[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Phyu Zin Company ၏ ရန်ကုန် နှင့်တောင်ကြီးတို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် မြေကွက် ၊ တိုက်ခန်းနှင့် လူနေဆိုင်ခန်းများ အရောင်းပြပွဲကို စက်တင်ဘာလ (၂၈) ရက် နှင့် (၂၉) ရက်နေ့များတွင် Novotel Hotel ၊ Bagan Function Room ( Level-4 )၊ ပြည်လမ်းမပေါ် (စိုက်ပျိုးရေးမှတ်တိုင်အနီး) ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
အရောင်းပြပွဲတွင်
➡︎ Taunggyi Garden City မှာဆိုရင် Zone C ရှိ MSME ပေ (၄၀x၆၀) မြေကွက်များ
➡︎ Taunggyi Garden City အတွင်းရှိ ပေ (၆၀x၈၀) အကျယ်ရှိ Green Garden Residence မြေကွက်များ
➡︎ 760 sqft အကျယ်ရှိ Taunggyi Business Center (TBC) အဆင့်မြင့်တိုက်ခန်းများ
➡︎ တန်နေတဲ့ဈေး ၊ ပိုင်ဆိုင်မှု ခိုင်မာတဲ့ ရန်ကုန်က ရွှေပေါက်ကံမြေကွက် တွေကို သက်သာခွင့်များစွာနဲ့ ရောင်းချပေးခဲ့ပါတယ်။
ပြပွဲတွင် အထူးသက်သာခွင့်အဖြစ် Taunggyi Garden City Zone C ရှိ (၄၀x၆၀) အကျယ်ရှိ MSME မြေကွက်များ (၃၀၀) ကိုလည်း 1 sqft (တစ်သောင်းကျပ်) ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ပြီး 30% အထိ အထူးသက်သာခွင့်များဖြင့် ရောင်းချပေးခဲ့သည်။
" Phyu Zin Company မှ ဖော်ဆောင်နေတဲ့ လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး စီမံကိန်းတွေကို တစ်နေရာတည်းမှာ သင့်တင့်တဲ့ဈေးနှုန်းများနဲ့ရောင်းချပေးတာဖြစ်ပြီး ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက် ၊ တိုက်ခန်းနှင့် လူနေဆိုင်ခန်းများဖြစ်တဲ့အပြင် အနာဂတ်မှာ တန်ဖိုးမြင့်တက်လာမယ့် အဆင့်မြင့်စီမံကိန်းကြီးဖြစ်လို့ ဈေးတန်တန်နဲ့ ရတုန်းဝယ်ယူသင့်တယ် " ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
Phyu Zin Company ၏ ရန်ကုန် နှင့်တောင်ကြီးတို့ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် မြေကွက် ၊ တိုက်ခန်းနှင့် လူနေဆိုင်ခန်းများ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
အရောင်းပြပွဲတွင်
iMyanmarHouse.com