Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
8279 ကြိမ် ကြည့်ရှု့ ပြီး

Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင်

Times City Yadanar Mall ကို ကျွန်းတောလမ်း(နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြား)ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆင့်မြင့်
ကွန်ဒိုများ၊Office Towerများ၊Commercial များ၊ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်များကို တည်ဆောက်သွားမည့် အဆင့်မြင့်စီမံကိန်းဖြစ်သည်။

အဆင့်မြင့် ကွန်ဒိုအောက်တွင် အလွှာ(၅)လွှာ၊အခန်းပေါင်း (၈၅၀)ပါဝင်သော Yatanar Mall တစ်ခုပါရှိမည်ဖြစ်ပြီး၊Yatanar Mall တွင်ဖွဲ့စည်းပါဝင်မည့် ဆိုင်ခန်းများမှာ ရွှေထည်နှင့် ကျောက်မျက်ရတနာဆိုင်၊ရှေးဟောင်းပစ္စည်းဆိုင်၊မြန်မာ့ပိုးထည်ဆိုင်၊စားသောက် ဆိုင်ခန်းများ အစရှိသည်တို့ဖြစ်ပါသည်။

(၁)လွှာမှ (၃)လွှာအထိတွင် ကျေက်စိမ်း၊ နီလာ၊မြ၊ပုလဲ၊ ပတ္တမြား၊ အင်ကျင်း
ကျောက်စသည့် ကျောက်မျက်ရတနာဆိုင်များနှင့် စိန်ထည်ဆိုင်များ
ပါရှိပါမည်။(၄)လွှာတွင် ရွှေဆိုင်များနှင့် International Gold Stock Share Market ပါရှိပါသည်။(၅)လွှာတွင် မြန်မာ့ယဉ်ကျေးမှု့ဖြစ်သော ပိုးထည်ဆိုင်၊
ပန်းချီ၊ပန်းပု၊ယွန်းထည်ဆိုင်၊ရိုးရာပစ္စည်းအရောင်းပြခန်း၊ကျောက်မျက်
ရတနာစမ်းသပ်စစ်ဆေးခန်းနှင့် ငှက်သိုက်ဆိုင်များပါပြီး၊မြေညီထပ်တွင် ဘဏ်တစ်ခုလည်းပါရှိမည်ဖြစ်သည်။

အလွှာ(၂၆)လွှာ၊ အခန်းပေါင်း (၅၀၀)ပါဝင်သော Five Star Hotelတွင် လူဦးရေ (၂၀၀၀)ခန့်ဆံ့သော မင်္ဂလာခန်းမ ၊အစည်းအဝေးခန်းမ အဆင့်မြင့်
စားသောက်ဆိုင်များ၊Gym နှင့် Swimming Pool များပါရှိမည်ဖြစ်ပါသည်။
Office Tower တွင်လည်း အလွှာ(၂၃)လွှာ ပါဝင်မည်ဖြစ်ပြီး ကုမ္ပဏီရုံးခန်းများ
ဖွင့်လှစ်နိုင်သော အခန်းပေါင်း (၄၀၀) ပါဝင်မည်ဖြစ်သည်။

Office Tower အောက်တွင် အလွှာ (၅)လွှာရှိသော Luxury Shopping Mall (၁) ခု ပါရှိပြီး၊ Five Star Luxury အဆင့်မြင့် ကွန်ဒိုနှစ်လုံးတွင်လည်း
အလွှာ (၂၇)လွှာနှင့် အခန်းပေါင်း (၂၅၀) ပါဝင်မည်ဖြစ်သည်။၎င်းအဆင့်မြင့်
ကွန်ဒိုတွင် Gym၊Swimming Pool၊Five Star Hotel များကဲ့သို့Lobby
ပါရှိပါမည်။Shophouse အလုံးပေါင်း (၄၀)ကျော်ပါဝင်ပြီး၊Project တစ်ခုလုံး
အနေဖြင့် ကားပါကင် အစီး(၂၀၀၀)ဆံ့အထိပါဝင်မည်ဖြစ်ကြောင်းသိရပါသည်။

Times City Yadanar Mall Sale Gallery
အမှတ်(၈)ရပ်ကွက်၊ကျွန်းတောလမ်း (နာနတ်တောလမ်းနှင့်ဟံသာဝတီလမ်းကြား)၊ကမာရွတ်မြို့နယ်။
၀၉-၄၀၁၅၃၈၀၀၀၊၀၉-၂၅၉၂၈၈၈၈၃၊၀၉-၂၅၉၂၈၈၈၈၅၊၀၉-၅၀၄၅၇၇၇

Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com
Times City Yadanar Mall ၏ အခန်းဖွဲ့စည်းမှု့ပုံစံ ဗွီဒီယိုဖိုင် - Property Guide from iMyanmarHouse.com

အခြား အိမ်ခြံမြေမိတ်ဆက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App