ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ

ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2021 1:26 pm တွင် တင်ခဲ့သည်
1548 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့ လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။

များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာ လက်ချောင်းလေးတွေ ကိုက်နေတတ်တဲ့အထိပါပဲ။

ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့ အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။

* မကြာခဏ နားပါ – အမြဲတမ်း ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကို ဆက်တိုက်ကြီး အသုံးပြုနေတာမျိုးကို လျှော့ချပါ။ တစ်နာရီမှာ ၄ ကြိမ်လောက် နားဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက လမ်းညွှန်ထားကြပါတယ်။

* လက်ချောင်းတွေကို နိမ့်နိမ့်ထားပါ – တစ်ချို့က စာရိုက်ရင် လက်ဖျားထိပ်လေးတွေနဲ့ ခပ်ဖွဖွရိုက်ရတာကို အားမရပါဘူး။ ကီးဘုတ်မြင့်မြင့်ကြီးတွေ သုံးတာ ဒါမှမဟုတ် အားကြီးနဲ့ဆောင့်ပြီး ရိုက်ရတာမျိုးကိုမှ ကျေနပ်ဖွယ်ရာလို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တမ်းက အားစိုက်ပြီး ပြင်းပြင်းထန်ထန်ရိုက်တာက လက်ချောင်းရိုးလေးတွေကို ပိုပြီးနာကျင်ကိုက်ခဲစေပါလိမ့်မယ်။

*နေသားတကျထိုင်ပါ – လက်ချောင်းနာကျင်မှုဟာ ထိုင်တဲ့ပုံစံ စနစ်မကျတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခွေခေါက်ပြီး ပုံမကျပန်းမကျထိုင်နေရင် လက်တွေလည်း ပုံမကျပန်းမကျဖြစ်နေမှာပါ။ ဒါကြောင့် ဆန့်ဆန့်ရံ့ရံ့လေးထိုင်မှ လက်လည်း သက်သာမှာပါ။

* လက်ဖျံရိုးရဲ့ အားကို သုံးပါ – အထူးသဖြင့် မောက်စ်ကို အသုံးပြုတဲ့အချိန်မျိုးတွေမှာ လက်ကောက်ဝတ်အားကိုသုံးတာမျိုးထက် လက်ဖျံရိုးက အားကို ပိုသုံးသင့်ပါတယ်။ ဒါမှ လက်ကောက်ဝတ်မှာ ထိခိုက်ဒါဏ်ရာရတာမျိုးကို ရှောင်လဲနိုင်မှာဖြစ်ပါတယ်။

* မောက်စ်မကြာခဏ ပြောင်းပါ – မောက်စ်တစ်မျိုးတည်းကို အကြာကြီးသုံးနေရင် လက်ကို ပုံစံတစ်မျိုးတည်းထားမိနေတတ်ပါတယ်။ ဒါကြောင့် မောက်စ်ကို မကြာခဏ လဲလှယ်အသုံးပြုသင့်ပါတယ်။

* ချိန်ညှိလို့ရတဲ့ ကီးဘုတ်မျိုးတွေ သုံးပါ – အသေတပ်ဆင်ထားတဲ့ လက်ပ်တော့ပ်ကီးဘုတ်မျိုးတွေထက် အောက်ခံဒေါက်ပါဝင်ပြီး အတင်အချလုပ်လို့ရတဲ့ ကီးဘုတ်မျိုးကို ပိုမိုရွေးချယ်အသုံးပြုသင့်ပါတယ်။ ဒါမှ လက်ကို ပုံစံတစ်မျိုးတည်းထားမိပြီး အညောင်းမိနေတာမျိုးကို ရှောင်လွှဲနိုင်မှာပါ။

* ကွန်ပျူတာချည်း ဆက်တိုက်သုံးမနေပါနဲ့ – အလုပ်ကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်မဆို ကွန်ပျူတာရှေ့ထိုင်ပြီးတာနဲ့ မထမ်းထိုင်နေမိတာမျိုး မဖြစ်ပါစေနဲ့။ ဒီလိုထိုင်နေတာက လက်ချောင်းလေးတွေအတွက်သာမက ခါးကိုလည်းထိခိုက်စေနိုင်သလို ကိုယ်အလေးချိန်လည်း တိုးစေနိုင်တာမို့ ရှောင်ကျဉ်သင့်တဲ့ အပြုအမူမျိုးပါ။ ဖြစ်နိုင်ရင် မကြာခဏ နားပေး၊ ကိုယ်လက်လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။

