အိန္ဒိယမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းနှင့်ဓာတ်မတည့်သူများ ၎င်းဆေးမထိုးရန် အကြံပြုခံရ

အိန္ဒိယမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းနှင့်ဓာတ်မတည့်သူများ ၎င်းဆေးမထိုးရန် အကြံပြုခံရ - Property News in Myanmar from iMyanmarHouse.com
21 Jan 2021 12:18 pm တွင် တင်ခဲ့သည်
6619 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကာကွယ်ဆေး Covidshield တွင် ပါဝင်ပစ္စည်းတစ်ခုခုနှင့် ပြင်းပြင်းထန်ထန်ဓာတ်မတည့်သူများအနေဖြင့် ၎င်းကာကွယ်ဆေးအား မထိုးကြရန် ၎င်းကာကွယ်‌ဆေးကို ထုတ်လုပ်သော အိန္ဒိယ‌ကုမ္ပဏီ Serum Institute of India က အကြံပြုလိုက်သည်။

ထို့အပြင် ပထမတစ်လုံးထိုးပြီးနောက် ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုဖြစ်ပွားလျှင်လည်း နောက်ထပ်တစ်လုံးကို ထပ်မထိုးသင့်ဟုပါ Serum Institute of India ၏ Covidshield ကာကွယ်ဆေး ထိုးနှံမှုခံယူမည့်သူများ ဖတ်ရှုရန်အချက်အလက်အချုပ်တွင် ဖော်ပြချက်အရ သိရသည်။

Covidshield ကာကွယ်ဆေးတွင် ပါဝင်ပစ္စည်းများမှာ L-Histidine ၊ L-Histidine hydrochloride monohydrate ၊ Magnesium chloride hexahydrate ၊ Polysorbate 80 ၊ Ethanol ၊ Sucrose ၊ Sodium chloride ၊ Disodium edetate dihydrate (EDTA) နှင့် ထိုးဆေးအတွက်ရည်ရွယ်သည့် (ညစ်ညမ်းမှုမရှိ) အရည်အသွေးအလွန်ကောင်းသောရေ တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Serum Institute of India ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်သူဖြစ်သည်။ ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ထိုဖတ်ရှုရန်အချက်အလက်အချုပ်သည် ကာကွယ်ဆေးထိုးနှံမှုခံယူမည့်သူများအား Covidshield ကာကွယ်ဆေး၏ အန္တရာယ်နှင့် အကျိုး‌ကျေးဇူးများကို နားလည်နိုင်စေရန်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုခံယူမည့်သူများသည် ကာကွယ်ဆေးမထိုးမီ (Covidshield ကာကွယ်ဆေးတွင် ပါဝင်ပစ္စည်းတစ်ခုခု သို့မဟုတ် ကာကွယ်ဆေးတစ်ခုခု၊ အစားအစာတစ်ခုခု၊ ဆေးဝါးတစ်ခုခုနှင့် ပြင်းပြင်းထန်ထန်ဓာတ်မတည့်မှုဖြစ်ပွားဖူးခြင်း ရှိ၊ မရှိ အပါအဝင်) မိမိ၏ ကျန်းမာရေးအခြေအနေအားလုံးကို ကာကွယ်‌ဆေးထိုးနှံပေးမည့်သူအား ပြောပြသင့်သည်ဟု ထိုဖတ်ရှုရန်အချက်အလက်အချုပ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ဖျားနေလျှင်၊ သွေးယိုမှုဆိုင်ရာရောဂါတစ်ခုခုရှိနေလျှင် သို့မဟုတ် သွေးကျဲဆေးသောက်နေရလျှင် နှင့် ကိုယ်ခံအားစနစ်အားနည်းထိခိုက်ချို့ယွင်းနေလျှင် သို့မဟုတ် ကိုယ်ခံအားစနစ်ကို ထိခိုက်စေသည့်ဆေး သောက်နေရလျှင်လည်း ကာကွယ်‌ဆေးထိုးနှံပေးမည့်သူအား ပြောပြသင့်သည်ဟုလည်း ဖြည့်စွက်‌ဖော်ပြထားသည်။

