[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ BCC ကျပြီး အသင့်နေထိုင်နိုင်သည့် ရန်ကင်းမြို့နယ်ရှိ အချက်အချာနေရာက ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲကို ဇူလိုင်လ (၂၀) ရက် နှင့် (၂၁) ရက်နေ့များတွင် Shwe Moe Kaung Condo ၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့သည်။
ဝယ်ယူသူများကို အရောင်းပြပွဲ ပရိုမိုးရှင်းအဖြစ် 15% Discount ၊ 100% bank transfer (Special) စသည့် အထူးသက်သာခွင့်များဖြင့် ရောင်းချခဲ့သည်။
ရွှေမိုးကောင်းကွန်ဒို သည် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ် တွင်တည်ရှိသည်။BCC ကျပြီး ဖြစ်၍ ဝယ်ယူပြီး အသင့်နေထိုင်နိုင်သည်။
ဝယ်ယူသူအမည်ပေါက် Owner Book ရရှိနိုင်မည်အပြင် တစ်ခန်းဝယ်ယူပါက ကားပါကင် တစ်စီးစာ ရပ်နားနိုင်သည့် နေရာတစ်နေရာ ရရှိမည်။
ရေကူးကန် ၊ အားကစားခန်းမ ၊ Outdoor Garden Area ၊ Retail Shops ၊ City Mart Super Market စသည့် ကွန်ဒို Facilities များလည်း အပြည့်အစုံပါဝင်သည်။
(၁၂) ထပ် အမြင့်ရှိသော အဆောက်အအုံ (၁၀) လုံးကို နာမည်ရ Great Master Construction မှ အရည်အသွေးပြည့်မီစွာတည်ဆောက်ထားသောကြောင့် အဆောက်အအုံ ခိုင်ခံ့မှုအတွက်လည်း စိတ်ချရသည်။
အင်းယားကန် ၊ Yankin Center ၊ ရန်ကင်းကလေးဆေးရုံ ၊ Myanmar Plaza ၊ Sedona Hotel ၊ International School တို့အနီးတွင် တည်ရှိသောကြောင့် သွားရေးလာရေး လွယ်ကူပြီး တစ်နေ့တာ ကိစ္စရပ်များအတွက်လည်း အဆင်ပြေလွယ်ကူစေသည်။Decoration အပြည့်အစုံ ပါဝင်သဖြင့် ထပ်မံ၍ မွမ်းမံပြုပြင်ရန်မလိုပေ။
" ရွှေမိုးကောင်းကွန်ဒို ဟာ အချက်အချာကျတဲ့ ရန်ကင်းမြို့နယ်မှာ တည်ရှိတဲ့အပြင် BCC ကျပြီးသားဖြစ်လို့ ဝယ်ယူပြီးတာနဲ့အသင့်နေထိုင်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အရောင်းပြပွဲအတွင်း လာရောက်ဝယ်ယူသူများ အထူးသက်သာခွင့်များဖြင့် ရောင်းချပေးခဲ့ပါတယ် ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားသွားသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
BCC ကျပြီး အသင့်နေထိုင်နိုင်သည့် ရန်ကင်းမြို့နယ်ရှိ အချက်အချာနေရာက ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့
iMyanmarHouse.com