983 ကြိမ် ကြည့်ရှု့ ပြီး
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ 20% အထိ သက်သာခွင့်ရရှိမည့် ပြင်ဦးလွင်ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၇) နှင့် (၁၈) ရက်နေ့များတွင် မနက် (၁၀) နာရီမှ ညနေ (၅)နာရီအထိ ၊78 လမ်း ၊ 37 x 38 လမ်းကြား ၊ မန္တလေးမြို့ရှိ Hotel Mandalay (နှင်းဆီဖြူခန်းမ - မြေညီထပ်) တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
ပြပွဲ ရက်အတွင်း ပထမဆုံးဝယ်သူ (၁၀) ဦးအတွက် အများဆုံး 20% အထိသက်သာခွင့် ၊ အတိုးမဲ့အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်ခဲ့သည့်အပြင် 100% bank transfer တို့ဖြင့်ငွေပေးချေနိုင်သည့်အခွင့်အရေးများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Royal Hill Resort သည် ပြင်ဦးလွင်မြို့ရှောင်လမ်းအနီး ကြီးကိုင်ရွာနှင့် အင်းထိပ်ဦးရွာတို့ကိုဆက်သွယ်ထားသော လမ်းပေါ်တွင် တည်ရှိသည်။
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
Phase 1
ကျယ်ဝန်းသော မြေအကျယ်နှင့် လုံးချင်းအိမ်များ တည်ဆောက်ပေးမည်ဖြစ်သည်။ အိမ်ရာတစ်ခုလုံး၏ ၄၆% ကို လမ်းများ၊ အများပြည်သူအပန်းဖြေရာနေရာများ၊ ပလက်ဖောင်းများအဖြစ်အသုံးပြုထားပြီး ၅၄% ကိုသာအိမ်ရာစီမံကိန်းအဖြစ်ဖော်ဆောင်ပေးထားသည်။ စီမံကိန်းအဝင်ဝတွင် ခမ်းနားလှပသောအဝင်မုဒ်ဦး ၊ ပြင်ဦးလွင်ပြယုဂ်တစ်ခုဖြစ်သောနာရီစင် ၊ အဝိုင်းပတ်လမ်းများ ၊ ပန်းခြံ၊ အပန်းဖြေဧရိယာများနှင့် (ပေ ၃၀) ၊ (ပေ ၂၀) ကျယ်ဝန်းသည့် ကွန်ကရစ်လမ်းများခင်းပေးမည်ဖြစ်သည်။ Club House တွင် ရေကူးရင်းခံစားလို့ရသော Infinity View ရှုမြင်ကွင်း ၊ ရေကူးကန် ၊ အပန်းဖြေအနားယူရင်း စာပေနှစ်သက်သူများအတွက် စာကြည့်တိုက် ၊ အစားအသောက်နှစ်သက်သူများအတွက် Restaurant ၊ ပြင်ပဧည့်သည် လူကြီးမင်းများ လာရောက်တည်းခိုနိုင်ရန်ဘန်ဂလိုများ စသည်တို့ပါဝင်မည်ဖြစ်သည်။ မွေးနေ့ပွဲ ၊ ညစာစားပွဲ ၊ ဧည့်ခံပွဲ ၊ မိတ်ဆုံစားပွဲနှင့် အခမ်းအနားပွဲမျိုးစုံ ကျင်းပနိုင်မည့် Multi-functional Space လည်းပါရှိသည်။ အိမ်ရာအတွင်း Under Ground System လျှပ်စစ်မီးဖြန့်ဝေမှုစနစ် ၊ စနစ်ကျကောင်းမွန်တဲ့ Drainage System ၊ ပလက်ဖောင်းများ ၊ အရိပ်ရအပင်များကို စနစ်တကျ မြေနေရာသတ်မှတ်ထားပြီး အိမ်ရာနေထိုင်သူများ သက်တောင့်သက်သာရှိစေရန် အလေးထားတည်ဆောက်ထားသည်။ အိမ်ရာပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးအနေဖြင့်ရေ ၊ မီး၊ မိလ္လာဝန်ဆောင်မှုများ ၊ လုံခြုံရေးနှင့် အခြားဝန်ဆောင်မှုများကို စီမံဆောင်ရွက်ပေးမည်ဖြစ်သည်။ အပန်းဖြေရန် Second Home အနေနှင့် ဝယ်ထားပြီး လူကြီးမင်းတို့ မနေသည့်အချိန်တွင် ပြန်လည်ငှားရမ်းလိုပါက အတတ်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။Investment တစ်ခုအနေနဲ့ မြှုပ်နှံပြီးပြန်လည်ရောင်းချလိုသူများအတွက်လည်း ဒေသန္တရပေါက်ဈေးအတိုင်းကျွမ်းကျင်လှသည့် အိမ်ခြံမြေအကျိုတော်ဆောင်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးမည်ဖြစ်သည်။
