2152 ကြိမ် ကြည့်ရှု့ ပြီး

ဝါကျွတ်အမှီ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့သော Special Housing Expo ကွန်ဒိုအထူးရောင်းပြပွဲ

Young Developer Holding Limited  နှင့် iMyanmarHouse.com မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် Novotel Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဝါကျွတ်အမှီ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့သော Special Housing Expo ကွန်ဒိုအထူးရောင်းပြပွဲ

နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်ကြသည့် iGREEN DevelopmentLiving Sqrare  ၊ Naing GroupNay Ga Bar MyanmarNgapali Construction Resources Group GlobalShwe ZaBuDeik တို့မှ အလုံ ၊ စမ်းချောင်း ၊ လှိုင် ၊ ကျောက်တံတား ၊ ဗဟန်း ၊ ကမာရွတ် ၊ ဗိုလ်တစ်ထောင် ၊ တာမွေ ၊ ဒဂုံ ၊ အင်းစိန် ၊ ရန်ကင်း ၊ သင်္ဃန်းကျွန်း ၊ မင်္ဂလာတောင်ညွှန့်  နှင့် မရမ်းကုန်း မြို့ နယ်များရှိ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး ကွန်ဒို Project ပေါင်း (၂၈) မျိုး ပါဝင်ရောင်းချခဲ့ကြောင်း သိရသည်။

ဝါကျွတ်အမှီ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့သော Special Housing Expo ကွန်ဒိုအထူးရောင်းပြပွဲ

" အခုပြလုပ်တဲ့ ပွဲက ကွန်ဒိုအမျိုးအစား အခန်းတွေကိုပဲ သီးသန့် ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မှန်းထားတာထက် ပွဲတက်ရောက်တဲ့သူ ပိုများပြီး အရောင်းအဝယ်တွေ ဖြစ်ကြလို့ ဂုဏ်ယူရပါတယ်။ တန်ဖိုးအားဖြင့် သိန်း ၂၀၀၀ ကျော်မှ စတဲ့ ကွန်ဒိုတွေ ဝယ်ချင်သူတွေအတွက် အရမ်းအဆင်ပြေတာ တွေ့ ရပါတယ်။ " ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

ဝါကျွတ်အမှီ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့သော Special Housing Expo ကွန်ဒိုအထူးရောင်းပြပွဲ

iMyanmarHouse.com သည် မြန်မာနိုင်ငံ၏ နံပါတ်တစ် အားထားရာ အိမ်ခြံမြေ ဝဘ်ဆိုက် ဖြစ်သည့်အပြင် ယခုလို အိမ်ရာအရောင်းပြပွဲတွေ ကျင်းပတဲ့နေရာမှာ အလွန်အောင်မြင်ကြောင်း သိရသည်။ ယင်းအကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ " အဓိကကတော့ ကျွန်တော်တို့က အိမ်ခြံမြေဈေးကွက်ကို အမြဲ သုံးသပ်ပြီး ရောင်းသူ ၊ ဝယ်သူ နှစ်ဖက်လုံးရဲ့  လိုအပ်ချက်တွေ ပြည့်မီအောင် ကြိုးစားပေးတာကြောင့် ပွဲတိုင်း အဆင်ပြေနေတာပါ။ စေတနာထားလုပ်ဆောင်ပေးတာကို အများပြည်သူက အသိအမှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ထပ်မံ ပြုလုပ်မည့်ပွဲတိုင်းအတွက်လည်း ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရအောင် ကြိုးစားသွားမှာပါ။ " ဟု ဦးနေမင်းသူမှ ပြန်လည် ဖြေကြားခဲ့သည်။

ဝါကျွတ်အမှီ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်နိုင်ခဲ့သော Special Housing Expo ကွန်ဒိုအထူးရောင်းပြပွဲ

အခြား အိမ်ခြံမြေ ပွဲစဉ်များ

RAINFOREST Co., Ltd မှ တာဝန်ယူတည်ဆောက်နေသည့် ရန်ကုန်မြို့၏ အသည်းနှလုံးနေရာတွင်တည်ရှိနေသော AREA ONE BUSINESS Complex ရှိ Shophouses များအရောင်းပြပွဲ
မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီးမှပုံရိပ်များ
YADANAR BON အဆင့်မြင့်လူနေရပ်ကွက်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်မြေကွက်များအရောင်းပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့
Facilities ပြည့်စုံပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြောက်ဥက္ကလာရှိ MTH အသစ်စက်စက်ကွန်ဒို အရောင်းပြပွဲ
ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
တစ်လ (၄) သိန်းခွဲခန့်သွင်းရုံဖြင့် မရမ်းကုန်းမြို့နယ်တွင် တိုက်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိမည့် အရောင်းပြပွဲကျင်းပပြုလုပ်ခဲ့
တစ်လ (၁၀) သိန်းသာပေးသွင်းရန်လိုသည့် HOMES@PONNAMI အခန်းများကို စင်ကာပူနိုင်ငံတွင် အရောင်းပွဲပြုလုပ်ရောင်းချခဲ့
စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် (၅) လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
သိန်း (၅၀၀) ကျော်မှစတင်ပြီး ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံ တိုက်ခန်း ၊ မီနီကွန်ဒို ၊ လုံးချင်းနှင့် ၊ ကွန်ဒိုအခန်းများ အရောင်းပြပွဲ
ဂရန်အမည်ပေါက်လျှောက်ထားနိုင်မည့် Mon Thuwunna Bhumi အိမ်ရာစီမံကိန်း အရောင်းပြပွဲကြီးအရောင်းပြပွဲကြီး

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)