ပိုင်ဆိုင်ခွင့် မရသေးသော်လည်း လက်ဝယ်ထားခွင့် ရှိသည့် အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ်များ

ပိုင်ဆိုင်ခွင့် မရသေးသော်လည်း လက်ဝယ်ထားခွင့် ရှိသည့် အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ်များ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2021 2:58 pm တွင် တင်ခဲ့သည်
1350 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

" အိမ် ၊ မြေကို အရပ်စာချုပ်နဲ့ ဝယ်ထားရင် လက်ရှိနေသူကပိုင်ဆိုင်တယ်ဆိုတာ ဟုတ်ပါသလား ''

မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး ရှုပ်ရှုပ်ထွေးထွေး မေးခွန်းကို မေးမြန်းဆွေးနွေးလာခြင်း ဖြစ်သည်။

''သူငယ်ချင်းရဲ့ မေးခွန်းက နှစ်ပိုင်းဖြစ်နေတယ်။ မြေနဲ့ အိမ်ကို အရပ်ကတိစာချုပ်နဲ့ ဝယ်ထားတယ်ဆိုတဲ့ အပိုင်းနဲ့ လက်ရှိနေထိုင်သူဆိုတဲ့ အပိုင်း နှစ်ခုဖြစ်နေတယ်။ အိမ်မြေ ဝယ်ထားသူက တစ်ဦးတစ်ယောက် ဖြစ်ပြီး လက်ရှိနေသူက အခြား တစ်ယောက် ဖြစ်နေလို့လား''

''သိချင်တာတွေကများတော့ လုံးထွေးပြီး ရှုပ်သွားတာပါ။ အခုကိစ္စက အဝယ်ထပ်နေတယ်လို့ ပြောရမယ်ထင်တယ်''

''အိမ်မြေပိုင်ရှင်တွေက ရောင်းပြီးသား မြေနဲ့ အိမ်ကို ထပ်ရောင်းတဲ့ သဘောလား''

''အင်း အဲဒီလိုပဲ ပြောရတော့မယ်။ ပထမဆုံးအနေနဲ့ မြေနဲ့ အိမ်ရှင်က ဒေါ်မြဆိုသူကို အရပ်ကတိ စာချုပ်နဲ့ ရောင်းထားတယ်''

''ရောင်းဖိုးငွေအကြေချေတယ်ပေါ့။ စာချုပ်ထဲမှာဘယ်လိုရေးထားလဲ''

''စာချုပ်ထဲမှာတော့ ရောင်းဖိုး အကြေချေပြီးလို့ ရေးထားတယ်။ ပစ္စည်းလက်ရောက်ပေးအပ်တယ်လို့ ဖော်ပြပေမယ့် အိမ်ရှင်တွေက ရောင်းထားတဲ့ မြေနဲ့ အိမ်ပေါ်မှာပဲ ရှိနေသေးတယ်''

''ရောင်းထားတာ မသိတော့၊ နောက်လူက ဝယ်လိုက်တယ်ပေါ့''

''ရောင်းတဲ့ပိုင်ရှင်ကိုယ်တိုင် အဲဒီ အိမ်မှာနေတော့လည်း ပြဿနာမရှိဘူးလို့ ထင်တာပေါ့။ ပထမတော့ သတင်းစာထဲ ထည့်ဖို့စဉ်းစားမိပါ သေးတယ်''

''ဒါဆို သတင်းစာထဲမှာ ကန့်ကွက်ရန် ရှိ မရှိ မထည့်ဖြစ်ဘူးပေါ့''

''ဂရန်အမည်ပေါက်ကိုယ်တိုင် ဖြစ်နေတော့ မထည့်ဖြစ်ခဲ့ဘူး''

''ဒါနဲ့ ငွေအကြေချေလိုက်တယ် ပေါ့''

''ဟုတ်ပါတယ်။ သမီးဖြစ်သူက နယ်မှာ အလုပ်ရှိတော့ ငွေအကြေ ချေဖို့ ရက်ကို ခုနစ်ရက်အတွင်း သဘောတူခဲ့တယ်။ ငွေချေတဲ့နေ့မှာပဲ အိမ်ကို လက်ရောက်အပ်ခဲ့တယ်''