ယင်းအပြင် ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ကိုယ်ဝန်ရရန် စီစဉ်နေလျှင် သို့မဟုတ် နို့တိုက်နေလျှင်လည်း ကာကွယ်‌ဆေးထိုးနှံပေးမည့်သူအား ပြောပြသင့်သည်ဟုလည်း ဖော်ပြထားသည်။

၎င်းအပြင် အခြားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ခံယူထားလျှင်လည်း ပြောပြသင့်သည်ဟု Serum Institute of India က ဖော်ပြထားသည်။

အိန္ဒိယတွင် ဇန်နဝါရီ ၁၈ ညနေ ၅ နာရီအထိ စုစုပေါင်း ၃၈၁,၃၀၅ ဦးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံပြီးနောက် ဓာတ်မတည့်သည့်ဖြစ်ရပ်ပေါင်း ၅၈၀ အစီရင်ခံချက်များ ရရှိထားကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အိန္ဒိယနိုင်ငံသို့သွားရောက်ခဲ့ပြီး အိန္ဒိယဆေးကုမ္ပဏီ Serum Institute of India Co.,Ltd မှ ထုတ်လုပ်သော Covidshield အမည်ရှိ ကာကွယ်ဆေးကို လူဦးရေ ၁၅ သန်းအတွက် ကာကွယ်ဆေး သန်း၃၀ ဝယ်ယူရန် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကုန်ကျမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက “ဒီနှစ် ဇန်နဝါရီ ၅ ရက်မှာ ကုန်အမှာစာပို့လိုက်ပြီ။ အဲဒီတော့ ကျွန်တော်တို့က တစ်ဝက် နှစ်ကြိမ်ခွဲပြီးတော့ ပေးရမယ်။ အဲဒီတော့ သန်း ၃၀ စာ ဒေါ်လာသန်း ၁၅၀ ပေါ့။ ဒေါ်လာသန်း ၁၅၀ ရဲ့ ထက်ဝက်ဖြစ်တဲ့ ၇၅ သန်းကို ဘဏ်ကနေငွေလွှဲဖို့ လုပ်နေတယ်။ ဘယ်နေ့မှာ နောက်ဆုံးထားလွှဲရမလဲဆိုတော့ အခုလာမယ့် ဇန်နဝါရီ ၁၄ ရက် နောက်ဆုံးထားပြီး လွှဲရမယ်”ဟု ပြောကြားခဲ့ကြောင်း စံတော်ချိန်သတင်းစာ၏ ဇန်နဝါရီ ၉ တွင် ဖော်ပြချက်အရ သိရသည်။ ထပ်မံပေးသွင်းရန်ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၇၅ သန်းကို မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ၁၀ သန်း ရောက်ရှိပြီးချိန်တွင် ထပ်မံလွှဲပေးရမည်ဖြစ်သည်။

အိန္ဒိယမှ ဝယ်ယူထားသည့် ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်း တစ်သိန်းတစ်သောင်းကျော်ရှိကြောင်းလည်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of External Affairs (MEA)) ကလည်း အိန္ဒိယနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနှင့် အဓိကမိတ်ဖက်နိုင်ငံများသို့ ဇန်နဝါရီ ၂၀ မှစတင်၍ COVID-19 ကာကွယ်ဆေးများ ပို့ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဘူတန်၊ မော်ဒိဗ် (Maldives) ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနှင့် ဆေးရှဲ (Seychelles) ဟူသည့် နိုင်ငံများသည် ပြည်တွင်းလိုအပ်ချက်များကို အကြောင်းပြု၍ အဆင့်လိုက်ပြုလုပ်သည့် ဆောင်ရွက်ချက်အရ ကာကွယ်ဆေးများကို ပထမဆုံးလက်ခံရရှိမည့်နိုင်ငံများဖြစ်မည်ဖြစ်သည်။

အိန္ဒိယသည် သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နှင့် မောရစ်ရှ (Mauritius) နိုင်ငံတို့ထံမှ လိုအပ်သည့် ခွင့်ပြုမိန့်များကိုလည်း စောင့်ဆိုင်းလျက်ရှိသည်။

