2190 ႀကိမ္ ၾကည့္႐ႈ ႔ၿပီး

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

[Unicode]

၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ ( ၁၉ ၊ ၂၀ ) စနေ ၊ တနင်္ဂနွေ ရက်များတွင် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ ကြီးမှူး၍ Ngapali Construction Co.,Ltd မှ တာဝန်ယူတည်ဆောက်ပြီး မင်္ဂလာဈေးအနီး အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲကို နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ အဆိုပါစီမံကိန်းတည်ရှိရာ အမှတ် (၁/၂) ၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

အဆိုပါအရောင်းပြပွဲအတွင်း ဝယ်ယူသူများကို အထူးလျှော့ဈေးနှုန်းများအပြင် ဘဏ်များနှင့် ချိတ်ဆက်ပြီး (၂၅) နှစ်အထိ အရစ်ကျစနစ်များ ၊ ညှိနှိုင်းဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

ရွှေမြယာအိမ်ရာ (၂) စီမံကိန်းကို Ngapali Construction Co.,Ltd မှ မြေအကျယ်အဝန်း (၃) ဧကရှိသည့် ဂရန်မြေပေါ်တွင် တည်ဆောက်ထားပြီး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်၍ BCC ကျပြီးဖြစ်ကာ အသင့်နေနိုင်မည်ဖြစ်သည်။ (၈) ထပ်ခွဲ အဆောက်အဦးဖြစ်ပြီး (၁) လွှာတွင် (၁၀) ခန်းပါဝင်သည်။ အခန်းအကျယ်အဝန်းများအနေဖြင့် 1332 sqft မှ 2573 sqft အထိ ရွေးချယ်ဝယ်ယူနိုင်သည်။ အိပ်ခန်း (၃) ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း ၊ ထမင်းစားခန်းများ ဖွဲ့ပေးထားမည်ဖြစ်ပြီး Decoration အပြည့်အစုံ ထည့်သွင်းပေးထားမည် ဖြစ်ကြောင်းသိရသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

Swimming pool ၊ Gym ၊ Sauna ၊ Billiard & Snooker ၊ Function Room ၊ Roof Top Garden ၊ Children Play Ground ၊ Mini Theatre ၊ Car Parking ၊ 24 Hours Generator Backup System နှင့် 24 Hours CCTV System စသည့် ကွန်ဒို Facilities အပြည့်အစုံပါဝင်သည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

“ ဒီကနေ့ကျင်းပတဲ့ အရောင်းပွဲဟာဆိုရင် မင်္ဂလာဈေးအနီးမှာရှိတဲ့ ရွှေမြယာအိမ်ရာ (၂) က ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးပြီး အသင့်နေထိုင်နိုင်တဲ့ အခန်းတွေကို ရောင်းချပေးနေတာပါ။ မိမိတို့ မိသားစုအလိုက်1332 sqft မှ 2573 sqft အထိ ကျယ်ဝန်းတဲ့ အခန်းများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဂမုန်းပွင့် Shopping Mall ရဲ့ ရှေ့တည့်တည့်မှာ တည်ရှိပြီးတော့ အနီးအနားမှာဆိုရင်လည်း ကန်တော်ကြီး ၊ ယုဇနပလာဇာ ၊ မင်္ဂလာဈေး ၊ City Mart တို့ တည်ရှိနေတာဖြစ်တဲ့အတွက် Location အရ အားသာမှုရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ အဆိုပါပွဲနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားသွားသည်။

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

iMyanmarHouse.com မှ ကြီးမှူးကျင်းပသည့် ဂရန်အမည်ပေါက် ရရှိပြီး ၊ အသင့်နေထိုင်နိုင်သော ရွှေမြယာအိမ်ရာ (၂) အရောင်းပြပွဲ

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

 

[Zawgyi]

iMyanmarHouse.com မွ ၾကီးမွဴးက်င္းပသည့္ ဂရန္အမည္ေပါက္ ရရွိၿပီး ၊ အသင့္ေနထိုင္နိုင္ေသာ ေရႊျမယာအိမ္ရာ (၂) အေရာင္းျပပြဲ