''အခု ဘယ်သူနေလဲ''

''တို့ မိသားစုနေကြတယ်''

''တို့ မိသားစုဆိုတာက ဘယ်သူတွေလဲ''

''သမီးက နယ်မှာ အလုပ်ရှိတော့ ငါရယ် ငါ့ဇနီးရယ် မြေးလေးရယ် နေတယ်ပေါ့''

''အခု ဘယ်လိုဖြစ်လာသလဲ''

''ရပ်ကွက်ရုံးမှာ ယခင်ဝယ်ထားသူက တွေ့ဆုံဖို့ဆိုပြီး ခေါ်တယ်။ အဲဒီတော့မှ ယခင်ရောင်းပြီးသားအိမ်နဲ့ မြေကို ထပ်ရောင်းခဲ့တယ်ဆိုတာ သိလိုက်ရတယ်''

''တစ်ခုတော့ရှိတယ်။ ဂရန် မူရင်းတွေက ဘယ်သူ့ဆီမှာရှိသလဲ''

''ငါတို့ဆီမှာရှိတယ်။ ရောင်းသူ က ပြောတာတော့ ငွေချေးထားတာ ပြန်ဆပ်ပြီးသားလို့ ပြောတာပဲ၊ အဲဒါ တရားစွဲမယ် ပြောလို့ ငါတို့ မိသားစုပါ တရားစွဲခံ ရမှာလားဆိုတာ သိချင်တယ်။ ပြီးတော့ ငါတို့ နေထားတာ ဆိုတော့ ပိုင်ဆိုင်ခွင့် မရနိုင်ဘူးလား'' ''ဥပဒေအရ ပြောရရင်တော့ အိမ်မြေအရောင်းအဝယ် စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင် အက် ဥပဒေနဲ့ အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ချုပ်ဆိုမှ အရောင်းအဝယ်တရားဝင်ပြီး ဝယ်သူက ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်''

''အခုကိစ္စက ဝယ်ထားသူနှစ်ဦးလုံးက မှတ်ပုံတင် စာချုပ် မချုပ်ရ သေးဘူး။ အရပ်ကတိစာချုပ်တွေနဲ့ပဲ ဝယ်ထားတာဆိုတော့ ဘယ်လိုဖြစ်နိုင်သလဲ''

''ပထမဝယ်ထားသူကလည်း အရပ်စာချုပ်နဲ့ပဲ ဝယ်ထားတယ်ဆိုတော့ ဥပဒေအရ ပြောရရင်နှစ်ဦးလုံး ဥပဒေနဲ့အညီ ပိုင်ဆိုင်မှု မရသေးဘူး လို့ပဲ ပြောရမယ်''

''မှတ်ပုံတင် အရောင်းစာချုပ် ချုပ်လိုက်ရင်တော့ တရားဝင်ပိုင်ဆိုင်လာမှာပေါ့နော်''

''သူငယ်ချင်း လက်ထဲမှာ ဂရန် မူရင်းရှိတယ်ဆိုတော့ ရောင်းသူနဲ့ ဝယ်သူ ပေးဆောင်ရမယ့် အခွန်အခတွေဆောင်ပြီး မှတ်ပုံတင်အရောင်း အဝယ် စာချုပ်ပြုလုပ်နိုင်တဲ့ အခွင့်အရေးတော့ ရှိတယ်''

''တစ်ဖက်က ကန့်ကွက်ထားတယ်ဆိုတော့''

''ပထမဝယ်လက်က သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေပုံကူးဌာန မြေတိုင်း ဌာနတွေမှာ ကန့်ကွက်လွှာတင်ထား ရင်တော့ အခက်အခဲ ရှိနိုင်တာပေါ့။ တစ်ခုတော့ရှိတယ် ပထမဝယ်သူ လက်ထဲမှာ ဂရန်မူရင်းတစ်စောင်ရှိ မရှိ စုံစမ်းကြည့်ဖို့တော့ လိုမယ်''

