Royal Hill Resort အိမ်ရာသည် ပြင်ဦးလွင်မြို့ရှောင်လမ်းအနီး ကြီးကိုင်ရွာနှင့် အင်းထိပ်ရွာတို့ကို ဆက်သွယ် ထားသောလမ်းပေါ်တွင် May Myo Development Group Co.,Ltd (MDG) မှ အကောင်အထည်ဖော် တည်ဆောက်နေသော အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။
- ဝယ်ယူသူဂရန်အမည်ပေါက်လျှောက်ထားနိုင်မည်။
- ရေမြေတောတောင်သဘာဝအလှတရားများ၊ မြို့ပြ၏အငွေ့အသက်များနှင့် မလှမ်းမကမ်းတွင်တည်ရှိပြီး ပြင်ဦးလွင်၏ အေးမြသော ရာသီဥတုနှင့် လေကောင်းလေသန့်များ ရရှိခံစားနိုင်မည်။
- ပြင်ဦးလွင်မြို့ရှိ နောက်ထပ် ပြန်မရနိုင်တော့မည့် အလွန်လှပသော ရှုခင်းမျာ:နှင့် Facilities များကို စီမံကိန်းအတွင်းတွင် ခံစားရရှိနိုင်မည်။
- အပန်းဖြေဖို့ Second Home အနေနဲ့ဖြစ်ဖြစ် ၊ Investment တစ်ခုအနေနဲ့ မြှုပ်နှံပြီးပြန်လည်ရောင်းဖို့ပဲ ဖြစ်ဖြစ် Royal Hill Resort က ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်သည်။
Phase 1
- ကျယ်ဝန်းသော မြေအကျယ်နှင့် လုံးချင်းအိမ်များ တည်ဆောက်ပေးမည်။
- အိမ်ရာတစ်ခုလုံး၏ ၄၆% ကို လမ်းများ၊ အများပြည်သူအပန်းဖြေရာနေရာများ၊ ပလက်ဖောင်းများအဖြစ်အသုံးပြုထားပြီး ၅၄% ကိုသာအိမ်ရာစီမံကိန်းအဖြစ် ဖော်ဆောင်ပေးထားသည်။
- စီမံကိန်းအဝင်ဝတွင် ခမ်းနားလှပသောအဝင်မုဒ်ဦး ၊ ပြင်ဦးလွင်ပြယုဂ်တစ်ခုဖြစ်သောနာရီစင် ၊ အဝိုင်းပတ်လမ်းများ ၊ ပန်းခြံ၊ အပန်းဖြေဧရိယာများနှင့် (ပေ ၃၀) ၊ (ပေ ၂၀) ကျယ်ဝန်းသည့် ကွန်ကရစ်လမ်းများ ခင်းပေးမည်။
- Club House တွင် ရေကူးရင်းခံစားလို့ရသော Infinity View ရှုမြင်ကွင်း ၊ ရေကူးကန် ၊ အပန်းဖြေအနားယူရင်း စာပေနှစ်သက်သူများအတွက် စာကြည့်တိုက် ၊ အစားအသောက်နှစ်သက်သူများအတွက် Restaurant ၊ ပြင်ပဧည့်သည် လူကြီးမင်းများ လာရောက် တည်းခိုနိုင်ရန် ဘန်ဂလိုများ စသည်တို့ပါဝင်မည်။
- မွေးနေ့ပွဲ ၊ ညစာစားပွဲ ၊ ဧည့်ခံပွဲ ၊ မိတ်ဆုံစားပွဲနှင့် အခမ်းအနားပွဲမျိုးစုံ ကျင်းပနိုင်မည့် Multi-functional Space လည်းပါရှိသည်။
- အိမ်ရာအတွင်း Under Ground System လျှပ်စစ်မီးဖြန့်ဝေမှုစနစ် ၊ စနစ်ကျကောင်းမွန်တဲ့ Drainage System ၊ ပလက်ဖောင်းများ ၊ အရိပ်ရအပင်များကို စနစ်တကျ မြေနေရာသတ်မှတ်ထားပြီး အိမ်ရာနေထိုင်သူများ သက်တောင့်သက်သာရှိစေရန် အလေးထားတည်ဆောက်ထားသည်။
- အိမ်ရာပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးအနေဖြင့် ရေ ၊ မီး၊ မိလ္လာဝန်ဆောင်မှုများ ၊ လုံခြုံရေးနှင့် အခြားဝန်ဆောင်မှုများကို စီမံဆောင်ရွက်ပေးမည်။
- အပန်းဖြေဖို့ Second Home အနေနဲ့ ဝယ်ထားပြီး လူကြီးမင်းတို့ မနေတဲ့အချိန်မှာ ပြန်လည်ငှားရမ်းလိုပါက အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးမည်။
- Investment တစ်ခုအနေနဲ့ မြှုပ်နှံပြီးပြန်လည်ရောင်းချလိုသူများအတွက်လည်း ဒေသန္တရပေါက်ဈေးအတိုင်း ကျွမ်းကျင်လှတဲ့ အိမ်ခြံမြေ အကျိုးတော်ဆောင်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးမည်။
- စီမံကိန်းကြီးတစ်ခုမှာ ရှယ်ယာဝင်ထားသလိုခံစားချက်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Royal Hill Resort မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။
Phase 2
- ဝယ်ယူသူ ဂရန်အမည်ပေါက် လျှောက်ထားနိုင်မည်။
- (40 x 65) ပေ အကျယ်ရှိ မြေကွက်များကို ဝယ်ယူနိုင်မည်။
- Infrastructure များအနေဖြင့် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ phase 1 တွင်ပေးမည့် services များအားလုံး အသုံးပြုနိုင်မည်၊ Catalog စာအုပ်တွင်ပါ project 2 (ဆည် ၊ trekking ၊ swimming pool ၊စာကြည့်တိုက် ) သုံးစွဲ လည်ပတ်ခွင့် ရပါမယ်။
- phase 2 တစ်ခုလုံးကိုလည်း သီးသန့် ကာရံ ပိုင်ခြားထားပေးပါမယ်။
- မြေကွက်တစ်ကွက်ချင်းစီကို (၆) ပေ ခြံစည်းရိုး အုတ်တံတိုင်းခတ်ပေးခြင်း ၊ အိမ်ရှေ့သို့ ရေ ၊ လျှပ်စစ်မီး အရောက် သွယ်တန်းပေးမည်။
Pyin Oo Lwin , Mandalay
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။