[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouseနှင့် CarsDB တို့မှကြီးမှူး၍ 25 & 26 May 2024 (စနေ ၊ တနင်္ဂနွေ) နေ့တွင် ဗိုလ်ချုပ်လမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့် ၊ ရန်ကုန် (ဗိုလ်ချုပ်ဈေးအရှေ့) ၊Junction City (1st floor - Promotion Area) နှင့် ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်မြို့ HOMES@PONNAMI Sales Gallery ၌ အရောင်းပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
HOMES@PONNAMI သည် ရွှေလီလမ်းနှင့် ပုဏ္ဏမီလမ်းထောင့် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ ၁၂ ထပ်အမြင့်ရှိသော အဆောက်အဦးဖြစ်ပြီး တစ်လွှာတွင် ၁၆ ခန်းသာပါရှိသည်။1 BR / 2 BR / 3 BR စသည်ဖြင့် sqft အလိုက် စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မည်။ အိုးအိမ်မှ Owner Book ရရှိမည်ဖြစ်၍ ပိုင်ဆိုင်မှုခိုင်မာသည်။Facilities များအနေဖြင့် အားကစားပြုလုပ်နိုင်မည့် နေရာများ ၊ ကလေးကစားကွင်း ၊ ပန်းဥယျာဉ်နှင့် လျှောက်လမ်းများ ၊ ၃ဧက ခန့်ကျယ်ဝန်းသည့် Community Park ၊ ဈေး ၊ စားသောက်ဆိုင် ၊ Supermarket ၊ Convenience Store ၊ Solar Power ၊ CCTV ၊ Lift ၊ Gated Community ၊အမှိုက်စို ၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်းနှင့် Fiber to home ကွန်ယက်ဆက်သွယ်ခြင်းတို့ ပါဝင်သည့် အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်သောကြောင့် လက်လွတ်မခံဘဲဝယ်ယူထားသင့်သည်။ ပြပွဲ (၂) ရက်အတွင်း တခါမှမပေးဖူးသော Special Discount ၊ (၂၅) နှစ် ဘဏ်အရစ်ကျတို့ဖြင့် ဝယ်ယူနိုင်မည်။ Mother's Day Promotion အဖြစ် EV ကား (၁) စီးကံစမ်းခွင့်အပြင် သိန်း (၁၀၀၀)ကျော် Lucky Draw Coupons များ စသည့် ပရိုမိုးရှင်းခံစားခွင့်များရရှိမည်။
“ ဒီတစ်ခါမှာတော့ လုံခြုံစိတ်ချရပြီး နွေးထွေးတဲ့ချစ်ခြင်းမေတ္တာများနဲ့ မိသားစုဘဝအိမ်မက်လေးကို ပြီးပြည့်စုံသော လူနေမှုဘဝအဆင့်အတန်းများစွာရှိတဲ့ HOMES@PONNAMI နဲ့အတူ အကောင်အထည်ဖော်လိုက်ပါ ” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
HOMES@PONNAMI မှာအခန်းဝယ်ပြီး EV ကားသစ်ကြီး ကံစမ်းနိုင်မည့် နောက်ဆုံးအခွင့်အရေး
iMyanmarHouse.com