''ရပ်ကွက်ကောင်စီရုံးမှာ ပြောဆိုကြစဉ်ကတော့ ပထမဝယ်သူ လက်ထဲမှာ ဂရန်မူရင်း မရှိဘူးလို့ သိရတယ်။ ဓာတ်ပုံမိတ္တူတော့ရှိတယ် ထင်တယ်။ တကယ်လို့ ပထမဝယ်ထားသူက တရားစွဲလာရင် ဘယ်လို ဖြစ်နိုင်သလဲ''

''အစောက ပြောခဲ့သလို အိမ် မြေ ဝယ်ထားသူနှစ်ဦးလုံးဟာ အရပ် ကတိစာချုပ်နဲ့ ဝယ်ထားကြတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ပိုင်ရှင် ဖြစ်မလာသေးဘူးလို့ ပြောရမယ်''

''ဒါဆို ဝယ်သူနှစ်ဦးလုံးက မပိုင်ပဲ ရောင်းသူကသာ မြေနဲ့အိမ်ကို ပိုင်နေတဲ့ သဘောဖြစ်နေမှာပေါ့''

''ဒါပေမယ့် သူငယ်ချင်းအနေနဲ့ ရောင်းဖိုးငွေအပြီးချေပြီး လက်ဝယ် ရရှိနေထိုင်သူတွေဖြစ်တဲ့အတွက် မြေနဲ့အိမ်ကို လက်ရှိထားပိုင်ခွင့် (Possessory title) ရရှိမှာဖြစ်တယ်''

''ပိုင်ဆိုင်ခွင့်မရသေးပေမယ့် နေပိုင်ခွင့်တော့ ဥပဒေအရ ရပိုင်ခွင့် ရှိမယ် ပေါ့နော်''

''မှန်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဒေါ်မြမြနှင့် ဦးမောင်မောင်ရွှေ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၈၅ အမှုမှာ

*** အချင်းဖြစ်မြေနှင့် အိမ်ကို ဝယ်ယူထားကြသူနှစ်ဦး နှစ်ဖက်လုံးသည် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄၊ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ တို့အရ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုရခြင်းမရှိသေးသည့် အရောင်း အဝယ် ကတိစာချုပ်များသာဖြစ်သဖြင့် ပိုင်ရှင်မဖြစ်ကြသေးပေ။ ဝယ်ယူပြီး အချင်းဖြစ်အိမ်ကို လက်ရှိဖြစ်သူသည် လက်ရှိထားပိုင်ခွင့် (Possessory title) ရရှိမည် ဖြစ်ကြောင်း *** လို့ ဆုံးဖြတ်ထားပါတယ်''

''ဒါဆိုရင် ဥပဒေနဲ့အညီနေပိုင်ခွင့်တော့ ရှိတယ်ပေါ့နော်''

''ဟုတ်ပါတယ်။ အကောင်းဆုံး အကြံပေးချင်တာကတော့ မြေနဲ့အိမ်ကို ဝယ်မယ်ဆိုရင် ဥပဒေနဲ့အညီ မှတ်ပုံတင်စာချုပ် ချုပ်ဆိုကြပါလို့ အကြံပေးချင်တယ် သူငယ်ချင်း။ ဒါမှ ဥပဒေနဲ့အညီ တရားဝင်ပိုင်ရှင်ဖြစ်လာမည် ဖြစ်ကြောင်း အကြံပြုဆွေး နွေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ပိုင္ဆိုင္ခြင့္ မရေသးေသာ္လည္း လက္ဝယ္ထားခြင့္ ရွိသည့္ အိမ္ၿခံေျမ အေရာင္းအဝယ္ အရပ္စာခ်ဳပ္မ်ား

" အိမ္ ၊ ေျမကို အရပ္စာခ်ဳပ္နဲ႔ ဝယ္ထားရင္ လက္ရွိေနသူကပုိင္ဆုိင္တယ္ဆုိတာ ဟုတ္ပါသလား ''

မိတ္ေဆြတစ္ဦးက စာေရးသူထံ ေရာက္လာၿပီး ႐ႈပ္႐ႈပ္ေထြးေထြး ေမးခြန္းကို ေမးျမန္းေဆြးေႏြးလာျခင္း ျဖစ္သည္။