* မောက်စ်/ကီးဘုတ်တွေကို အားစိုက်ပြီး ဖိကိုင်မထားပါနဲ့ – ကီးဘုတ်ကြီးကို အားစိုက်ပြီး ဖိထားပြီးမှ စာရိုက်တာမျိုး၊ မောက်စ်ကို အားကြီးနဲ့ ကျပ်တည်းစွာကိုင်ပြီး အလုပ်လုပ်တာမျိုးတွေက လက်ကောက်ဝတ်နဲ့ လက်ချောင်းလေးတွေကို ရေရှည်မှာထိုခိုက်စေနိုင်တာမို့ ရှောင်ကျဉ်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ကြန္ပ်ဴတာ စာ႐ိုက္ရင္း လက္ေခ်ာင္းေလးေတြ မနာက်င္ေစဖို႔ နည္းလမ္းမ်ား

ေန႔စဥ္လုပ္ငန္းခြင္မွာ အသုံးျပဳေနတဲ့ ကြန္ပ်ဴတာေတြ၊ လူေနမႈဘဝထဲမွာ မ႐ွိမျဖစ္အရာေတြျဖစ္တဲ့ စမတ္ဖုန္းေတြကို အသုံးျပဳရာကေနျဖစ္လာတဲ့ လက္ေခ်ာင္းနာက်င္မႈကို Tech-Related Hand Pain (နည္းပညာဆက္ႏြယ္ လက္နာက်င္မႈေဝဒနာ) လို႔ ေခၚဆိုပါတယ္။ ဒီေဝဒနာက စာ႐ိုက္တာေတြ၊ ဖုန္းအသုံးျပဳတာေတြမ်ားလာတဲ့အခါ ျဖစ္တတ္တဲ့ နာက်င္ကိုက္ခဲမႈ ေဝဒနာတစ္မ်ိဳးပါ။

မ်ားေသာအားျဖင့္ေတာ့ ဆိုး႐ြားတဲ့က်န္းမာေရးျပႆနာမဟုတ္ေပမယ့္ ေန႔စဥ္နဲ႔အမွ် စိတ္အေႏွာင့္အယွက္ျဖစ္စရာအလြန္ေကာင္းၿပီး ခံစားရတဲ့ေဝဒနာကလည္း ဆိုးပါတယ္။ တစ္ခ်ိဳ႕လူေတြဆိုရင္ ညအိပ္ယာဝင္ခ်ိန္မွာ လက္ေခ်ာင္းေလးေတြ ကိုက္ေနတတ္တဲ့အထိပါပဲ။

ဒီလိုျပႆနာမ်ိဳးေတြ မၾကာခဏျဖစ္လာမယ္ဆိုရင္ေတာ့ အ႐ိုးအဆစ္နဲ႔သက္ဆိုင္တဲ့ျပႆနာေတြ ျဖစ္လာေတာ့မွာမို႔ သတိထားဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ ဒါေၾကာင့္ အၿမဲတမ္းကြန္ပ်ဴတာအသုံးျပဳေနသူေတြကို လက္ေခ်ာင္းေလးေတြ မနာမက်င္ေစဖို႔ ေ႐ွာင္က်ဥ္ရမယ့္ အခ်က္ေတြကို ေျပာျပေပးပါမယ္ေနာ္။

* မၾကာခဏ နားပါ – အၿမဲတမ္း ကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းကို ဆက္တိုက္ႀကီး အသုံးျပဳေနတာမ်ိဳးကို ေလွ်ာ့ခ်ပါ။ တစ္နာရီမွာ ၄ ႀကိမ္ေလာက္ နားဖို႔ လိုအပ္တယ္လို႔ ကြၽမ္းက်င္သူေတြက လမ္းၫႊန္ထားၾကပါတယ္။

* လက္ေခ်ာင္းေတြကို နိမ့္နိမ့္ထားပါ – တစ္ခ်ိဳ႕က စာ႐ိုက္ရင္ လက္ဖ်ားထိပ္ေလးေတြနဲ႔ ခပ္ဖြဖြ႐ိုက္ရတာကို အားမရပါဘူး။ ကီးဘုတ္ျမင့္ျမင့္ႀကီးေတြ သုံးတာ ဒါမွမဟုတ္ အားႀကီးနဲ႔ေဆာင့္ၿပီး ႐ိုက္ရတာမ်ိဳးကိုမွ ေက်နပ္ဖြယ္ရာလို႔ ထင္ျမင္တတ္ၾကပါတယ္။ တကယ္တမ္းက အားစိုက္ၿပီး ျပင္းျပင္းထန္ထန္႐ိုက္တာက လက္ေခ်ာင္း႐ိုးေလးေတြကို ပိုၿပီးနာက်င္ကိုက္ခဲေစပါလိမ့္မယ္။

