905 ကြိမ် ကြည့်ရှု့ ပြီး

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

[Unicode]


မြန်မာနိုင်ငံ၏နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse နှင့် CarsDB တို့မှ ကြီးမှူး၍ ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာ စီမံကိန်းကိုပြပွဲ (၂) ရက်အတွင်း ဝယ်ယူပါက 10% အထိ အထူးသက်သာခွင့်၊ (၁၂) လအတိုးမဲ့ အရစ်ကျ၊ ဘဏ်ဖြင့် ချိတ်ဆက်၍ (၁၅)နှစ်အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်မည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ဂရန်အမည်ပေါက် လျှောက်ထားနိုင်မည့်  Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးကို ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၃ ရက်မှ ၄ ရက်) နေ့တွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ Royal Hinthar Hotel(Royal Ballroom - Ground Floor)အမှတ် (၇၃) ၊ မြို့ရှောင်လမ်း ၊ မြေနီကုန်းရပ်ကွက် ၊ မော်လမြိုင်မြို့တွင် အရောင်းပြပွဲကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

မော်လမြိုင်မြို့ ၊ စမ်းကြီးရပ်ကွက် ၊ ကျိုက္ခမီလမ်းမ ( အာရှဟိုင်းဝေးလမ်းမကြီး ) အနီးတွင် တည်ရှိသည်။ ဂရန်အမည်ပေါက် လျှောက်ထားနိုင်မည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။ မြေကွက်စုစုပေါင်း (၃၄) ကွက်သာ ပါရှိသည့် အဆင့်မြင့်လုံးချင်းအိမ်ရာဖြစ်သည်။ ပေ (၄၀x၆၀) ၊ ပေ (၆၀x၆၀) ၊ ပေ (၈၀x၆၀) အကျယ်ရှိသည့် မြေပေါ်တွင် (1350 sqft) နှင့် (1920 sqft) အကျယ်ရှိ တစ်ထပ်လုံးချင်းအိမ်များ ဆောက်လုပ်ပေးမည်။ အိပ်ခန်း (၃) ခန်းပါရှိပြီး ဘုရားခန်း ၊ ဧည့်ခန်း ၊ အိပ်ခန်းတို့ကို Vinyl Floor ခင်းပေးမည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

တံခါးတိုင်းကို Premium ကျွန်းတံခါးတပ်ဆင်ပေးခြင်း ၊ Air-Con တပ်ဆင်ထားခြင်း ၊ မီးဖိုခန်းနှင့် ထမင်းစားခန်းတို့ကို ကြွေပြားအပြည့်ခင်းပေးခြင်း/ ကြွေပြားကပ်ပေးခြင်း တို့ပြုလုပ်ပေးမည်။ အရည်အသွေးမြင့် ပစ္စည်းများကိုသာ တပ်ဆင်အသုံးပြုပေးထားပြီး Decoration အပြည့်အစုံဖြင့် အခန်းအပ်ပေးမည့် အဆင်မြင့်အိမ်ရာဖြစ်သည်။ (၂၄) နာရီ မီးအလင်းရောင် ရရှိရေးကိုလည်း နေရောင်ခြည်ကပေးသည့် စွမ်းအင်ကို ဆိုလာ/Hybrid Inverter/ Lithium Battery နဲ့ ချိတ်ဆက်ပြီး ရယူနိုင်သည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

 Mon Thuwunna Bhumi  အိမ်ရာစီမံကိန်းတွင်သာ ရရှိနိုင်မည့် အားသာချက်များမှာ Main မုခ်ဦး (၂) ခု ပါရှိသည့် ပထမဆုံး အဆင့်မြင့်လုံးချင်းအိမ်ရာ စီမံကိန်းတစ်ခုဖြစ်ခြင်း၊ ပိုင်ဆိုင်မှုခိုင်မာပြီး Decoration ကို အရည်အသွေးမြင့် ပစ္စည်းများဖြင့် အသင့်နေနိုင်အောင်ပြင်ဆင်ပေးထားခြင်း၊ Compound တစ်ခုလုံးကို ခြံစည်းရိုးခတ်ပေးခြင်း၊ လုံးချင်းအိမ်များတွင်လည်း ခြံဝန်းအတွင်း Car Parking နှင့် ကိုယ်ပိုင်သီးသန့် ခြံဝန်းပါရှိခြင်း၊ Infrastructure အနေဖြင့် လမ်းများခင်းပေးခြင်း ၊ ရေ နှင့် လမ်းမီးတိုင်များရအောင် ပြုလုပ်ပေးခြင်း ၊ မြေကွက်တစ်ကွက်ချင်းစီကို ခြံစည်းရိုးခတ်ပေးခြင်း၊ Facilities များစွာပါဝင်ပြီး Security ကောင်းမွန်သော အိမ်ရာစီမံကိန်းအတွင်း Privacy ရှိရှိဖြင့် Luxury ဆန်ဆန်လုံးချင်းအိမ်များတွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ပါသည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