''သူငယ္ခ်င္းရဲ႕ ေမးခြန္းက ႏွစ္ပိုင္းျဖစ္ေနတယ္။ ေျမနဲ႔ အိမ္ကို အရပ္ကတိစာခ်ဳပ္နဲ႔ ဝယ္ထားတယ္ဆုိတဲ့ အပုိင္းနဲ႔ လက္ရွိေနထုိင္သူဆုိတဲ့ အပိုင္း ႏွစ္ခုျဖစ္ေနတယ္။ အိမ္ေျမ ဝယ္ထားသူက တစ္ဦးတစ္ေယာက္ ျဖစ္ၿပီး လက္ရွိေနသူက အျခား တစ္ေယာက္ ျဖစ္ေနလုိ႔လား''

''သိခ်င္တာေတြကမ်ားေတာ့ လုံးေထြးၿပီး ႐ႈပ္သြားတာပါ။ အခုကိစၥက အဝယ္ထပ္ေနတယ္လုိ႔ ေျပာရမယ္ထင္တယ္''

''အိမ္ေျမပုိင္ရွင္ေတြက ေရာင္းၿပီးသား ေျမနဲ႔ အိမ္ကို ထပ္ေရာင္းတဲ့ သေဘာလား''

''အင္း အဲဒီလုိပဲ ေျပာရေတာ့မယ္။ ပထမဆုံးအေနနဲ႔ ေျမနဲ႔ အိမ္ရွင္က ေဒၚျမဆုိသူကုိ အရပ္ကတိ စာခ်ဳပ္နဲ႔ ေရာင္းထားတယ္''

''ေရာင္းဖုိးေငြအေၾကေခ်တယ္ေပါ့။ စာခ်ဳပ္ထဲမွာဘယ္လုိေရးထားလဲ''

''စာခ်ဳပ္ထဲမွာေတာ့ ေရာင္းဖုိး အေၾကေခ်ၿပီးလုိ႔ ေရးထားတယ္။ ပစၥည္းလက္ေရာက္ေပးအပ္တယ္လုိ႔ ေဖာ္ျပေပမယ့္ အိမ္ရွင္ေတြက ေရာင္းထားတဲ့ ေျမန႔ဲ အိမ္ေပၚမွာပဲ ရွိေနေသးတယ္''

''ေရာင္းထားတာ မသိေတာ့၊ ေနာက္လူက ဝယ္လုိက္တယ္ေပါ့''

''ေရာင္းတဲ့ပိုင္ရွင္ကိုယ္တုိင္ အဲဒီ အိမ္မွာေနေတာ့လည္း ျပႆနာမရွိဘူးလုိ႔ ထင္တာေပါ့။ ပထမေတာ့ သတင္းစာထဲ ထည့္ဖုိ႔စဥ္းစားမိပါ ေသးတယ္''

''ဒါဆုိ သတင္းစာထဲမွာ ကန္႔ကြက္ရန္ ရွိ မရွိ မထည့္ျဖစ္ဘူးေပါ့''

''ဂရန္အမည္ေပါက္ကိုယ္တုိင္ ျဖစ္ေနေတာ့ မထည့္ျဖစ္ခဲ့ဘူး''

''ဒါနဲ႔ ေငြအေၾကေခ်လုိက္တယ္ ေပါ့''

''ဟုတ္ပါတယ္။ သမီးျဖစ္သူက နယ္မွာ အလုပ္ရွိေတာ့ ေငြအေၾက ေခ်ဖုိ႔ ရက္ကို ခုနစ္ရက္အတြင္း သေဘာတူခဲ့တယ္။ ေငြေခ်တဲ့ေန႔မွာပဲ အိမ္ကုိ လက္ေရာက္အပ္ခဲ့တယ္''

''အခု ဘယ္သူေနလဲ''

''တုိ႔ မိသားစုေနၾကတယ္''

''တုိ႔ မိသားစုဆုိတာက ဘယ္သူေတြလဲ''

''သမီးက နယ္မွာ အလုပ္ရွိေတာ့ ငါရယ္ ငါ့ဇနီးရယ္ ေျမးေလးရယ္ ေနတယ္ေပါ့''

''အခု ဘယ္လုိျဖစ္လာသလဲ''

