ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာမြေဥပဒေပုဒ်မ ၄၂။ပုဒ်မခွဲ (က) အရအပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
အခန်း (၁)
အမည်နှင့်အဓိပ္ပယ်ဖွင့်ဆိုချက်များ
၁။ ဤနည်းဥပဒေများကို လယ်ယာမြေနည်းဥပဒေ များဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် လယ်ယာမြေဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်........