ထုတ်ပြန်ကြေညာချက်တွင် MEA က အိန္ဒိယသည် အိန္ဒိယထုတ်ကာကွယ်ဆေးများ ပို့ပေးရန် အိမ်နီးချင်းနှင့် အဓိကမိတ်ဖက်နိုင်ငံများထံမှ ‌တောင်းဆိုချက်များစွာ လက်ခံရရှိထားကြောင်း ဖော်ပြခဲ့သည်။

ကြေညာချက်ကား မော်ဒိဗ်နိုင်ငံသည် အိန္ဒိယထံမှ COVID-19 ကာကွယ်ဆေး (Covishield) လက်ခံရရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သတင်းထွက်ရှိခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ထွက်ရှိလာခြင်းဖြစ်သည်။

မော်ဒိဗ်နိုင်ငံသို့ ပေးပို့မည့် ကာကွယ်‌ဆေးများကို နေ့လည် ၂ နာရီတွင် မော်ဒိဗ်နိုင်ငံ၏ အဓိကလေဆိပ် Velana နိုင်ငံတကာလေဆိပ်သို့ Air India လေယာဉ်ခရီးစဉ်တစ်ခုဖြင့် ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ မော်ဒိဗ်နိုင်ငံသည် အိန္ဒိယထံမှ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာအဖွဲ့၊ လေ့ကျင့်သင်ကြားမှုနှင့် ဘဏ္ဍာရေးအကူအညီပေါင်း ဒေါ်လာ သန်း ၂၅၀ အပါအဝင် COVID-19 အကူအညီအများဆုံးရရှိသည့် အိမ်နီးချင်းနိုင်ငံဖြစ်ကာ ယခုတစ်ခေါက်တွင်လည်း ကာကွယ်ဆေးအလုံးရေ ၁၀၀,၀၀၀ လက်ခံရရှိမည်ဖြစ်သည်။

ဇန်နဝါရီ ၂၀ တွင် မော်ဒိဗ်နှင့်အတူ ဘူတန်သည်လည်း တစ်နေ့တည်း လက်ရှိခံရရှိမည်ဖြစ်ကာ ဘူတန်က ဆေးအလုံးရေ ၁၅၀,၀၀၀ ရရှိမည်ဟု Indiatimes.com တွင် ဖော်ပြချက်အရ သိရသည်။

ဇန်နဝါရီ ၂၁ တွင် ဘင်္ဂလားဒေ့ရှ်နှင့် နီပေါတို့က ကာကွယ်ဆေးများ လက်ခံရရှိမည်ဖြစ်ပြီး မြန်မာနှင့် ဆေးရှဲ (Seychelles) တို့က ဇန်နဝါရီ ၂၂ တွင် လက်ခံရရှိမည်ဟုလည်း ဖော်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covishield not to be taken by people severely allergic to any of its ingredients: Serum Institute (indiaexpress, indiatimes, sdtimesdaily)

 

[Zawgyi]

အိႏၵိယမွ ဝယ္ယူထားသည့္ COVID-19 ကာကြယ္ေဆး၏ ပါဝင္ပစၥည္းႏွင့္ဓာတ္မတည့္သူမ်ား ၎ေဆးမထိုးရန္ အၾကံျပဳခံရ

COVID-19 ကာကြယ္ေဆး Covidshield တြင္ ပါဝင္ပစၥည္းတစ္ခုခုႏွင့္ ျပင္းျပင္းထန္ထန္ဓာတ္မတည့္သူမ်ားအေနျဖင့္ ၎ကာကြယ္ေဆးအား မထိုးၾကရန္ ၎ကာကြယ္‌ေဆးကို ထုတ္လုပ္ေသာ အိႏၵိယ‌ကုမၸဏီ Serum Institute of India က အၾကံျပဳလိုက္သည္။

ထို႔အျပင္ ပထမတစ္လုံးထိုးၿပီးေနာက္ ျပင္းျပင္းထန္ထန္ဓာတ္မတည့္မႈျဖစ္ပြားလွ်င္လည္း ေနာက္ထပ္တစ္လုံးကို ထပ္မထိုးသင့္ဟုပါ Serum Institute of India ၏ Covidshield ကာကြယ္ေဆး ထိုးႏွံမႈခံယူမည့္သူမ်ား ဖတ္႐ႈရန္အခ်က္အလက္အခ်ဳပ္တြင္ ေဖာ္ျပခ်က္အရ သိရသည္။

