[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Decoration အပြည့်အစုံဖြင့် အသင့်နေထိုင်နိုင်မည့် ရန်ကင်းမြို့နယ်က ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၂) ရက်နေ့များတွင် Shwe Moe Kaung Condo ၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ပြပွဲရက်အတွင်းဝယ်ယူသူများကို အထူးပရိုမိုးရှင်းအဖြစ် 15 % Discount ဖြင့် ရောင်းချပေးခဲ့သည်။
ရွှေမိုးကောင်းကွန်ဒို သည် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်မှာတည်ရှိသည်။(၁၂) ထပ် အမြင့်ရှိသော အဆောက်အအုံ (၁၀) လုံးကို Great Master Construction မှ အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ထားသည်။ဝယ်ယူသူအမည်ပေါက် Owner Book ရရှိမည့်အပြင် BCC ကျပြီးဖြစ်လို့ ဝယ်ယူပြီးက အသင့်နေထိုင်နိုင်မည့် ကွန်ဒိုတစ်ခုလည်းဖြစ်သည်။
Decoration အပြည့်အစုံနှင့် အခန်းများကိုပြင်ဆင်ထားသောကြောင့် ဝယ်ယူသူအနေဖြင့် ထပ်မံ ပြင်ဆင်စရာမလိုတော့ပေ။အင်းလျားကန် ၊ Yankin Center ၊ ရန်ကင်းကလေးဆေးရုံ ၊ Myanmar Plaza ၊ Sedona Hotel ၊ International School တို့နဲ့လည်းနီးလို့ location အရလည်းကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုဖြစ်သည်။
ကားရပ်နားဖို့ကိုလည်း တစ်ခန်းတစ်စီးစာ ကားပါကင်တစ်နေရာပေးထားလို့ အဆင်ပြေစေသည်။
" ရွှေမိုးကောင်းကွန်ဒို ဟာ Luxury Condo တစ်လုံးဖြစ်တဲ့အပြင် 15 % Discount နဲ့လည်းရလို့ ရင်းနှီးဖို့ပဲဖြစ်ဖြစ်၊ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ဝယ်ယူထားဖို့ အကြံပြုချင်ပါတယ်” နောက်ပြီး တည်နေရာလည်းအချက်အချာကျလို့ တစ်ခုခုဆို လုပ်ရကိုင်ရ လွယ်ကူစေပါတယ်" ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
Decoration အပြည့်အစုံဖြင့် အသင့်နေထိုင်နိုင်မည့် ရန်ကင်းမြို့နယ်က Shwe Moe Kaung Condo အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ Decoration အပြည့်အစုံဖြင့် အသင့်နေထိုင်နိုင်မည့် ရန်ကင်းမြို့နယ်က Shwe Moe Kaung Condo အရောင်းပြပွဲကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၂) ရက်နေ့များတွင် Shwe Moe Kaung Condo ၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
iMyanmarHouse.com