Taunggyi Business Center (TBC)

38972 ကြိမ် ကြည့်ရှု့ပြီး

  Contact Number  Share on Facebook

 

Taunggyi Business Center ဟာ ကွဲပြားခြားနားတဲ့ စီးပွားရေးလုပ်ငန်းပုံစံများ၊ လူနေထိုင်မှုပုံစံများ ၊ ၎င်းတို့နဲ့ ဆက်နွယ်နေသော ပတ်ဝန်းကျင်ဖွဲ့စည်းမှုနှင့် လိုအပ်ချက်များကို ကဏ္ဍအလိုက် တစ်နေရာတည်းမှာ စနစ်တကျ  စီမံဆောင်ရွက်နိုင်ရန် နှင့် ရှမ်းပြည်နယ်ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ခေတ်မီလှပစွာ တည်ဆောင်ထားပါသည်။

 
Asia Highway 2 လမ်းမကြီး ပေါ်တွင်ရှိ၍ စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သော နေရာဖြစ်ပါသည်။
 

Taunggyi Business Center (TBC)

 

Taunggyi Business Center တွင်
 
Zone (A) - Shop Houses
Zone (B) - Executive Apartments
Zone (C) - Bus Terminal
Zone (D) - Warehouse
Zone (E) - Villa  စသဖြင့် ဇုန်များအနေဖြင့် (5 ) မျိုးပါရှိပါသည်။
 
သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းမြစ်ကို ထိန်းသိမ်းသည့်အနေဖြင့် မိလ္လာစနစ်များအတွက် Kubota Johkasou ရေဆိုး သန့်စင်စနစ်ကို TBC တွင် အသုံးပြုထားပါသည်။ သစ်တောများထိန်းသိမ်းမှုနှင့် ပတ်သက်၍လည်း TBC တွင် ထင်းရှုး ၊ ချယ်ရီ ၊ စိန်ပန်း စသော နှစ်ရှည်ပင်များနှင့် ပန်းအလှပင် (၁၅၀၀၀) ကျော် စိုက်ပျိုးထားရှိပါသည်။
 

Taunggyi Business Center (TBC)

 

Zone (A) - Shophouse

- မြေဧက ၆.၅၀၈  ပေါ်တွင် shophouse များကိုတည်ဆောက်ထားသည်။
- ဝယ်ယူသူ ဂရန်အမည်ပေါက် ရရှိမည်။
- စုစုပေါင်း (၇၁) လုံးရှိပြီး ဝယ်ယူပြီးချက်ချင်း ဆိုင်နှင့် ရုံးခန်းများ ဖွင့်လှစ်နိုင်မည်။
- Zone A တွင် ၂ ထပ်နှင့် ၃ ထပ် shophouse များ ပါရှိသည်။
- ၂ ထပ် Shophouse များသည် (3000 Sqft) ကျယ်ဝန်းပြီး ၊ ၃ ထပ် Shophouse များသည် (2700 Sqft) ကျယ်ဝန်းသည်။
- Shophouse တစ်လုံးချင်းစီ၏ ရှေ့တွင် ကားရပ်နားရန် ကားပါကင်သီးသန့်နေရာပါရှိသည်

 

Taunggyi Business Center (TBC)
 