*ေနသားတက်ထိုင္ပါ – လက္ေခ်ာင္းနာက်င္မႈဟာ ထိုင္တဲ့ပုံစံ စနစ္မက်တာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ေခြေခါက္ၿပီး ပုံမက်ပန္းမက်ထိုင္ေနရင္ လက္ေတြလည္း ပုံမက်ပန္းမက်ျဖစ္ေနမွာပါ။ ဒါေၾကာင့္ ဆန္႔ဆန္႔ရံ႕ရံ႕ေလးထိုင္မွ လက္လည္း သက္သာမွာပါ။

* လက္ဖ်ံ႐ိုးရဲ႕ အားကို သုံးပါ – အထူးသျဖင့္ ေမာက္စ္ကို အသုံးျပဳတဲ့အခ်ိန္မ်ိဳးေတြမွာ လက္ေကာက္ဝတ္အားကိုသုံးတာမ်ိဳးထက္ လက္ဖ်ံ႐ိုးက အားကို ပိုသုံးသင့္ပါတယ္။ ဒါမွ လက္ေကာက္ဝတ္မွာ ထိခိုက္ဒါဏ္ရာရတာမ်ိဳးကို ေ႐ွာင္လဲႏိုင္မွာျဖစ္ပါတယ္။

* ေမာက္စ္မၾကာခဏ ေျပာင္းပါ – ေမာက္စ္တစ္မ်ိဳးတည္းကို အၾကာႀကီးသုံးေနရင္ လက္ကို ပုံစံတစ္မ်ိဳးတည္းထားမိေနတတ္ပါတယ္။ ဒါေၾကာင့္ ေမာက္စ္ကို မၾကာခဏ လဲလွယ္အသုံးျပဳသင့္ပါတယ္။

* ခ်ိန္ညႇိလို႔ရတဲ့ ကီးဘုတ္မ်ိဳးေတြ သုံးပါ – အေသတပ္ဆင္ထားတဲ့ လက္ပ္ေတာ့ပ္ကီးဘုတ္မ်ိဳးေတြထက္ ေအာက္ခံေဒါက္ပါဝင္ၿပီး အတင္အခ်လုပ္လို႔ရတဲ့ ကီးဘုတ္မ်ိဳးကို ပိုမိုေ႐ြးခ်ယ္အသုံးျပဳသင့္ပါတယ္။ ဒါမွ လက္ကို ပုံစံတစ္မ်ိဳးတည္းထားမိၿပီး အေညာင္းမိေနတာမ်ိဳးကို ေ႐ွာင္လႊဲႏိုင္မွာပါ။

* ကြန္ပ်ဴတာခ်ည္း ဆက္တိုက္သုံးမေနပါနဲ႔ – အလုပ္ေၾကာင့္ပဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းေၾကာင့္မဆို ကြန္ပ်ဴတာေ႐ွ႕ထိုင္ၿပီးတာနဲ႔ မထမ္းထိုင္ေနမိတာမ်ိဳး မျဖစ္ပါေစနဲ႔။ ဒီလိုထိုင္ေနတာက လက္ေခ်ာင္းေလးေတြအတြက္သာမက ခါးကိုလည္းထိခိုက္ေစႏိုင္သလို ကိုယ္အေလးခ်ိန္လည္း တိုးေစႏိုင္တာမို႔ ေ႐ွာင္က်ဥ္သင့္တဲ့ အျပဳအမူမ်ိဳးပါ။ ျဖစ္ႏိုင္ရင္ မၾကာခဏ နားေပး၊ ကိုယ္လက္လႈပ္႐ွားေပးဖို႔ လိုအပ္ပါတယ္။

* ေမာက္စ္/ကီးဘုတ္ေတြကို အားစိုက္ၿပီး ဖိကိုင္မထားပါနဲ႔ – ကီးဘုတ္ႀကီးကို အားစိုက္ၿပီး ဖိထားၿပီးမွ စာ႐ိုက္တာမ်ိဳး၊ ေမာက္စ္ကို အားႀကီးနဲ႔ က်ပ္တည္းစြာကိုင္ၿပီး အလုပ္လုပ္တာမ်ိဳးေတြက လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းေလးေတြကို ေရ႐ွည္မွာထိုခိုက္ေစႏိုင္တာမို႔ ေ႐ွာင္က်ဥ္သင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service