Covidshield ကာကြယ္ေဆးတြင္ ပါဝင္ပစၥည္းမ်ားမွာ L-Histidine ၊ L-Histidine hydrochloride monohydrate ၊ Magnesium chloride hexahydrate ၊ Polysorbate 80 ၊ Ethanol ၊ Sucrose ၊ Sodium chloride ၊ Disodium edetate dihydrate (EDTA) ႏွင့္ ထိုးေဆးအတြက္ရည္႐ြယ္သည့္ (ညစ္ညမ္းမႈမ႐ွိ) အရည္အေသြးအလြန္ေကာင္းေသာေရ တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Serum Institute of India ကုမၸဏီသည္ ကမ႓ာ့အႀကီးဆုံးကာကြယ္ေဆးထုတ္လုပ္သူျဖစ္သည္။ ၎၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားေသာ ထိုဖတ္႐ႈရန္အခ်က္အလက္အခ်ဳပ္သည္ ကာကြယ္ေဆးထိုးႏွံမႈခံယူမည့္သူမ်ားအား Covidshield ကာကြယ္ေဆး၏ အႏၲရာယ္ႏွင့္ အက်ိဳး‌ေက်းဇူးမ်ားကို နားလည္ႏိုင္ေစရန္ျဖစ္သည္။

ကာကြယ္ေဆးထိုးႏွံမႈခံယူမည့္သူမ်ားသည္ ကာကြယ္ေဆးမထိုးမီ (Covidshield ကာကြယ္ေဆးတြင္ ပါဝင္ပစၥည္းတစ္ခုခု သို႔မဟုတ္ ကာကြယ္ေဆးတစ္ခုခု၊ အစားအစာတစ္ခုခု၊ ေဆးဝါးတစ္ခုခုႏွင့္ ျပင္းျပင္းထန္ထန္ဓာတ္မတည့္မႈျဖစ္ပြားဖူးျခင္း ႐ွိ၊ မ႐ွိ အပါအဝင္) မိမိ၏ က်န္းမာေရးအေျခအေနအားလုံးကို ကာကြယ္‌ေဆးထိုးႏွံေပးမည့္သူအား ေျပာျပသင့္သည္ဟု ထိုဖတ္႐ႈရန္အခ်က္အလက္အခ်ဳပ္တြင္ ‌ေဖာ္ျပထားသည္။

ထို႔အျပင္ ဖ်ားေနလွ်င္၊ ေသြးယိုမႈဆိုင္ရာေရာဂါတစ္ခုခု႐ွိေနလွ်င္ သို႔မဟုတ္ ေသြးက်ဲေဆးေသာက္ေနရလွ်င္ ႏွင့္ ကိုယ္ခံအားစနစ္အားနည္းထိခိုက္ခ်ိဳ႕ယြင္းေနလွ်င္ သို႔မဟုတ္ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစသည့္ေဆး ေသာက္ေနရလွ်င္လည္း ကာကြယ္‌ေဆးထိုးႏွံေပးမည့္သူအား ေျပာျပသင့္သည္ဟုလည္း ျဖည့္စြက္‌ေဖာ္ျပထားသည္။

ယင္းအျပင္ ကိုယ္ဝန္႐ွိလွ်င္ သို႔မဟုတ္ ကိုယ္ဝန္ရရန္ စီစဥ္ေနလွ်င္ သို႔မဟုတ္ ႏို႔တိုက္ေနလွ်င္လည္း ကာကြယ္‌ေဆးထိုးႏွံေပးမည့္သူအား ေျပာျပသင့္သည္ဟုလည္း ေဖာ္ျပထားသည္။

၎အျပင္ အျခားေသာ COVID-19 ကာကြယ္ေဆးထိုးႏွံမႈကို ခံယူထားလွ်င္လည္း ေျပာျပသင့္သည္ဟု Serum Institute of India က ေဖာ္ျပထားသည္။

