[Unicode]
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse နှင့် CarsDB တို့မှကြီးမှူး၍နှစ်သစ်ကူးပရိုမိုးရှင်း 0% Down Payment ဖြင့် ရောင်းချပေးသွားမည့် Dagon Thiri အိမ်ရာ Phase 2 အရောင်းပြပွဲကို ၂၀၂၃ ခုနှစ် ၊ဒီဇင်ဘာလ ၃၀ရက် မှ ၃၁ရက်နေ့တွင် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ မြဝတီမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့် ၊ တောင်ဒဂုံမြို့နယ်ရှိ Dagon Thiri Residenc တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။
မြဝတီမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့် ၊ တောင်ဒဂုံမြို့နယ် တွင်တည်ရှိပြီး စီးပွားရေး စက်မှုဇုန်များလည်းရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နေထိုင်ရန် သို့မဟုတ် ရင်းနှီးမြုပ်နှံရန် အတွက် အထူးသင့်တော်သည်။ ဂရန်မြေဖြစ်သောကြောင့် ပိုင်ဆိုင်မှုခိုင်မာပြီး ၁၀၀ % ဆောက်လုပ်ပြီး အသင့်တက်နေနိုင်သည်။ (၅၀ x ၇၀) ပေခန့်အကျယ်ရှိသောမြေပေါ်တွင် RC နှစ်ထပ်လုံးချင်းအိမ်များကိုဆောက်လုပ်ထားသည်။ လုံးချင်းအိမ်တစ်လုံးချင်းစီတွင် အိပ်ခန်း (၄) ခန်းဖွဲ့ပေးထားပြီး ပါကေးခင်းကာ အဆင့်မြင့်ပြင်ဆင်ပေးထားသည်။တစ်နေ့တာလိုအပ်ချက်များကို အလွယ်တကူဝယ်ယူနိုင်မည့် သင်္ဃန်းကျွန်းစံပြဈေး ၊ Pro 1 Home Mart၊ City Mall ၊ ပင်လုံဆေးရုံ၊ International School စသည့်နေရာများအနီးတွင်ရှိသည်။ သင်္ဃန်းကျွန်းစံပြဈေးမှ 10 မိနစ်ခန့်သာ ကားမောင်းရုံနှင့်ရောက်ရှိနိုင်သည်။
“ဒီတစ်ခါမှာတော့ Dagon Thiri အိမ်ရာ Phase2ကို ပထမဆုံးဝယ်ယူသူ (၁၀) ဦးအတွက် Up to 25% Discount၊ 0% Down Payment ဖြင့် (၁၅) နှစ်ဘဏ်အရစ်ကျ၊ 100%BankTransferတို့ဖြင့်ဝယ်ယူနိုင်မည်။နေထိုင်ရန်(သို့)ရင်းနှီးမြုပ်နှံရန်အထူးသင့်တော်သည့် နှစ်ထပ်လုံးချင်းများကို (၁၀) လုံးသာအကန့်အသတ်ဖြင့်ရောင်းချပေးသွားမည်။နေထိုင်ဖို့အတွက်ဝယ်ယူဖို့ စဉ်းစားထားတယ်ဆိုရင် ယုံကြည်စိတ်ချရပြီး ပိုင်ဆိုင်မှုခိုင်မာတဲ့အပြင် ဈေးလည်းတန်တဲ့ Dagon Thiri အိမ်ရာ Phase 2 ကို အမြန်ဆုံးဝယ်ယူထားမှ စိတ်ချရပါမယ်” ဟု iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
iMyanmarHouse.com