954 ကြိမ် ကြည့်ရှု့ ပြီး

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ

[Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com  (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မန္တလေးမြို့ရှိ N.T.L Construction  ၏ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲကို ၂၀၂၂ ခုနှစ် မတ်လ (၂၉) ရက် မှ ဇွန်လ (၅) ရက်နေ့ထိ၊ မနက် (၉)နာရီ မှ ညနေ (၅)နာရီ ၊ (၇၅) လမ်းနှင့် (၂၉) လမ်းထောင့် ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့ရှိ နှင်းဆီကွန်ဒိုတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ


နှင်းဆီကွန်ဒို

နှင်းဆီကွန်ဒိုသည် (၇၅) လမ်းနှင့် (၂၉) လမ်းထောင့် ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့တွင် တည်ရှိသည်။ ငလျင်ဒဏ်နှင့် လေပြင်းတိုက်သည့် ဒဏ်များကို ခံနိုင်ရည်ရှိသော Pile Foundation ဖြင့် တည်ဆောက်ထားပြီး တစ်ရာ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်သောကြောင့် အခန်းဝယ်ယူပြီးသည်နှင့်ချက်ချင်း အခန်းအပ်နှံပေးသည်။ နှင်းဆီကွန်ဒိုသည် (၁၂) ထပ် အဆောက်အဦးဖြစ်ပြီး စုစုပေါင်းအခန်းအရေအတွက် (၄၀) သာ ပါရှိသည်။ အခန်းအကျယ်အဝန်းအနေဖြင့် (၁၃၀၀)စတုရန်းပေ ကျယ်ဝန်းပြီး အခန်းတိုင်း အလင်းရောင်ရရှိ၍ လေဝင်လေထွက် ကောင်းမွန်သည်။အခန်းတိုင်းတွင် ဧည့်ခန်း ၊ အိပ်ခန်း (၃)ခန်း ၊ ထမင်းစားခန်း ၊ မီးဖိုခန်း ၊ ရေချိုးခန်း အားလုံးအခန်းဖွဲ့ထားပြီး ပါကေး ၊ ကြွေပြားခင်းထားပြီးဖြစ်သည်။ကွန်ဒိုတွင် နေထိုင်သူများ စိတ်အေးချမ်းသာမှု ရရှိစေရန် အားကစားခန်းမ ၊ ကားပါကင် ၊ ဓါတ်လှေကား ၊ မီးအမြဲရရှိစေရန် (၂၄)နာရီ မီးစက်နှင့် (၂၄) နာရီ လုံခြုံရေးတို့ ပါရှိသည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ

အနီးအနားတွင်လည်း မြနန်းစံကျော်နန်းတော် ၊ အထွေထွေဆေးရုံကြီး ၊ ဆေးတက္ကသိုလ် ၊ ဗထူးဘောလုံးကွင်း ၊ ဘူတာကြီး နှင့် Diamond Plaza တို့တည်ရှိနေသည်။ အိပ်ခန်းများဖွဲ့ထားပြီး အိမ်ခန်းကျယ်ဝန်းခြင်း ၊ အဆောက်အဦးတစ်ခုလုံးတွင်း အခန်းအရေအတွက် အနည်းငယ်သာပါဝင်ခြင်း ၊ မန္တလေးရှိ နာမည်ကြီး အထင်ကရနေရာအနီးတွင် တည်ရှိခြင်း စသည့်အားသာချက်များပိုင်ဆိုင်ထားသည့် ကွန်ဒိုဖြစ်သည်။ Diamond Plaza အနီး လမ်းမတန်းတွင်တည်ရှိသဖြင့် Location အထူးကောင်းမွန်ပြီး အခန်းအရေအတွက်အနည်းငယ်သာ ပါဝင်သောကြောင့် Privacy ရှိရှိနေထိုင်လိုသူများအတွက်
သင့်တော်သည့် အသစ်စက်စက်ကွန်ဒိုဖြစ်သည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ


Than Lwin Nadi Condominium

မြေညီထပ်တွင် Shopping Mall ပါဝင်ပြီး Roof Top တွင် Infinity Swimming Pool ပါရှိသောကြောင့်ကွန်ဒိုမှနေ၍ မန္တလေးမြို့၏အလှကို ခံစားနိုင်ပြီး Luxury Living Style ဖြင့် အသင့်နေထိုင်လိုသူများအတွက်ရွေးချယ်သင့်သော ကွန်ဒိုဖြစ်သည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ


Sky Villa Condominium

Mandalay မြို့၏အထင်ကရ ရေစစ်ကန်အနီးတွင် တည်ရှိပြီး Restaurant & Bar မှအစ Wedding Hall အဆုံး Facilities ပြည့်စုံစွာပါရှိသော ကွန်ဒိုဖြစ်သည်။ ပြပွဲရက်အတွင်း ပထမဆုံးဝယ်ယူသူ (၁၀) ဦးကိုလည်း 15% အထိ Discount ၊ အတိုးမဲ့ အရစ်ကျစနစ် ၊ Free Decoration နှင့် 100% Bank Transfer တို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ

“ဒီ Hnin Si CondoThan Lwin Nadi Condo နဲ့ Sky Villa Condo တို့ကမန္တလေးမြို့လယ်ခေါင်မှာ တည်ရှိနေတဲ့အတွက် မြို့ရဲ့အကောင်းဆုံးရှုခင်းတွေ ၊ လတ်ဆတ်တဲ့လေတွေကို ကွန်ဒိုမှာ နေရင်းနဲ့ကို ခံစားနိုင်မှာပါ။ နောက်ပြီး အခန်းတွေအားလုံးကလည်း အလင်းရောင်ရရှိပြီးလေဝင်လေထွက်ကောင်းမွန်ခြင်း ၊ ရေအလုံအလောက်ရရှိခြင်း ၊ သန့်ရှင်းမှု ၊ မီးအန္တရာယ်၊ လုံခြုံရေးစနစ် စတာတွေကို ထည့်သွင်းတည်ဆောက်ပေးထားတဲ့ အဆင့်မြင့်ကွန်ဒိုဖြစ်ပါတယ်။ Location အနေနဲ့ကြည့်မယ်ဆိုရင်လည်း အရမ်းကောင်းတဲ့ Condo တွေဖြစ်တဲ့ အပြင်ကို အတန်ဆုံးဈေနှုန်းတွေနဲ့ ရောင်းချပေးခဲ့ပါတယ်။ ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားသွားသည်။

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ

N.T.L Construction ၏ မန္တလေးမြို့ရှိ အသင့်ဆောက်ပြီး အဆင့်မြင့်ကွန်ဒိုများ အရောင်းပြပွဲ


iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

 

 

[Zawgyi]


 



နှင်းဆီကွန်ဒို







Sky Villa Condominium




iMyanmarHouse.com




 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

ဘဏ်(၁၅) နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)