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
Phase 2
(40 x 65) ပေ အကျယ်ရှိ မြေကွက်များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူသူ ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည်ဖြစ်သည်။ Infrastructure များအနေဖြင့် ကွန်ကရစ်လမ်းခင်းပေးခြင်းနှင့် phase 1 တွင်ပေးမည့် services များအားလုံး အသုံးပြုနိုင်မည်ဖြစ်သည်။ Catalog စာအုပ်တွင်ပါသည့် project 2 (ဆည် ၊ trekking ၊ swimming pool ၊စာကြည့်တိုက် ) သုံးစွဲလည်ပတ်ခွင့်ရမည်ဖြစ်သည်။
phase 2 တစ်ခုလုံးကိုလည်း သီးသန့် ကာရံပိုင်းခြားထားပေးမည်ဖြစ်ပြီး မြေကွက်တစ်ကွက်ချင်းစီကို (၆)ပေ ခြံစည်းရိုး အုတ်တံတိုင်းခတ်ပေးခြင်း ၊ အိမ်ရှေ့သို့ ရေ ၊ လျှပ်စစ်မီး အရောက်သွယ်တန်းပေးမည်ဖြစ်သည်။ ပြင်ဦးလွင်မြို့ရှိ နောက်ထပ်ပြန်မရနိုင်တော့မည့် အလွန်လှပသောရှုခင်းမျာ:နှင့် Facilities များကို စီမံကိန်းအတွင်းတွင် ခံစားရရှိနိုင်မည်ဖြစ်သည်။
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
 “ ဒီ Royal Hill Resort  စီမံကိန်းကြီးကို Shwe Nann Htike Hotel & amp; Shwe Nann Htike Construction ၊ B3B Car Showroom & Top Furniture ၊ Top Sun Flower Seed & Top Demson ၊ Shwe Htike Tan Hotel & Shwe Htike Tan Restaurant ၊ Super Preserved Fruits & Sweet Jam ၊ English Housen စတဲ့ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး လူသိများထင်ရှားတဲ့ May Myo Development Group Co.,Ltd (MDG) က အကောင်အထည်ဖော် တည်ဆောက်ထားတာပါ။ ဝယ်ယူသူတွေအနေနဲ့လည်း ဝယ်ယူသူဂရန်အမည်ပေါက် ‌‌လျှောက်ထားနိုင်ပါတယ်။ ရေမြေတောတောင်သဘာဝအလှတရားတွေ၊ မြို့ပြရဲ့အငွေ့အသက်တွေနဲ့ မလှမ်းမကမ်းမှာတည်ရှိပြီး ပြင်ဦးလွင်ရဲ့ အေးမြတဲ့ရာသီဥတုနဲ့ လေကောင်းလေသန့်ကိုလည်း ရရှိခံစားနိုင်မှာပါ။ ဒါကြောင့် အပန်းဖြေဖို့ Second Home အနေနဲ့ဖြစ်ဖြစ် ၊ Investment တစ်ခုအနေနဲ့ မြှုပ်နှံပြီးပြန်လည်ရောင်းဖို့ပဲ ဖြစ်ဖြစ် Royal Hill Resort  က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ ” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပခဲ့သည့် ပြင်ဦးလွင်မြို့ရှိ Royal Hill Resort အိမ်ရာအရောင်းပြပွဲ
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
Phase 1
Phase 2
iMyanmarHouse.com
အခြား အိမ်ခြံမြေ ပွဲစဉ်များ
အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App