''ရပ္ကြက္႐ုံးမွာ ယခင္ဝယ္ထားသူက ေတြ႔ဆုံဖုိ႔ဆုိၿပီး ေခၚတယ္။ အဲဒီေတာ့မွ ယခင္ေရာင္းၿပီးသားအိမ္နဲ႔ ေျမကို ထပ္ေရာင္းခဲ့တယ္ဆုိတာ သိလုိက္ရတယ္''

''တစ္ခုေတာ့ရွိတယ္။ ဂရန္ မူရင္းေတြက ဘယ္သူ႔ဆီမွာရွိသလဲ''

''ငါတုိ႔ဆီမွာရွိတယ္။ ေရာင္းသူ က ေျပာတာေတာ့ ေငြေခ်းထားတာ ျပန္ဆပ္ၿပီးသားလုိ႔ ေျပာတာပဲ၊ အဲဒါ တရားစြဲမယ္ ေျပာလုိ႔ ငါတုိ႔ မိသားစုပါ တရားစြဲခံ ရမွာလားဆုိတာ သိခ်င္တယ္။ ျပီးေတာ့ ငါတုိ႔ ေနထားတာ ဆုိေတာ့ ပုိင္ဆုိင္ခြင့္ မရႏုိင္ဘူးလား'' ''ဥပေဒအရ ေျပာရရင္ေတာ့ အိမ္ေျမအေရာင္းအဝယ္ စာခ်ဳပ္ကို စာခ်ဳပ္စာတမ္းမွတ္ပုံတင္ အက္ ဥပေဒနဲ႔ အညီ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ ခ်ဳပ္ဆုိမွ အေရာင္းအဝယ္တရားဝင္ၿပီး ဝယ္သူက ပုိင္ဆုိင္ခြင့္ရမွာျဖစ္တယ္''

''အခုကိစၥက ဝယ္ထားသူႏွစ္ဦးလုံးက မွတ္ပုံတင္ စာခ်ဳပ္ မခ်ဳပ္ရ ေသးဘူး။ အရပ္ကတိစာခ်ဳပ္ေတြနဲ႔ပဲ ဝယ္ထားတာဆုိေတာ့ ဘယ္လုိျဖစ္ႏုိင္သလဲ''

''ပထမဝယ္ထားသူကလည္း အရပ္စာခ်ဳပ္နဲ႔ပဲ ဝယ္ထားတယ္ဆုိေတာ့ ဥပေဒအရ ေျပာရရင္ႏွစ္ဦးလုံး ဥပေဒနဲ႔အညီ ပိုင္ဆုိင္မႈ မရေသးဘူး လုိ႔ပဲ ေျပာရမယ္''

''မွတ္ပုံတင္ အေရာင္းစာခ်ဳပ္ ခ်ဳပ္လုိက္ရင္ေတာ့ တရားဝင္ပုိင္ဆုိင္လာမွာေပါ့ေနာ္''

''သူငယ္ခ်င္း လက္ထဲမွာ ဂရန္ မူရင္းရွိတယ္ဆုိေတာ့ ေရာင္းသူနဲ႔ ဝယ္သူ ေပးေဆာင္ရမယ့္ အခြန္အခေတြေဆာင္ၿပီး မွတ္ပုံတင္အေရာင္း အဝယ္ စာခ်ဳပ္ျပဳလုပ္ႏုိင္တဲ့ အခြင့္အေရးေတာ့ ရွိတယ္''

''တစ္ဖက္က ကန္႔ကြက္ထားတယ္ဆုိေတာ့''

''ပထမဝယ္လက္က သက္ဆုိင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ေျမပုံကူးဌာန ေျမတုိင္း ဌာနေတြမွာ ကန္႔ကြက္လႊာတင္ထား ရင္ေတာ့ အခက္အခဲ ရွိႏုိင္တာေပါ့။ တစ္ခုေတာ့ရွိတယ္ ပထမဝယ္သူ လက္ထဲမွာ ဂရန္မူရင္းတစ္ေစာင္ရွိ မရွိ စုံစမ္းၾကည့္ဖုိ႔ေတာ့ လုိမယ္''

