မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ရန်ကုန်မြို့ Downtown ရှိ လမ်းမတော်မြို့နယ် သံရုံးများအနီး ခရေပင်လမ်းမပေါ်က အံ့ဩမှင်သက်စရာတွေအပြည့်နဲ့ အသစ်စက်စက်အခန်းများတွင်နေထိုင်နိုင်သည့် Magical World Condo အခန်းများကို သိန်း (၂၆၀၀) ဝန်းကျင်လောက်ဖြင့် ဝယ်ယူနိုင်မည့် အရောင်းပြပွဲကို ၂၀၂၅ ခုနှစ် မတ်လ (၈)ရက်နှင့် (၉)ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
ပြပွဲရက်များအတွင်း ဝယ်ယူသူများကို
- သိန်းတစ်ထောင်ခန့် အထိ Discount ခံစားခွင့်များ
- အတိုးမဲ့ အရစ်ကျစနစ်
- 100% Bank Transfer တို့ဖြင့် ရောင်းချပေးခဲ့ပါသည်။
Magical World Condo သည် လမ်းမတော်မြို့နယ် သံရုံးများအနီး ခရေပင်လမ်းမပေါ်တွင် တည်ရှိပြီး ဆောက်လုပ်ပြီးခါနီး ကွန်ဒိုဖြစ်သောကြောင့် အခန်းဝယ်ယူသူများအနေနဲ့လည်း ဝယ်ယူပြီးမကြာခင်မှာ အသစ်စက်စက်ကွန်ဒိုပေါ် နေထိုင်နိုင်မည်ဖြစ်သည်။
ပြီးပြည့်စုံသော လူနေမှုဘဝကို ခံစားနိုင်တဲ့ အားသာချက်များစွာနဲ့ Facilities အပြည့်အစုံကို ထားရှိပေးပြီး ကိုယ်ပိုင် 2-ways ကားပတ်လမ်း နှင့် မြေအောက်ကားပါကင်၂ ထပ်တို့ပါရှိတာကြောင့် ကားထားရန်အတွက်လည်း အဆင်ပြေလွယ်ကူစေသည်။
337 sqft မှ 613.2 2 sqf အထိ ကျယ်ဝန်းသည့် 1 BR / 2 BR အခန်းများဖြစ်ပြီး မိမိနှင့် မိမိ မိသားစုအလိုက် အဆင်ပြေမည့် အခန်းများနှင့် River view ၊ Garden view အခန်းများ စိတ်ကြိုက်ရွေးချယ်နိုင်သည့် ကွန်ဒိုဖြစ်ပါသည်။
" အချက်အချာကျတဲ့တည်နေရာမှာရှိပြီး လူကြိုက်များရောင်းအားကောင်းတဲ့ Magical World Condo အခန်းများကို သိန်း ၂၆၀၀ ဝန်းကျင်ဖြင့် ဝယ်ယူပြီး မိသာစုနေထိုင်ချင်သူများသာမက ရင်းနှီးမြှုပ်နှံချင်သူများအတွက်ပါ အဆင်ပြေစေတာကြောင့် လက်မလွတ်လိုက်သင့်တဲ့အခွင့်အရေးပါ"ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်