12151 ကြိမ် ကြည့်ရှု့ ပြီး

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

ကန်တော်ကြီးအနီးအသင့်နေနိုင်သော Kantharyar Residence ရှိ ကွန်ဒိုအခန်းများအရောင်းပြပွဲကို AMCD နှင့် iMyanmarHouse.com တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ ( ၅ ၊ ၆ ၊ ၇ ) ရက်များတွင် Kantharyar Office Tower တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

အရောင်းပြပွဲ (၃) ရက်အတွင်းတွင် ဝယ်ယူသူများကို ၂၅ % အထိ Discount များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

Kantharyar Center သည် Residence Tower ၊ Office Tower ၊ Service Apartment ၊ Wyndham 5 Star Hotel ၊ Shopping Centre ၊ JCGV ရုပ်ရှင်ရုံ (လူ ၁၀၀၀ ဆန့်ရုံ (၅) ရုံ) တို့ပါဝင်သည့် ပြီးပြည့်စုံသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ယခုရောင်းချပေးသည့် Residence Tower သည် 100% ဆောက်လုပ်ပြီးစီးနေပြီး (BCC ကျပြီးဖြစ်၍) အသင့်နေထိုင်နိုင်မည့်အပြင် ရန်ကုန်မြို့ ၏ လှပသော ရှုခင်းများ ၊ ကန်တော်ကြီးနှင့် ရွှေတိဂုံဘုရားကို နေ့စဉ်ဖူးတွေ့နိုင်မည့် ကွန်ဒိုတစ်ခုလည်း ဖြစ်သည်။

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

“ ဒီအရောင်းပြပွဲအတွင်း အသင့်နေနိုင်မဲ့ Kantharyar Residence က အခန်းတွေကို ရောင်းချပေးခဲ့တာပါ။ အိပ်ခန်း ၂ ခန်းပါ နှင့် အိပ်ခန်း ၃ ခန်းပါ အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။ အရောင်းပြပွဲအတွင်းမှာ ဝယ်ယူသူများကို 25% အထိ Discount ပေးခဲ့တဲ့အပြင် YOMA Home Loan ဖြင့်ချိတ်ဆက်ပြီး ၂၅ နှစ်အထိ အရစ်ကျစနစ်များဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံဖို့ ဝယ်လိုသူများအတွက် ဝယ်ယူပြီး အငှားဝန်ဆောင်မှု့ကိုပါ ချိတ်ဆက်ပေးခဲ့ပါတယ်။ ပြပွဲ (၂)ရက်အတွင်းမှာ ကျပ်ငွေ (၅) ဘီလီယံကျော် တန်ဖိုးရှိ တဲ့ကွန်ဒိုအခန်းတွေကို ရောင်းချနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

Asia Myanmar Consortium Development (AMCD) ၏ စီမံကိန်းဒါရိုက်တာ ဦးငြိမ်းအောင်မှ ပြပွဲနှင့် ပတ်သက်ပြီး အခုလိုမျိုး ပြောကြားခဲ့သည်။ "အရောင်းပြပွဲက အောင်မြင်တာ Strategy ကောင်းလို့ပါ။ အရောင်းပိုင်းမှာ iMyanmarHouse.com က Leading role အနေနဲ့ တာဝန်ယူပေးပြီး YOMA Bank က Home Loan ကို ၂၅ နှစ်အထိ လည်းကောင်း ၊ အငှားဝန်ဆောင်မှုကို Slade Property က လည်းကောင်း Supporting ပေးခဲ့တာကြောင့် ရလာဒ်ကောင်းခဲ့တာ ဖြစ်ပါတယ်"

ထို့အပြင် AMCD ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခင်မောင်ဖြူ မှလည်း "အခုအရောင်းပြပွဲက iMyanmarHouse.com နဲ့ ကျင်းပတဲ့ တတိယအကြိမ်မြောက်ပွဲပါ။ အရောင်းပြပွဲ ၃ပွဲစလုံး အောင်မြင်ခဲ့တဲ့အတွက် အထူးဝမ်းမြောက်ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကျပ်ငွေ (၅) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် Kantharyar Center အရောင်းပြပွဲ

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ (၂.၄) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com
(အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန်  ဤနေရာကို  နှိပ်ပါ

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ

ဘဏ်နှင့်ချိတ်ဆက်ပြီး ကိုယ်ပိုင်မြေပေါ်တွင် အိမ်ဆောက်လုပ်လိုသူများအတွက် အထူးအခွင့် အရေးရှိပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ

 

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)