၂၀၂၀ ျပည့္ႏွစ္ ၊ ဒီဇင္ဘာလ ( ၁၉ ၊ ၂၀ ) စေန ၊ တနဂၤေႏြ ရက္မ်ားတြင္ ျမန္မာနိုင္ငံ၏နံပါတ္တစ္ အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ျဖစ္ေသာ iMyanmarHouse.com ( အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း ) မွ ႀကီးမွဴး၍ Ngapali Construction Co.,Ltd မွ တာဝန္ယူတည္ေဆာက္ၿပီး မဂၤလာေစ်းအနီး အသင့္ေနထိုင္နိုင္ေသာ ေရႊျမယာအိမ္ရာ (၂) အေရာင္းျပပြဲကို နံနက္ (၉) နာရီ မွ ညေန (၅) နာရီ အထိ အဆိုပါစီမံကိန္းတည္ရွိရာ အမွတ္ (၁/၂) ၊ ျမန္မာ့ဂုဏ္ရည္လမ္း ၊ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္တြင္ ေအာင္ျမင္စြာက်င္းပခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါအေရာင္းျပပြဲအတြင္း ဝယ္ယူသူမ်ားကို အထူးေလွ်ာ့ေစ်းနွုန္းမ်ားအျပင္ ဘဏ္မ်ားနွင့္ ခ်ိတ္ဆက္ျပီး (၂၅) ႏွစ္အထိ အရစ္က်စနစ္မ်ား ၊ ညွိႏိႈင္းေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ခဲ့ေၾကာင္းသိရသည္။

ေရႊျမယာအိမ္ရာ (၂) စီမံကိန္းကို Ngapali Construction Co.,Ltd မွ ေျမအက်ယ္အဝန္း (၃) ဧကရွိသည့္ ဂရန္ေျမေပၚတြင္ တည္ေဆာက္ထားၿပီး ၁၀၀ ရာခိုင္ႏႈန္း ေဆာက္လုပ္ၿပီးစီးၿပီျဖစ္၍ BCC က်ၿပီးျဖစ္ကာ အသင့္ေနနိုင္မည္ျဖစ္သည္။ (၈) ထပ္ခြဲ အေဆာက္အဦးျဖစ္ၿပီး (၁) လႊာတြင္ (၁၀) ခန္းပါ၀င္သည္။ အခန္းအက်ယ္အဝန္းမ်ားအေနျဖင့္ 1332 sqft မွ 2573 sqft အထိ ေရြးခ်ယ္၀ယ္ယူႏုိင္သည္။ အိပ္ခန္း (၃) ခန္း ၊ ဧည့္ခန္း ၊ မီးဖိုခန္း ၊ ထမင္းစားခန္းမ်ား ဖြဲ႕ေပးထားမည္ျဖစ္ၿပီး Decoration အျပည့္အစံု ထည့္သြင္းေပးထားမည္ ျဖစ္ေၾကာင္းသိရသည္။

Swimming pool ၊ Gym ၊ Sauna ၊ Billiard & Snooker ၊ Function Room ၊ Roof Top Garden ၊ Children Play Ground ၊ Mini Theatre ၊ Car Parking ၊ 24 Hours Generator Backup System ႏွင့္ 24 Hours CCTV System စသည့္ ကြန္ဒို Facilities အျပည့္အစံုပါဝင္သည္။

“ ဒီကေန႔က်င္းပတဲ့ အေရာင္းပြဲဟာဆိုရင္ မဂၤလာေစ်းအနီးမွာရွိတဲ့ ေရႊျမယာအိမ္ရာ (၂) က ၁၀၀ ရာခိုင္ႏႈန္း ေဆာက္လုပ္ ၿပီးစီးၿပီး အသင့္ေနထိုင္နိုင္တဲ့ အခန္းေတြကို ေရာင္းခ်ေပးေနတာပါ။ မိမိတို႔ မိသားစုအလိုက္1332 sqft မွ 2573 sqft အထိ က်ယ္ဝန္းတဲ့ အခန္းမ်ားကို ေရြးခ်ယ္ဝယ္ယူနိုင္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ အၾကီးဆံုး ဂမုန္းပြင့္ Shopping Mall ရဲ႕ ေရွ႕တည့္တည့္မွာ တည္ရွိၿပီးေတာ့ အနီးအနားမွာဆိုရင္လည္း ကန္ေတာ္ၾကီး ၊ ယုဇနပလာဇာ ၊ မဂၤလာေစ်း ၊ City Mart တို႔ တည္ရွိေနတာျဖစ္တဲ့အတြက္ Location အရ အားသာမွုရွိတဲ့ေနရာတစ္ခုပဲျဖစ္ပါတယ္။” ဟု ျပပြဲစီစဥ္က်င္းပသည့္ iMyanmarHouse.com ၏ မန္ေနဂ်င္းဒါရိုက္တာျဖစ္သူ ဦးေနမင္းသူမွ အဆိုပါပြဲႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳ ေျပာၾကားသြားသည္။

iMyanmarHouse.com

အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း

ျမန္မာႏိုင္ငံ၏နံပါတ္တစ္ အိမ္ၿခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္

ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ႏိုင္ေစရမည္

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)