4148 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်သည် 15X60 မြေတစ်ကွက်အား ၀ယ်ယူခဲ့ရာတွင် ငွေအကြေချေပြီးမှ မြေအားတိုင်းမိရာ ပေမပြည့်ဘဲ 14X60 ဖြစ်နေပါသည်။။ရောင်းချသောသူမှငွေပြန်မအမ်းပါခင်ဗျား... .ပေတိုးခတ်ရန်လည်း ဘေးတွင် ရောင်းသူအမေ၏ တိုက်မှာ ဆောက်ထားရာ ထပ်တိုးမရဖြစ်နေပါသည်။ကျွန်တော်မည်သို့ လုပ်သင့်ပါသလဲခင်ဗျား....နောင်တစ်ချိန် အိမ်ဆောက်လျှင်မည်သို့ ပြသနာများဖြစ်လာနိုင်ပါသလဲခင်ဗျား....ကျေးဇူးပြု ဖြေကြားပေးပါခင်ဗျား............လေးစားစွာဖြင့်...

မေးသူ - ကိုသက်လင်းနိုင်
‘ ကိုသက်လင်းနိုင် ' ရဲ့ အဖြစ်က ၊ ‘ သတိမမူတော့ ဂူမမြင် ၊ သတိမူမှ မြူစင်၍ဂူမြင်တယ် ‘ ဆိုတာမျိုးဖြစ်သွားတာပေါ့ ' ကိုသက်လင်းနိုင် လိုဘဲ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အခါမှာ ဝယ်သူတော်တော်များများက မြေတိုင်းပြီးဝယ်ရမဲ့ အချက်ကိုမေ့နေတတ်ကြပါတယ် ။ရောင်းသူထံမှ မြေကွက်နဲ့ ဆက်စပ်တဲ့ စာရွတ်စာတမ်းများပြည့်ပြည့်စုံစုံမှန်ကန်ရေးနဲ့ ဝယ်ယူတဲ့ စာချုပ်ဟာ ခိုင်ခိုင်မာမာ ဖြစ်ဖို့ကိုသာ အလေးထားဆောင်ရွတ်ကြတာများပါတယ်။
အခုလည်း အများနည်းတူ ကိုသက်လင်းနိုင်လည်း မေ့သွားပုံရပါတယ် ။ ရောင်းတဲ့မြေအတိုင်းအတာ (15’x60’) ပြည့်ရဲ့လား၊ မှန်ကန်ရဲ့လား လို့လည်း မမေးမိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရောင်းသူကလည်း စာချုပ်ပေါ်မှာ အပြည့်ရေးပြီး ရောင်းလိုက်တာပေါ့ ။ရောင်းသူဘက်ကတော့ နှစ်ဦးသဘောတူစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီးသွားရင်တော့ ငြင်းမှာပဲ ၊ ပေအပြည့်ရောင်းလိုက်တာလို့ပြောမှာပဲ ‘ ဥစ္စာရင်လိုဥစ္စာရင်ခဲ ‘ ဆိုသလို မြေတိုင်းကြည့်ဖို့က ဝယ်သူတိုင်းရဲ့တာဝန်ပါ ။ အခုတော့ ကိုသက်လင်းနိုင်အတွက် အခက်တွေ့နေရလို့ မောင်ကောင်းဖေဆီမှာ အကြံညဏ်တောင်းတာထင်တယ် ။ဒီအချိန်မှာတော့ အုပ်ချုပ်ရေးမှူးရုံးတိုင်လည်း ရောင်းသူကလိုက်နာမှာမဟုတ်ဘူး ၊ ထို့အတူပဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲးမှုဌာနမှာ မြေတိုင်းပေးဖို့လျှောက်မယ်ဆိုတော့လည်း ၊ ကိုသက်နိုင်ရဲ့ မြေက စည်ပင်မြေ ၊ ဘိုးဘွားပိုင်မြေ တို့ဖြစ်မှသာ ဂရန်မူရင်းနဲ့ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်တို့ပြပြီး လျှောက်မှ အဆင်ပြေတာ ၊ အရပ်ကတိအရောင်းအဝယ်စာချုပ်ပြပြီး မြေတိုင်းလျှောက်လို့မရဘူးလေ ။ ဒီတော့ ‘ နှစ်ဦးသဘောတူ မြေကွက်အရောင်းအဝယ်ကတိစာချုပ် ' ပါ အတိုင်း (15’x60’) ပြည့်သည့်အထိ တရားဝင်မြေတိုင်း၍ လက်ရောက်ပေးအပ်စေလိုမှုနဲ့ တရားစွဲရတော့မှာပါ။ ဒါပေမဲ့ တန်ဖိုးထက်လက်ခကြီးတဲ့ ဒဏ်မခံနိုင်ရင်တော့ ရသလောက်နဲ့ တင်းတိမ်ရတော့မှာပေါ့ “ ဘယ်သူမပြု မိမိမှု “ ပဲလေ ။နောင်တစ်ချိန် အိမ်ဆောက်လျင်တော့ နှစ်ထပ်ခွဲလောက်အထိ ကို အရပ်ကတိ အရောင်းအဝယ် စာချုပ်နဲ့ အိမ်ဆောက်ခွင့်ရှိပါတယ်။ ကိုယ်ဝယ်ထားတဲ့ လက်ရှိမြေအကျယ်ပေါ်မှာဘဲ အိမ်ဆောက်ရန် မြို့နယ်စည်ပင်မှာ တင်ပြပြီး ခွင့်ပြုချက်အတိုင်း ဆောက်လို့ရပါတယ် ။အိမ်တော့ကျဉ်းသွားမှာပေါ့ ။ ဘာပြဿနာမှ မရှိနိုင်ပါဘူး ။အဲ…. တစ်ခုတော့မှာလိုက်ပါရစေ ၊ အိမ်ဆောက်ပြီးဆိုရင် အိမ်ခေါင်းရင်း/ခြေရင်း အိမ်တွေနဲ့တော့ အခုဒီစာဖတ်ရတဲ့ အချိန်ကစပြီး တည့်အောင်ပေါင်းထားပါလို့ မှာကြားလိုက်ပါရစေ ။ “ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာထားနိုင်ကြပါစေ "
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)