ဝူဟန်မှ ဆေးပညာရှင်များက ၎င်းတို့အား ကမ္ဘာသို့ လိမ်ပြောရန် ဖိအားပေးခံရကြောင်း လျှို့ဝှက်စွာ ရိုက်ကူးထားသည့် ဗွီဒီယိုမှတဆင့် ထုတ်ဖော်ဝန်ခံလာကြ၊ ကိုရိုနာဗိုင်းရပ်စ်သည် ကြောက်မက်ဖွယ်ကောင်းပြီး လူသားများအကြား ကူးစက်နိုင်ကြောင်း ကနဦးကတည်းက သိခဲ့ကြ

ဝူဟန်မှ ဆေးပညာရှင်များက ၎င်းတို့အား ကမ္ဘာသို့ လိမ်ပြောရန် ဖိအားပေးခံရကြောင်း လျှို့ဝှက်စွာ ရိုက်ကူးထားသည့် ဗွီဒီယိုမှတဆင့် ထုတ်ဖော်ဝန်ခံလာကြ၊ ကိုရိုနာဗိုင်းရပ်စ်သည် ကြောက်မက်ဖွယ်ကောင်းပြီး လူသားများအကြား ကူးစက်နိုင်ကြောင်း ကနဦးကတည်းက သိခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
20 Jan 2021 11:09 am တွင် တင်ခဲ့သည်
9238 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည် ၊ ဝူဟန်မြို့မှ ဆေးပညာရှင်များက လျှို့ဝှက်စွာ ရိုက်ကူးထားသော ဗွီဒီယိုမှတဆင့် ထုတ်ဖော်ဝန်ခံလာကြသည်မှာ ဝူဟန်မြို့တွင် ရောဂါပျံ့ပွားမှု စတင်ခဲ့ချိန်ကတည်းက ကိုရိုနာဗိုင်းရပ်စ်သည် အလွန်အန္တရာယ်ကြီးကြောင်းကို သိရှိခဲ့ကြကြောင်း၊ သို့သော် လိမ်ညာပြောရန် ဖိအားပေးခံရကြောင်း ထုတ်ဖော်ဝန်ခံလာကြသည်။

ဝူဟန်မှ ဆေးပညာရှင်များက ပြောကြားသည်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက သိရှိခဲ့ကြကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလသို့ ရောက်မှသာ WHO သို့ တရုတ်ပြည်က ပထမဆုံး အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားကြသည်။

ဗိုင်းရပ်စ်သည် လူသားများအကြား ကူးစက်ပျံ့ပွားနိုင်သည်ကိုလည်း ၎င်းတို့ သိထားခဲ့ကြသည်။ သို့သော် အမှန်ကို မပြောကြရန် ဆေးရုံများထံ လမ်းညွှန်ထားသည်ဟု ဆိုသည်။ ထိုကာလက တရုတ်နှစ်သစ်ကူးပွဲတော်များကို ဖျက်သိမ်းရန် ဆေးပညာရှင်တို့က တောင်းဆိုခဲ့သော်လည်း တရုတ်အာဏာပိုင်တို့က လူ့အဖွဲ့အစည်း သာယာဝပြောမှုကို ပြသလိုသောကြောင့် ပယ်ချခြင်းခံခဲ့ရသည်။

ဝူဟန်မှ ဆေးပညာရှင်တို့၏ ယခုဝန်ခံချက်ကို ITV မှ ထုတ်လွှင့်မည့် Outbreak: The Virus That Shook The World အမည်ရှိ documentary အစီအစဉ်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

တရုတ်အာဏာပိုင်တို့က ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု အစောပိုင်းကာလများတွင် ဖုံးကွယ်မှုများ ပြုလုပ်ထားသည်ဆိုခြင်းအား ငြင်းပယ်နေမှုအကြား ယခုဝန်ခံချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

WHO မှ အဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်မှာ တရုတ်အစိုးရသည် ဗိုင်းရပ်စ်ပျံ့ပွားခြင်းအပေါ် တုံ့ပြန်မှု အလွန်နှေးကွေးခဲ့ ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ကလည်း ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း မကြာသေးမီက ပြောကြားထားသည်။

