်အမှတ်တော့ကျထားပြီးသား ခြံကွက်က ဝယ်ရမှာသေချာပါသလားသိချင်လို့ပါခင်ဗျာ ။

မေးသူ - ကိုလှိုင်​မျိုးထွန်း
မြေချပါမစ်​ ထွက်​မလာ​သေးရင်​ မ၀ယ်​သင့်​ပါဘူး။ အိမ်​အမှတ်​ဆိုတာ (၂)မျိုးရှိပါတယ်​။ ​မြေကွက်​နံပါတ်​ကို အိမ်​အမှတ်​အဖြစ်​ သတ်​မှတ်​​ပေးမှာလား ။ ဒါမှမဟုတ်​ ​မြေကွက်​နံပါတ်​ကို မသုံးဘဲနဲ့ လမ်းအလိုက်​ အိမ်​အမှတ်​ ၁, ၂, ၃, ၄, ၅ စသဖြင့်​ သတ်​မှတ်​တာလား ဆိုတာ ခွဲခြားသိဖို့ လိုပါတယ်​။ အခု "ကိုလှိုင်​မျိုးထွန်း " အိမ်​အမှတ်​ဆိုတာ ​မြေကွက်​နံပါတ်​ကို ဆိုလိုတာလို့ ထင်​ပါတယ်​။ အဲ့ဒီလို ​မြေကွက်​ မျိုး ဆိုရင်​​တော့ "စလစ်​​မြေ"အဆင့်​လို့ သတ်​မှတ်​ပါတယ်​။
ဥပမာ။ ။ ၅၅ရပ်​ကွက်​၊ ​မြေကွက်​အမှတ်​ ၁၅၀၀၊ ရရှိသူအမည်​ ​"မောင်​​ကောင်း​ဖေ"ဆိုပြီး စလစ်​စာရွက်​​လေးမှာ ​ရေး​ပေးလိုက်​တာပါ။ အဲ့ဒီစာရွက်​​ပေါ်မှာ​တော့ သက်​ဆိုင်​ရာ မြို့ပြနှင့်​အိမ်​ရာဖွံ့ဖြိုး​ရေး ဦးစီးဋ္ဌာနနဲ့ မြို့နယ်​/​ကျေးရွာအုပ်​စု လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​ စာရင်းအင်းဦးစီးဋ္ဌာန တို့ရဲ့ အ၀ိုင်းစည်းတံဆိပ်​နဲ့ပါမယ်​။ ပြီး​တော့ တာဝန်​ခံအရာရှိ /ပုဂ္ဂိုလ်​တစ်​ဦးဦးရဲ့ ရာထူးတံဆိပ်​နဲ့ လက်​မှတ်​ တို့ ပါရှိပါမယ်​။ .......အဲ့ဒါဆိုရင်​​တော့ စလစ်​ အဆင့်​​ပေါ့။ အဲ့ဒီ စလစ်​စာရွက်​အဆင့်​က​နေ ဓာတ်​ပုံ ​မြေချပါမစ်​ ဖြစ်​​အောင်​ အဲ့ဒီဋ္ဌာန​တွေမှာဘဲ ဆက်​လက်​လုပ်​ကိုင်​ရပါတယ်​။ စလစ်​စာရွက်​ အမည်​​ပေါက်​သူ ကိုယ်​တိုင်​ လိုက်​ပါ​ဆောင်​ရွက်​မှ ​မြေချပါမစ်​ ဆိုတာ ရလာတာပါ။ အဲ့ဒီလို ဓာတ်​ပုံပါမစ်​ ဖြစ်​လာမှသာ ၀ယ်​ယူတာ အ​ကောင်းဆုံးပါလို့ အကြံ​ပေးလိုက်​ပါတယ်​။ အဆင်​​ပြေပါ​စေ......
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)