အိႏၵိယတြင္ ဇန္နဝါရီ ၁၈ ညေန ၅ နာရီအထိ စုစုေပါင္း ၃၈၁,၃၀၅ ဦးကို COVID-19 ကာကြယ္ေဆး ထိုးႏွံေပးၿပီးျဖစ္ကာ ထိုးႏွံၿပီးေနာက္ ဓာတ္မတည့္သည့္ျဖစ္ရပ္ေပါင္း ၅၈၀ အစီရင္ခံခ်က္မ်ား ရ႐ွိထားေၾကာင္း အိႏၵိယက်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၏ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ကိုယ္စားလွယ္အဖြဲ႕သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းက အိႏၵိယႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး အိႏၵိယေဆးကုမၸဏီ Serum Institute of India Co.,Ltd မွ ထုတ္လုပ္ေသာ Covidshield အမည္႐ွိ ကာကြယ္ေဆးကို လူဦးေရ ၁၅ သန္းအတြက္ ကာကြယ္ေဆး သန္း၃၀ ဝယ္ယူရန္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ယင္းအတြက္ အေမရိကန္ေဒၚလာ သန္း ၁၅၀ ကုန္က်မည္ျဖစ္သည္။

ယင္းႏွင့္ပတ္သက္၍ သမၼတ႐ုံးေျပာေရးဆိုခြင့္႐ွိသူဦးေဇာ္ေဌးက “ဒီႏွစ္ ဇန္နဝါရီ ၅ ရက္မွာ ကုန္အမွာစာပို႔လိုက္ၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က တစ္ဝက္ ႏွစ္ႀကိမ္ခြဲၿပီးေတာ့ ေပးရမယ္။ အဲဒီေတာ့ သန္း ၃၀ စာ ေဒၚလာသန္း ၁၅၀ ေပါ့။ ေဒၚလာသန္း ၁၅၀ ရဲ႕ ထက္ဝက္ျဖစ္တဲ့ ၇၅ သန္းကို ဘဏ္ကေနေငြလႊဲဖို႔ လုပ္ေနတယ္။ ဘယ္ေန႔မွာ ေနာက္ဆုံးထားလႊဲရမလဲဆိုေတာ့ အခုလာမယ့္ ဇန္နဝါရီ ၁၄ ရက္ ေနာက္ဆုံးထားၿပီး လႊဲရမယ္”ဟု ေျပာၾကားခဲ့ေၾကာင္း စံေတာ္ခ်ိန္သတင္းစာ၏ ဇန္နဝါရီ ၉ တြင္ ေဖာ္ျပခ်က္အရ သိရသည္။ ထပ္မံေပးသြင္းရန္က်န္႐ွိသည့္ အေမရိကန္ေဒၚလာ ၇၅ သန္းကို ျမန္မာႏိုင္ငံသို႔ ကာကြယ္ေဆး ၁၀ သန္း ေရာက္႐ွိၿပီးခ်ိန္တြင္ ထပ္မံလႊဲေပးရမည္ျဖစ္သည္။

အိႏၵိယမွ ဝယ္ယူထားသည့္ ကာကြယ္ေဆးရ႐ွိပါက က်န္းမာေရးဝန္ထမ္းမ်ားကို ဦးစားေပးထိုးႏွံေပးသြားမည္ျဖစ္ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ က်န္းမာေရးဝန္ထမ္း တစ္သိန္းတစ္ေသာင္းေက်ာ္႐ွိေၾကာင္းလည္း ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန (Ministry of External Affairs (MEA)) ကလည္း အိႏၵိယႏိုင္ငံသည္ ၎၏ အိမ္နီးခ်င္းႏွင့္ အဓိကမိတ္ဖက္ႏိုင္ငံမ်ားသို႔ ဇန္နဝါရီ ၂၀ မွစတင္၍ COVID-19 ကာကြယ္ေဆးမ်ား ပို႔ေပးမည္ျဖစ္ေၾကာင္း ဇန္နဝါရီ ၁၉ တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ဘူတန္၊ ေမာ္ဒိဗ္ (Maldives) ၊ ဘဂၤလားေဒ့႐ွ္၊ နီေပါ၊ ျမန္မာႏွင့္ ေဆး႐ွဲ (Seychelles) ဟူသည့္ ႏိုင္ငံမ်ားသည္ ျပည္တြင္းလိုအပ္ခ်က္မ်ားကို အေၾကာင္းျပဳ၍ အဆင့္လိုက္ျပဳလုပ္သည့္ ေဆာင္႐ြက္ခ်က္အရ ကာကြယ္ေဆးမ်ားကို ပထမဆုံးလက္ခံရ႐ွိမည့္ႏိုင္ငံမ်ားျဖစ္မည္ျဖစ္သည္။