ယခုဗွီဒီယိုများအရ တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု အစောပိုင်းကာလများနှင့် ပတ်သက်ပြီး ကမ္ဘာအား လိမ်လည်ထား ကြောင်း သက်သေအထောက်အထား ပိုမိုခိုင်မာလာသည်။ ထိုသို့လိမ်လည်ထားမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့ကပ်ဘေးကြီး ဖြစ်ပေါ်စေသည်အထိ ပျံ့နှံ့သွားခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်ပြည်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အမည်မဖော်နိုင်သည့် ရောဂါတစ်မျိုး ကူးစက်ခံထားရသူ ၂၇ ဦးရှိကြောင်း WHO သို့ ပထမဆုံး အကြောင်းကြားခဲ့ပြီး ဇန်နဝါရီလလယ်ပိုင်းအထိ လူသေဆုံးမှုရှိကြောင်း အကြောင်းမကြားခဲ့ချေ။

တရုတ်နိုင်ငံသား သတင်းထောက်တစ်ဦးက လျှို့ဝှက်စွာ ရိုက်ကူးထားသော ဗွီဒီယိုဖိုင်အတွင်း ဝူဟန်မှ ဆေးပညာရှင်များက ပြောကြားထားသည်မှာ ထိုကာလမတိုင်မီကတည်းက ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများကို မိမိတို့ သိရှိထားကြောင်း ပြောကြားသည်။

“တကယ်တော့ ဒီဇင်ဘာအကုန် (သို့မဟုတ်) ဇန်နဝါရီအစပိုင်းမှာ ကျွန်တော်သိတဲ့သူတစ်ဦးရဲ့ ဆွေမျိုးဟာ ဒီဗိုင်းရပ်စ်နဲ့ သေဆုံးသွားခဲ့တယ်။ သူနဲ့အတူ နေတဲ့သူတွေလည်း ကူးစက်ခံခဲ့ရတယ်။ အဲဒီထဲမှာ ကျွန်တော်နဲ့သိတဲ့သူလည်း ပါပါတယ်” ဟု ဝူဟန်ဆေးပညာရှင်က ပြောသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် WHO က ထုတ်ပြန်ခဲ့သည်မှာ လူသားချင်း ကူးစက်သည့် အထောက်အထားမရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ကပ်ရောဂါအပေါ် တရုတ်ပြည်၏ တုံ့ပြန်မှုကိုလည်း ချီးကျူးခဲ့သည်။

ဗွီဒီယိုဖိုင်အတွင်း ဝူဟန်ဆေးပညာရှင်တစ်ဦးက ပြောကြားထားသည်မှာမူ “လူသားချင်း ကူးစက်မှုနဲ့ ပတ်သက်ပြီး သံသယတောင် မရှိသင့်ဘူးလို့ ကျွန်တော်တို့အားလုံး ခံစားခဲ့ကြရတယ်” ဟု ဆိုသည်။

ဆေးရုံတစ်ခုမှ အစည်းအဝေးကို တက်ရောက်ခဲ့သော ဆရာဝန်များအား ရောဂါကူးစက်တတ်မှု အမှန်ကို ထုတ်မပြောရန် တားမြစ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

“ဒီဗိုင်းရပ်စ်ဟာ လူသားအချင်းချင်း ကူးစက်တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် ဆေးရုံအစည်းအဝေးတစ်ခုကို ကျွန်တော်တို့ တက်ရောက်ချိန်မှာ ဒါတွေကို ထုတ်မပြောဖို့ တားမြစ်တာ ခံရပါတယ်။ အမှန်ကို ထုတ်မပြောဖို့ ပြည်နယ်ခေါင်းဆောင် တွေက ဆေးရုံကို လမ်းညွှန်ထားတာ ဖြစ်ပါတယ်” ဟု ဝူဟန်ဆေးပညာရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Wuhan medics are secretly filmed admitting they were told to LIE and that they KNEW coronavirus was deadly and spreading between humans before China told the world (dailymail)

 

[Zawgyi]

ဝူဟန္မွ ေဆးပညာရွင္မ်ားက ၎တို႔အား ကမၻာသို႔ လိမ္ေျပာရန္ ဖိအားေပးခံရေၾကာင္း လွ်ိဳ႕ဝွက္စြာ ရိုက္ကူးထားသည့္ ဗြီဒီယိုမွတဆင့္ ထုတ္ေဖာ္ဝန္ခံလာၾက၊ ကိုရိုနာဗိုင္းရပ္စ္သည္ ေၾကာက္မက္ဖြယ္ေကာင္းျပီး လူသားမ်ားအၾကား ကူးစက္ႏိုင္ေၾကာင္း ကနဦးကတည္းက သိခဲ့ၾက

