[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ နာမည်ကြီး Ponnami Estate အတွင်းရှိ တိုက်ခန်း၊ လုံးချင်းအိမ်များ နှင့် မြေကွက်များအရောင်းပြပွဲကို စက်တင်ဘာလ (၇) ရက် နှင့် (၈) ရက်နေ့များတွင် HOMES@PONNAMI Sales Gallery၊ ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲတွင် အထူးဈေးနှုန်းများ၊ အတိုးမဲ့အရစ်ကျစသည့် သက်သာခွင့်များဖြင့် ရောင်းချပေးခဲ့ပါသည်။
ရောင်းချပေးခဲ့သည် စီမံကိန်းများမှာ..
(၁) စီမံကိန်းအသစ်တစ်ခုအဖြစ် ထပ်မံဖော်ဆောင်ပေးမည့် Ponnami Lodge Duplex Landed House
(၂) ရောင်းအားအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် HOMES@PONNAMI
(၃) စီးပွားရေးလုပ်ဖို့ မြေကွက်သီးသန့်ဝယ်လိုသူများအတွက် Ponnami Estate မြေကွက်များ
(၄) ဝယ်ယူပြီးချက်ချင်းအသင့်နေနိုင်တဲ့ Ponnami Cottage လုံးချင်းအိမ်များဖြစ်ကြသည်။
Ponnami Estate သည်
ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ Developer ကိုယ်တိုင် လုံခြုံရေးအပြည့် တာဝန်ယူထားသောကြောင့် အိမ်ရာအတွင်း Privacy ကောင်းကောင်းဖြင့် နွေးထွေးလုံခြုံစိတ်ချစွာဖြင့် နေထိုင်နိုင်မည်။
Facilities အပြည့်အစုံပါဝင်သည့် အဆင့်မြင့်အိမ်ရာစီမံကိန်းလည်းဖြစ်သည်။နေထိုင်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အပြင်ထွက်ရန်မလိုအပ်သည့် အထောက်အပံ့များနှင့် ပြည့်စုံသောအိမ်ရာဝန်းအဖြစ် ဖန်တီးပေးထားသည်။
ရွှေတိဂုံစေတီ၊ ရန်ကုန်မြို့လယ် ၊ ရန်ကုန်လေဆိပ် ၊ အဝေးပြေးကားဂိတ် ၊တိုင်းရင်းသားကျေးရွာနှင့် City Mart (ဒဂုံဆိပ်ကမ်း ) တို့ကိုလည်း အလွယ်တကူသွားရောက်နိုင်သည်။
" Ponnami Estate စီမံကိန်းအိမ်ရာများဟာ နာမည်ကြီး Shwe Taung Real Estate မှဆောက်လုပ်ထားတာကြောင့် အရည်အသွေးပိုင်းမှာစိတ်ချယုံကြည်ရစေပါတယ်။ အထူးသက်သာခွင့်များနဲ့လည်းရောင်းချပေးထားလို့နေဖို့ဖြစ်စေ ၊ ရင်းနှီးဖို့အတွက်ဖြစ်စေ အတော်ကိုသင့်တော်ပါတယ် ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
နာမည်ကြီး Ponnami Estate အတွင်းရှိ တိုက်ခန်း၊ လုံးချင်းအိမ်များ နှင့် မြေကွက်များ အရောင်းပြပွဲ ကျင်းပပြလုပ်ခဲ့
Ponnami Estate သည်
iMyanmarHouse.com