1634 ကြိမ် ကြည့်ရှု့ ပြီး

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ စစ်တွေမြို့ရှိ မြေဖို့မြေယာ ဖော်ထုတ်ရေးစီမံကိန်း  အထူးအရောင်းပြပွဲကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ( ၆ ၊ ၇ ) ရက်များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဦးဥတ္တမခန်းမ၊ စစ်တွေမြို့ နှင့် Sedona Hotel ၊ ရန်ကုန်မြို့တို့တွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပါသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

အဆိုပါစီမံကိန်းသည် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားကုမ္ပဏီ BXT International Co., Ltd. တို့မှ အကျိုးတူပူးပေါင်းဖော်ဆောင်မှုဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရပြီးဖြစ်သည်။ စစ်တွေမြေဖို့မြေယာစီမံကိန်း ကို နိုင်ငံတကာအဆင့်မှီ မြေဖို့ခြင်းနည်းပညာကိုအသုံးပြုထားပြီး ကွန်ကရစ်ရေတားနံရံ (Retaining Wall) များ ထည့်သွင်းတည်ဆောက်ထားသဖြင့် မြေသားခိုင်မာမှု ရှိကြောင်းသိရပါသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

ယခုအခါမှာ စီမံကိန်းရှိ မြေဖို့ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ (စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး) ဦးကျော်လွင်မှ မြေကွက်များအား ရောင်းချခွင့်ကို တရားဝင်ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပြီး အရောင်းပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ စီမံကိန်းရှိမြေကွက်များအတွက် ရခိုင်ပြည်နယ်အစိုးရမှ ဂရန်မြေထုတ်ပေးမည်ဖြစ်သည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

စီမံကိန်း၏ အဓိကအားသာချက်များမှာ မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများတင်ပို့ရာအဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လာနိုင်ခြင်း ၊ ပင်လယ်ကိုမျက်နှာမူထားသည့် အိမ်ရာတိုက်ခန်းများတွင် အဆင့်မီမီဇိမ်ရှိရှိနေထိုင်နိုင်ခြင်း ၊ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများတိုးများလာနိုင်ခြင်း ၊ ရခိုင်ပြည်နယ်အတွင်းအဆင့်မီ မြို့တော်တစ်ခုအဖြစ် ထွက်ပေါ်လာခြင်းကြောင့် လာရောက်နေထိုင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများပေါ်ပေါက်လာနိုင်ခြင်း ၊ စက်မှုမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့တော်နှင့် ဆတ်ရိုးကျတံတားဖွင့်ပြီးပါကမိနစ် (၃၀) ခန့်ဖြင့်သာသွားလာနိုင်ခြင်း၊ လူမှုစီးပွားအားသာချက်များအပြင် MPA ဆိပ်ခံတံတား နှင့် Kaladan Multi-Modal Transit Transport Project (KMTTP)စီမံကိန်းတို့ကိုထောက်ပံ့ပို့ဆောင်ရေးမဏ္ဍိုင်ဒေသတစ်ခု ဖြစ်လာနိုင်ကြောင်းသိရပါသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

ဤစီမံကိန်းသည် စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ်တည်ရှိသောကြောင့် နောက်သုံးနှစ်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

“ ဒီ စစ်တွေ မြေဖို့မြေယာစီမံကိန်း ဟာရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီဟော်တယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ ကွန်ဒိုအခန်းတွေ ၊ စုပေါင်းအိမ်ရာတွေ ၊ ကုန်သွယ်မှု စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ရခိုင်ဒေသရဲ့ အထူးစီးပွားရေးဇုန်အဖြစ် တည်ရှိလာမှာ ဖြစ်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့ပါသည်။

အစိုးရခွင့်ပြုချက်ဖြင့် ပြန်လည်အရောင်းဖွင့်ခဲ့သည့် စစ်တွေမြေဖို့မြေယာ စီမံကိန်းအရောင်းပြပွဲ

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

Shwe Taung Group မှဖော်ဆောင်နေသော Homes @ Ponnami အခန်းများကို 10% Down Payment ဖြင့်ရောင်းချပေးခဲ့
သိန်း (၅၀) အထိသက်သာခွင့်ပေးခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိ ကြိုပွိုင့် Maha Mini Condo အရောင်းပြပွဲ အောင်မြင်စွာကျင်းပ ပြီးစီး
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
ဘဏ်(၁၅) နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် မန္တလေးမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်သည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများကို အရောင်းပြပွဲပြုလုပ်ရောင်းချပေးခဲ့
RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)