Facilities များမှာ၂၄ နာရီလုံခြုံရေး၊ သန့်ရှင်းရေး၊ ကိုယ်ပိုင် Transformer၊ Compound တစ်ခုလုံးကို solar system ဖြင့် မီးရရှိအောင် ပြုလုပ်ပေးခြင်း၊ 24 hours ရေပေးဝေရေးစနစ်၊ Playground၊ Community Building၊ 24 hours Repair & Maintenance Service၊ 12 Seasons Gardening Service၊ အိမ်ရာဝန်းတစ်ခုလုံး ခြံစည်းရိုးခတ်ပေးခြင်း တို့ပြုလုပ်ပေးမည်။ အနီးအနားတွင်လည်း စီးပွားရေးအချက်အချာ နေရာဖြစ်သည့် ဈေးချို၊ လေယာဉ်ကွင်းနှင့် မော်လမြိုင်တက္ကသိုလ်အဝေးပြေးနှင့် ဘူတာကြီးကျောက်တန်း စက်မှုနယ်မြေ၊ ကျိုက်သလ္လံဘုရား အထူးကုဆေးရုံ၊ International schools တို့ကို မိနစ်အနည်းငယ်အတွင်း သွားလာနိုင်သည့် အချက်အချာနေရာတွင် တည်ရှိသည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

“ဒီတစ်ခါမှာတော့ ဂရန်အမည်ပေါက်လျှောက်ထားနိုင်မယ့်  Mon Thuwunna Bhumi  အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီကို ပြပွဲ (၂) ရက်အတွင်း ဝယ်ယူပါက 10% အထိအထူးသက်သာခွင့်၊(၁၂) လအတိုးမဲ့ အရစ်ကျ၊ဘဏ်ဖြင့် ချိတ်ဆက်၍ (၁၅)နှစ်အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူနိုင်ပါမယ်”

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

“မန္တလေးက စကား ၊ ရန်ကုန်က အကြွား ၊ မော်လမြိုင်က အစား ဆိုသည့် စကားပုံအတိုင်း အစားအသောက်တွေပေါတဲ့ မော်လမြိုင်မှာ ဆိတ်ငြိမ်အေးချမ်းပြီး လုံခြုံမှုအပြည့် ၊ Facilities အစုံနဲ့ အဆင့်အတန်းမြင့်မြင့် နေထိုင်မှုတစ်ခုဖြစ်စေမယ့် MonThuwunna Bhumi Premium Estate မှာ လုံခြုံစိတ်ချစွာ နေထိုင်လိုက်ပါ။ ရင်းနှီးမြှုပ်နှံဖို့ ထူးသင့်တော်ပြီး အနာဂတ်မိသားစုဘဝလေးကို Mon Thuwunna Bhumi အိမ်ရာစီမံကိန်းရှိ အေးချမ်းဆိတ်ငြိမ်မှုတွေနဲ့အတူ သီးသန့်ဆန်ပြီး လုံခြုံတဲ့ Luxury လုံးချင်းအိမ်ကို အမြန်ဆုံးဝယ်ယူထားမှ စိတ်ချရပါမယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။

ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

 

iMyanmarHouse.com

အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်

မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်

 

 

 

[Zawgyi]



 

















iMyanmarHouse.com




 

 

 

အခြား အိမ်ခြံမြေ ပွဲစဉ်များ

အလုံလမ်းမကြီးပေါ်ရှိ မြေအချိုးကျပိုင်ဆိုင်နိုင်မည့် ပန်းစွယ်တော်ကွန်ဒို မိုးရာသီပရိုမိုးရှင်းပွဲကြီး ကျင်းပပြုလုပ်ခဲ့
ရန်ကုန်မြို့အလယ်မှာ သိန်း ၂၅၀၀ ဝန်းကျင်ကစတင်ပြီး Fully Decoration ဖြင့် Magical World Condominium အခန်းများအရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မိုးရာသီအထူးပရိုမိုးရှင်းများစွာနဲ့ ကြီးကျယ်ခန်းနားလှပသော ရန်ကင်းမြို့နယ်ရှိ Golden City Luxury Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
ဝယ်ပြီးအခန်းများ အပ်နှံပေးလျှက်ရှိပြီး မကြာမီပြီးစီးတော့မယ့် အဆင့်မြင်မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းများ မိုးရာသီအထူးပရိုမိုးရှင်း အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
သိန်း ၂၅၀၀ ဝန်းကျင်မှ စတင်သည့် လမ်းမတော်မြို့နယ်ရှိ အသင့်နေထိုင်နိုင်သော Magical World Condominium မိုးရာသီ အထူးပရိုမိုးရှင်းအရောင်းပြပွဲကြီး ကျင်းပပြုလုပ်ခဲ့
အရစ်ကျစနစ်ဖြင့် ငွေပေးချေမှုအဆင်ပြေတဲ့ တောင်ဒဂုံ VIP ရပ်ကွက်က Innwa Pyae Sone Residence အခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
(၁၅) နှစ် အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မယ့် ဗဟန်းမြို့နယ် The Vista Luxury Residence ရှိ မြေညီအခန်းများ အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
1 sqft ကို ၂ သိန်း ၈ သောင်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် တောင်ဒဂုံမြို့နယ် VIP ရပ်ကွက်က Innwa Pyae Sone Condo အခန်းများအရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
မိုးရာသီပရိုမိုးရှင်းအနေနဲ့ သိန်း၂၄၀၀ ဖြင့် ဝယ်ယူနိုင်မယ့် လမ်းမတော်မြို့နယ် သံရုံးများအနီးက Magical World ကွန်ဒိုအခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
၁ပေပတ်လည် ၁သိန်းဝန်းကျင်နဲ့ အနာဂတ်အတွက် မြေကွက်ရွေးချယ်ဖို့အသင့်တော်ဆုံး The Rich Villa အိမ်ရာမြေကွက်များ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App