Zone (B) - Executive Apartments

- မြေဧက ၉.၃၇၈  ပေါ်တွင် ဖော်ဆောင်ထားသော Executive Apartments များဖြစ်သည်။
- အဆင့်မြင့် တိုက်ခန်းများနှင့် မျက်နှာစာတွင်  shophouse များ ပါရှိသည်။
- (၄) ထပ်ခွဲ အဆောက်အဦး (၁၈) လုံးပါရှိပြီး တစ်လွှာတွင် (၄) ခန်းပါရှိသည်။
- အခန်းအကျယ်များအနေ ဖြင့် 760 sqft နှင့် penthouse တွင် 1610 sqft အကျယ်ရှိသောအခန်းများဖြစ်သည်။
- ကားပါကင်ရပ်နားရန် နေရာအလုံအလောက်ပါရှိပြီး  တိုက်များကို လေဝင်လေထွက်နှင့် အလင်းရောင်ရရှိအောင် ဦးစားပေးတည်ဆောက်ထားသည်။
- တိုက်တစ်တိုက်ချင်းစီတွင် လူစီးဓာတ်လှေကားပါရှိပြီး Floor to Floor (၉) ပေအမြင့်ရှိသည်။
- အမှိုက်သိမ်းစနစ် ၊ (၂၄) နာရီလုံခြုံရေးဝန်ထမ်းများ ၊ ကိုယ်ပိုင်မီတာ ၊ ကိုယ်ပိုင်မော်တာ တို့ပါရှိသည်။
- အားသာချက်အနေဖြင့် မီးကြိုးများကို မြေအောက်မှ နိုင်ငံတကာအဆင့်မီ သွယ်တန်းပေးထားသောကြောင့် အပေါ်တွင်မီးကြိုးများရှုပ်မနေဘဲ ရှင်းလင်းသပ်ရပ်အောင် သွယ်တန်းပေးထားသည်။
- အခန်းတိုင်းကို မျက်နှာကျက်မီးများတပ်ဆင်ပေးခြင်း ၊ အခန်းဖွဲ့ပေးခြင်း ၊ မီးဖိုခုံများပြုလုပ်ပေးခြင်း ၊ ကျွန်းတံခါးများတပ်ဆင်ပေးခြင်း ၊ ရေချိုးခန်း၊ အိမ်သာတို့ကို ကြွေပြားများကပ်ပေးခြင်း ၊ နှင့် ဂါလံ ၂၀၀ ဆံ့ ရေလှောင်ကန်ထားရှိပေးခြင်းတို့ ပြုလုပ်ပေးမည်။
- အသင့်နေထိုင်နေထိုင်နိုင်သောကြောင့် ဝယ်ယူသူများ ပိုင်ဆိုင်မှုအတွက်စိတ်အေးရပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် အေးမြသောရာသီဥတုမှာ ဈေးနှုန်းအလွန်ချိုသာသော အခန်းများကို ပိုင်ဆိုင်နိုင်မည်

 


 Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

 

Zone (C) - Bus Terminal

- မြေဧက ၆.၂၄၁ ပေါ်တွင် ဖော်ဆောင်ထားသော Busterminal ဖြစ်သည်။
- Bus Terminal နှင့် Shophouse များပါရှိမည်။
- မျက်နှာစာလမ်းမတန်းတွင် ၃ ထပ် shophouse များကို ထပ်မံဆောက်လုပ်ပေးမည်။
- ကားရပ်နားဝင်းပါရှိပြီး  ပေ ၃၀ အကျယ်ရှိသော မိန်းလမ်းများပါရှိသည်။
- မကြာမီယာဉ်လိုင်းများ ရွေ့ပြောင်းတော့မည်။
- Bus Terminal တွင်အသုံးပြုရန် ပေ ၁၅၀ ကျယ်ဝန်းသောလမ်းမကြီးနှင့် ပေ ၃၀ စီကျယ်ဝန်းသော ပတ်လမ်းများပါဝင်သောကြောင့် ယာဉ်လိုင်းများအားလုံး စနစ်တကျ ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပါသည်။
- Bus Terminal ဧရိယာအတွင်း၌ Taxi parking ၊ Convenience Store ၊ Canteens နှင့် Public Toilet များ ကိုလည်း ထည့်သွင်း တည်ဆောက်ထားပါသည်။

Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

 

Zone (D) - Warehouse

- မြေဧက ၁၁.၃၇၁ ပေါ်တွင် ဖော်ဆောင်ထားသော စီမံကိန်းကြီးဖြစ်သည်။
- ကုန်သိုလှောင်ရန် (47x81) ပေ အကျယ်ရှိသော Warehouse (၃၉) လုံး တည်ဆောက်ထားသည်။
- (၂၀ x ၂၃) ပေ ကျယ်ဝန်းသော (၃) ထပ် ဆိုင်ခန်း (၁၀) လုံးကို ထပ်မံဆောက်လုပ်ပေးမည်။