''ရပ္ကြက္ေကာင္စီ႐ုံးမွာ ေျပာဆိုၾကစဥ္ကေတာ့ ပထမဝယ္သူ လက္ထဲမွာ ဂရန္မူရင္း မရွိဘူးလုိ႔ သိရတယ္။ ဓာတ္ပုံမိတၱဴေတာ့ရွိတယ္ ထင္တယ္။ တကယ္လုိ႔ ပထမဝယ္ထားသူက တရားစြဲလာရင္ ဘယ္လုိ ျဖစ္ႏုိင္သလဲ''

''အေစာက ေျပာခဲ့သလုိ အိမ္ ေျမ ဝယ္ထားသူႏွစ္ဦးလုံးဟာ အရပ္ ကတိစာခ်ဳပ္နဲ႔ ဝယ္ထားၾကတာျဖစ္တဲ့အတြက္ ဥပေဒနဲ႔အညီ ပုိင္ရွင္ ျဖစ္မလာေသးဘူးလုိ႔ ေျပာရမယ္''

''ဒါဆုိ ဝယ္သူႏွစ္ဦးလုံးက မပိုင္ပဲ ေရာင္းသူကသာ ေျမနဲ႔အိမ္ကို ပိုင္ေနတဲ့ သေဘာျဖစ္ေနမွာေပါ့''

''ဒါေပမယ့္ သူငယ္ခ်င္းအေနနဲ႔ ေရာင္းဖုိးေငြအၿပီးေခ်ၿပီး လက္ဝယ္ ရရွိေနထုိင္သူေတြျဖစ္တဲ့အတြက္ ေျမနဲ႔အိမ္ကို လက္ရွိထားပုိင္ခြင့္ (Possessory title) ရရွိမွာျဖစ္တယ္''

''ပုိင္ဆုိင္ခြင့္မရေသးေပမယ့္ ေနပုိင္ခြင့္ေတာ့ ဥပေဒအရ ရပိုင္ခြင့္ ရွိမယ္ ေပါ့ေနာ္''

''မွန္ပါတယ္။ သူငယ္ခ်င္းကို ရွင္းေအာင္ ေျပာရရင္ တရား႐ုံးခ်ဳပ္ က ဆုံးျဖတ္ထားတဲ့ ေဒၚျမျမႏွင့္ ဦးေမာင္ေမာင္ေရႊ ၁၉၉၇ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၈၅ အမႈမွာ

*** အခ်င္းျဖစ္ေျမႏွင့္ အိမ္ကို ဝယ္ယူထားၾကသူႏွစ္ဦး ႏွစ္ဖက္လုံးသည္ ပစၥည္းလႊဲေျပာင္းေရး အက္ဥပေဒ ပုဒ္မ ၅၄၊ မွတ္ပုံတင္ အက္ဥပေဒ ပုဒ္မ ၁၇ တုိ႔အရ မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိရျခင္းမရွိေသးသည့္ အေရာင္း အဝယ္ ကတိစာခ်ဳပ္မ်ားသာျဖစ္သျဖင့္ ပုိင္ရွင္မျဖစ္ၾကေသးေပ။ ဝယ္ယူၿပီး အခ်င္းျဖစ္အိမ္ကို လက္ရွိျဖစ္သူသည္ လက္ရွိထားပုိင္ခြင့္ (Possessory title) ရရွိမည္ ျဖစ္ေၾကာင္း *** လုိ႔ ဆုံးျဖတ္ထားပါတယ္''

''ဒါဆုိရင္ ဥပေဒနဲ႔အညီေနပိုင္ခြင့္ေတာ့ ရွိတယ္ေပါ့ေနာ္''

''ဟုတ္ပါတယ္။ အေကာင္းဆုံး အႀကံေပးခ်င္တာကေတာ့ ေျမနဲ႔အိမ္ကို ဝယ္မယ္ဆုိရင္ ဥပေဒနဲ႔အညီ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိၾကပါလုိ႔ အႀကံေပးခ်င္တယ္ သူငယ္ခ်င္း။ ဒါမွ ဥပေဒနဲ႔အညီ တရားဝင္ပိုင္ရွင္ျဖစ္လာမည္ ျဖစ္ေၾကာင္း အႀကံျပဳေဆြး ေႏြးလုိက္ပါသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

kt
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service