တရုတ္ျပည္ ၊ ဝူဟန္ျမိဳ႕မွ ေဆးပညာရွင္မ်ားက လွ်ိဳ႕ဝွက္စြာ ရိုက္ကူးထားေသာ ဗြီဒီယိုမွတဆင့္ ထုတ္ေဖာ္ဝန္ခံလာၾကသည္မွာ ဝူဟန္ျမိဳ႕တြင္ ေရာဂါပ်ံ႕ပြားမႈ စတင္ခဲ့ခ်ိန္ကတည္းက ကိုရိုနာဗိုင္းရပ္စ္သည္ အလြန္အႏၱရာယ္ၾကီးေၾကာင္းကို သိရွိခဲ့ၾကေၾကာင္း၊ သို႔ေသာ္ လိမ္ညာေျပာရန္ ဖိအားေပးခံရေၾကာင္း ထုတ္ေဖာ္ဝန္ခံလာၾကသည္။

ဝူဟန္မွ ေဆးပညာရွင္မ်ားက ေျပာၾကားသည္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈမ်ားကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလကတည္းက သိရွိခဲ့ၾကေၾကာင္း၊ သို႔ေသာ္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလသို႔ ေရာက္မွသာ WHO သို႔ တရုတ္ျပည္က ပထမဆံုး အေၾကာင္းၾကားခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားၾကသည္။

ဗိုင္းရပ္စ္သည္ လူသားမ်ားအၾကား ကူးစက္ပ်ံ႕ပြားႏိုင္သည္ကိုလည္း ၎တို႔ သိထားခဲ့ၾကသည္။ သို႔ေသာ္ အမွန္ကို မေျပာၾကရန္ ေဆးရံုမ်ားထံ လမ္းညႊန္ထားသည္ဟု ဆိုသည္။ ထိုကာလက တရုတ္ႏွစ္သစ္ကူးပြဲေတာ္မ်ားကို ဖ်က္သိမ္းရန္ ေဆးပညာရွင္တို႔က ေတာင္းဆိုခဲ့ေသာ္လည္း တရုတ္အာဏာပိုင္တို႔က လူ႔အဖြဲ႔အစည္း သာယာဝေျပာမႈကို ျပသလိုေသာေၾကာင့္ ပယ္ခ်ျခင္းခံခဲ့ရသည္။

ဝူဟန္မွ ေဆးပညာရွင္တို႔၏ ယခုဝန္ခံခ်က္ကို ITV မွ ထုတ္လႊင့္မည့္ Outbreak: The Virus That Shook The World အမည္ရွိ documentary အစီအစဥ္တြင္ ထုတ္လႊင့္ျပသသြားမည္ ျဖစ္သည္။

တရုတ္အာဏာပိုင္တို႔က ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ အေစာပိုင္းကာလမ်ားတြင္ ဖံုးကြယ္မႈမ်ား ျပဳလုပ္ထားသည္ဆိုျခင္းအား ျငင္းပယ္ေနမႈအၾကား ယခုဝန္ခံခ်က္မ်ား ေပၚထြက္လာျခင္း ျဖစ္သည္။

WHO မွ အဖြဲ႔က တနလၤာေန႔တြင္ ေျပာၾကားခဲ့သည္မွာ တရုတ္အစိုးရသည္ ဗိုင္းရပ္စ္ပ်ံ႕ပြားျခင္းအေပၚ တံု႔ျပန္မႈ အလြန္ေႏွးေကြးခဲ့ ေၾကာင္း ေျပာၾကားခဲ့ျပီး အေမရိကန္ကလည္း ကိုရိုနာဗိုင္းရပ္စ္သည္ ဝူဟန္ရွိ ဓာတ္ခြဲခန္းတစ္ခုမွ ထြက္ေပၚလာျခင္းျဖစ္ႏိုင္ေၾကာင္း မၾကာေသးမီက ေျပာၾကားထားသည္။

ယခုဗီြဒီယိုမ်ားအရ တရုတ္ႏိုင္ငံသည္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ အေစာပိုင္းကာလမ်ားႏွင့္ ပတ္သက္ျပီး ကမၻာအား လိမ္လည္ထား ေၾကာင္း သက္ေသအေထာက္အထား ပိုမိုခိုင္မာလာသည္။ ထိုသို႔လိမ္လည္ထားမႈေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္မွာ ကမၻာ့ကပ္ေဘးၾကီး ျဖစ္ေပၚေစသည္အထိ ပ်ံ႕ႏွံ႔သြားခဲ့ျခင္းလည္း ျဖစ္သည္။