 
Taunggyi Business Center (TBC)
 
Taunggyi Business Center (TBC)

 

Zone (E) - Hill Garden @TBC မြေကွက်များ
 
- Zone E တွင်ဖော်ဆောင်နေသည့် New Development ဖြစ်သည်။
- ဒီဇိုင်းအနေဖြင့် SPAမှရေးဆွဲပေးထားပြီး မြေကွက်ဝယ်ယူသူများကို (၂) ထပ်အိမ်ဒီဇိုင်းများ လက်ဆောင်ထည့်ပေးမည်။
- ၃၅ပေ အမြင့်အထိ မိမိနှစ်သက်ရာ ဒီဇိုင်းများကို ဆောက်လုပ်နိုင်မည်။
- ကျယ်ဝန်းသော Car Parking နေရာပါရှိသည့်အတွက် ကားပါကင်နေရာအတွက် စိတ်အေးရသည်။
- ကွန်ကရစ်လမ်းများခင်းပေးခြင်း ၊ လမ်းမီးတိုင်များ ပြုလုပ်ပေးခြင်း ၊ ၂၄ နာရီ အချိန်ပြည့် လုံခြုံရေးဝန်ဆောင်မှုပါရှိခြင်း ၊ Gated Community Compound စသည်တို့ပါဝင်သည်။
- အေးချမ်းလှတဲ့တောင်ကြီးမြို့တွင် Privacy ရှိရှိနှင့် ပြီးပြည့်စုံသော လူနေမှုဘဝဖြင့်နေထိုင်လိုသူများ မိမိအိမ်မှ လှပသော တောင်တန်းများကို ကြည့်ရှုခံစားရင်း အနားယူလိုသူများ ရင်းနှီးမြုပ်နှံလိုသူများ အတွက် လက်လွတ်မခံသင့်သည့် စီမံကိန်းဖြစ်သည်။
- စီမံကိန်းတစ်ခုလုံး၏ အလှဆုံးနေရာ တောင်ကုန်းအမြင့်တွင် တည်ရှိသောကြောင့် အပေါ်စီးမှ ဟိုပုန်းမြို့နှင့် မဲနယ်တောင်တို့၏ အလှကို မြင်ရမည်။
- သဘာဝနှင့်တစ်သားတည်းဖြစ်စေရန်  ထင်းရှုးပင်များ၊ ချယ်ရီပင်များ အစရှိသည့် နှစ်ရှည်ပင်များစိုက်ပျိုးထားသည်။

 

Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

Taunggyi Business Center (TBC)

 

     

အေးချမ်းလှတဲ့ တောင်ကြီးမြို့မှာ ရင်းနှီးမြှုပ်နှံလိုသော စီးပွားရေးလုပ်ငန်းရှင်များ ၊ နေထိုင်လိုသူမိဘပြည်သူများ အနေဖြင့်လည်း


ရန်ကုန် Showroomလိပ်စာ - အမှတ် ၁၁၆ ၊ သမိုင်းဘူတာရုံလမ်း ၊ ၂ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့ နှင့်

တောင်ကြီး Showroom လိပ်စာ - Taunggyi Business Center - 4 မိုင် ၊ ဟိုပုံးလမ်း ၊ တောင်ကြီးမြို့များတွင် လာရောက်ဝယ်ယူနိုင်ပါသည်။

ဆောက်လုပ်သည့် ကုမ္ပဏီ

ဆက်သွယ်ရန် ဖုန်းနံပါတ်

WM Corporation မှ ဆောက်လုပ်သော အခြား Project များ

ဆက်သွယ်မေးမြန်းရန်

ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

WM Corporation

WM Corporation

လိပ်စာ
116 , Thamine Statium Road Quarter 2 , Mayan Gone Township , Yangon , Myanmar.
Phyu Zin Co., Ltd.

Phyu Zin Co., Ltd.

လိပ်စာ
အမှတ်၇၃/၇၄ ၊ (၂)မိုင် ၊ ကံကြီးရပ်ကွက် ၊ တောင်ကြီးမြို့။