အိႏၵိယသည္ သီရိလကၤာ၊ အာဖဂန္နစၥတန္ႏွင့္ ေမာရစ္႐ွ (Mauritius) ႏိုင္ငံတို႔ထံမွ လိုအပ္သည့္ ခြင့္ျပဳမိန္႔မ်ားကိုလည္း ေစာင့္ဆိုင္းလ်က္႐ွိသည္။

ထုတ္ျပန္ေၾကညာခ်က္တြင္ MEA က အိႏၵိယသည္ အိႏၵိယထုတ္ကာကြယ္ေဆးမ်ား ပို႔ေပးရန္ အိမ္နီးခ်င္းႏွင့္ အဓိကမိတ္ဖက္ႏိုင္ငံမ်ားထံမွ ‌ေတာင္းဆိုခ်က္မ်ားစြာ လက္ခံရ႐ွိထားေၾကာင္း ေဖာ္ျပခဲ့သည္။

ေၾကညာခ်က္ကား ေမာ္ဒိဗ္ႏိုင္ငံသည္ အိႏၵိယထံမွ COVID-19 ကာကြယ္ေဆး (Covishield) လက္ခံရ႐ွိသည့္ ပထမဆုံးႏိုင္ငံျဖစ္လာမည္ျဖစ္ေၾကာင္း သတင္းထြက္႐ွိခဲ့ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ ထြက္႐ွိလာျခင္းျဖစ္သည္။

ေမာ္ဒိဗ္ႏိုင္ငံသို႔ ေပးပို႔မည့္ ကာကြယ္‌ေဆးမ်ားကို ေန႔လည္ ၂ နာရီတြင္ ေမာ္ဒိဗ္ႏိုင္ငံ၏ အဓိကေလဆိပ္ Velana ႏိုင္ငံတကာေလဆိပ္သို႔ Air India ေလယာဥ္ခရီးစဥ္တစ္ခုျဖင့္ ဆိုက္ေရာက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ ေမာ္ဒိဗ္ႏိုင္ငံသည္ အိႏၵိယထံမွ ေဆးဝါး၊ ေဆးဘက္ဆိုင္ရာအဖြဲ႕၊ ေလ့က်င့္သင္ၾကားမႈႏွင့္ ဘ႑ာေရးအကူအညီေပါင္း ေဒၚလာ သန္း ၂၅၀ အပါအဝင္ COVID-19 အကူအညီအမ်ားဆုံးရ႐ွိသည့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ကာ ယခုတစ္ေခါက္တြင္လည္း ကာကြယ္ေဆးအလုံးေရ ၁၀၀,၀၀၀ လက္ခံရ႐ွိမည္ျဖစ္သည္။

ဇန္နဝါရီ ၂၀ တြင္ ေမာ္ဒိဗ္ႏွင့္အတူ ဘူတန္သည္လည္း တစ္ေန႔တည္း လက္႐ွိခံရ႐ွိမည္ျဖစ္ကာ ဘူတန္က ေဆးအလုံးေရ ၁၅၀,၀၀၀ ရ႐ွိမည္ဟု Indiatimes.com တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ဇန္နဝါရီ ၂၁ တြင္ ဘဂၤလားေဒ့႐ွ္ႏွင့္ နီေပါတို႔က ကာကြယ္ေဆးမ်ား လက္ခံရ႐ွိမည္ျဖစ္ၿပီး ျမန္မာႏွင့္ ေဆး႐ွဲ (Seychelles) တို႔က ဇန္နဝါရီ ၂၂ တြင္ လက္ခံရ႐ွိမည္ဟုလည္း ေဖာ္ျပထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covishield not to be taken by people severely allergic to any of its ingredients: Serum Institute (indiaexpress, indiatimes, sdtimesdaily)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service