တရုတ္ျပည္သည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္တြင္ အမည္မေဖာ္ႏိုင္သည့္ ေရာဂါတစ္မ်ဳိး ကူးစက္ခံထားရသူ ၂၇ ဦးရွိေၾကာင္း WHO သုိ႔ ပထမဆံုး အေၾကာင္းၾကားခဲ့ျပီး ဇန္နဝါရီလလယ္ပိုင္းအထိ လူေသဆံုးမႈရွိေၾကာင္း အေၾကာင္းမၾကားခဲ့ေခ်။

တရုတ္ႏိုင္ငံသား သတင္းေထာက္တစ္ဦးက လွ်ိဳ႕ဝွက္စြာ ရိုက္ကူးထားေသာ ဗြီဒီယိုဖိုင္အတြင္း ဝူဟန္မွ ေဆးပညာရွင္မ်ားက ေျပာၾကားထားသည္မွာ ထုိကာလမတိုင္မီကတည္းက ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးမႈမ်ားကို မိမိတို႔ သိရွိထားေၾကာင္း ေျပာၾကားသည္။

“တကယ္ေတာ့ ဒီဇင္ဘာအကုန္ (သို႔မဟုတ္) ဇန္နဝါရီအစပိုင္းမွာ ကၽြန္ေတာ္သိတဲ့သူတစ္ဦးရဲ႕ ေဆြမ်ဳိးဟာ ဒီဗိုင္းရပ္စ္နဲ႔ ေသဆံုးသြားခဲ့တယ္။ သူနဲ႔အတူ ေနတဲ့သူေတြလည္း ကူးစက္ခံခဲ့ရတယ္။ အဲဒီထဲမွာ ကၽြန္ေတာ္နဲ႔သိတဲ့သူလည္း ပါပါတယ္” ဟု ဝူဟန္ေဆးပညာရွင္က ေျပာသည္။

ဇန္နဝါရီလ ၁၂ ရက္ေန႔တြင္ WHO က ထုတ္ျပန္ခဲ့သည္မွာ လူသားခ်င္း ကူးစက္သည့္ အေထာက္အထားမရွိေၾကာင္း ထုတ္ျပန္ခဲ့ျပီး ကပ္ေရာဂါအေပၚ တရုတ္ျပည္၏ တံု႔ျပန္မႈကိုလည္း ခ်ီးက်ဴးခဲ့သည္။

ဗြီဒီယိုဖိုင္အတြင္း ဝူဟန္ေဆးပညာရွင္တစ္ဦးက ေျပာၾကားထားသည္မွာမူ “လူသားခ်င္း ကူးစက္မႈနဲ႔ ပတ္သက္ျပီး သံသယေတာင္ မရွိသင့္ဘူးလို႔ ကၽြန္ေတာ္တို႔အားလံုး ခံစားခဲ့ၾကရတယ္” ဟု ဆိုသည္။

ေဆးရံုတစ္ခုမွ အစည္းအေဝးကို တက္ေရာက္ခဲ့ေသာ ဆရာဝန္မ်ားအား ေရာဂါကူးစက္တတ္မႈ အမွန္ကို ထုတ္မေျပာရန္ တားျမစ္ျခင္းခံခဲ့ရသည္ဟု ဆိုသည္။

“ဒီဗိုင္းရပ္စ္ဟာ လူသားအခ်င္းခ်င္း ကူးစက္တယ္ဆိုတာ ကၽြန္ေတာ္တို႔ သိၾကပါတယ္။ ဒါေပမယ့္ ေဆးရံုအစည္းအေဝးတစ္ခုကို ကၽြန္ေတာ္တို႔ တက္ေရာက္ခ်ိန္မွာ ဒါေတြကို ထုတ္မေျပာဖို႔ တားျမစ္တာ ခံရပါတယ္။ အမွန္ကို ထုတ္မေျပာဖို႔ ျပည္နယ္ေခါင္းေဆာင္ ေတြက ေဆးရံုကို လမ္းညႊန္ထားတာ ျဖစ္ပါတယ္” ဟု ဝူဟန္ေဆးပညာရွင္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Wuhan medics are secretly filmed admitting they were told to LIE and that they KNEW coronavirus was deadly and spreading between humans before China told the world (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service