တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူ မတွေ့ရှိမီကတည်းကပင် တရုတ်သိပ္ပံပညာရှင်များ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း အမေရိကန်ပြောကြား

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသူ မတွေ့ရှိမီကတည်းကပင် တရုတ်သိပ္ပံပညာရှင်များ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း အမေရိကန်ပြောကြား - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 11:13 am တွင် တင်ခဲ့သည်
3246 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည် ၊ ဝူဟန်မြို့သည် ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ရာနေရာဟု မကြာခဏ အပြစ်တင်ခံရသည့်နေရာတစ်ခု ဖြစ်သည်။

ယခုအခါ သိပ္ပံပညာရှင်များစွာနှင့် ကျန်းမာရေးကျွမ်းကျင်ပညာရှင်များနည်းတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းပြီး တရားနည်းလမ်းမကျသော လျှို့ဝှက်မှုများ ပြုလုပ်ထားကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သစ်တစ်ရပ်တွင် ဖော်ပြထားသည်မှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လျှို့ဝှက်ခြင်းနှင့် ထိန်းချုပ်ခြင်းဟူသော အရာများကို အသေအကျေ ဖက်တွယ်ထားကြောင်း ဖော်ပြထားသည်။

ဝူဟန်ဗိုင်းရပ်စ် အင်စတီကျုသည် ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးဗီဇတူညီသော ဗိုင်းရပ်စ်တစ်မျိုးကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဝူဟန်ရှိ ဓာတ်ခွဲခန်းမှ သုတေသနပညာရှင်များစွာသည် RaTG13 ဗိုင်းရပ်စ်ကို စမ်းသပ်နေခဲ့ကြကြောင်း၊ အဆိုပါဗိုင်းရပ်စ်သည် လက်ရှိပျံ့ပွားနေသည့် SAR-CoV-2 ဗိုင်းရပ်စ်နှင့် အနီးစပ်ဆုံး လင်းနို့ဗိုင်းရပ်စ်တစ်ခုဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ စမ်းသပ်မှုများကို မတော်တဆမှု၊ အမှတ်တမဲ့ ရောဂါကူးစက်ခံရနိုင်သော အန္တရာယ်များသည့် အခြေအနေမျိုးအောက်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စမ်းသပ်မှုများ ပြုလုပ်ခဲ့သော သုတေသနပညာရှင်များစွာသည် နေထိုင်မကောင်းမှုများ ဖြစ်ပေါ်ခဲ့ရာ ၎င်းတို့၏ ရောဂါလက္ခဏာများမှာ Covid-19 နှင့် ရာသီတုပ်ကွေး ရောဂါလက္ခဏာများဖြစ်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်မှာ မိမိတို့အနေဖြင့် လူသားများသို့ ကိုရိုနာဗိုင်းရပ်စ် မည်သည့်အချိန်တွင် ကူးစက်မှု စတင်ပေါ်ပေါက်ခဲ့သည်ကိုမူ မသိရှိသေးကြောင်း ဖော်ပြထားသည်။

“ရောဂါပျံ့နှံ့မှုသည် ရောဂါရှိသော တိရ စ္ဆာန်များနှင့် ထိတွေ့မှုကြောင့်လော၊ သို့မဟုတ် တရုတ်ပြည်၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ မတော်တဆမှုကြောင့် စတင်ပျံ့ပွားခဲ့ခြင်းလောဟူသည်ကိုမူ ကျွန်ုပ်တို့ မဆုံးဖြတ်နိုင်ပါ။ ဗိုင်းရပ်စ်သည် ရောဂါရှိသည့် တိရ စ္ဆာန်များနှင့် လူသားတို့ ထိတွေ့ရာမှ သဘာဝအလျောက် ပေါ်ပေါက်ကာ ကပ်ဘေးဖြစ်သွားခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိသည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အခြားဖြစ်နိုင်ချေတစ်ခုကိုလည်း ဖော်ပြထားရာ ကနဦး ရောဂါကူးစက်ခံရမှုတွင် လူအနည်းငယ်သာ ကူးစက်ခံခဲ့ရပြီး ၎င်းတို့မှာလည်း ရောဂါလက္ခဏာမပြသည့် အခြေအနေမျိုးဆိုပါက ဓာတ်ခွဲခန်းတွင် ဖြစ်ပေါ်ခဲ့သော မတော်တဆမှုမှတဆင့် သဘာဝအလျောက် ပေါ်ပေါက်သော ရောဂါပျံ့နှံ့မှုအသွင်လည်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ သုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ကလည်း ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ပုံ ဇာစ်မြစ်ကို ရှာဖွေရန် တရုတ်ပြည် ဝူဟန်မြို့သို့ ပြီးခဲ့သောရက်ပိုင်းက ရောက်ရှိနေကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US claims Chinese researchers had coronavirus symptoms before initial reported cases

 

[Zawgyi]

တရုတ္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ ပထမဆံုးကူးစက္ခံရသူ မေတြ႔ရွိမီကတည္းကပင္ တရုတ္သိပၸံပညာရွင္မ်ား၌ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ျပသခဲ့ေၾကာင္း အေမရိကန္ေျပာၾကား

တရုတ္ျပည္ ၊ ဝူဟန္ျမိဳ႕သည္ ကိုရိုနာဗိုင္းရပ္စ္ စတင္ေပၚေပါက္ရာေနရာဟု မၾကာခဏ အျပစ္တင္ခံရသည့္ေနရာတစ္ခု ျဖစ္သည္။

ယခုအခါ သိပၸံပညာရွင္မ်ားစြာႏွင့္ က်န္းမာေရးကၽြမ္းက်င္ပညာရွင္မ်ားနည္းတူ အေမရိကန္ႏိုင္ငံျခားေရး ဝန္ၾကီးဌာနကလည္း တရုတ္အစိုးရသည္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ စပ္လ်ဥ္းျပီး တရားနည္းလမ္းမက်ေသာ လွ်ိဳ႕ဝွက္မႈမ်ား ျပဳလုပ္ထားေၾကာင္း စြပ္စြဲေျပာၾကားလိုက္သည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္သစ္တစ္ရပ္တြင္ ေဖာ္ျပထားသည္မွာ တရုတ္ကြန္ျမဴနစ္ပါတီ (CCP) သည္ လွ်ိဳ႕ဝွက္ျခင္းႏွင့္ ထိန္းခ်ဳပ္ျခင္းဟူေသာ အရာမ်ားကို အေသအေက် ဖက္တြယ္ထားေၾကာင္း ေဖာ္ျပထားသည္။

ဝူဟန္ဗိုင္းရပ္စ္ အင္စတီက်ဳသည္ ကိုရိုနာဗိုင္းရပ္စ္ႏွင့္ မ်ဳိးဗီဇတူညီေသာ ဗိုင္းရပ္စ္တစ္မ်ဳိးကို စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ ဝူဟန္ရွိ ဓာတ္ခြဲခန္းမွ သုေတသနပညာရွင္မ်ားစြာသည္ RaTG13 ဗိုင္းရပ္စ္ကို စမ္းသပ္ေနခဲ့ၾကေၾကာင္း၊ အဆိုပါဗိုင္းရပ္စ္သည္ လက္ရွိပ်ံ႕ပြားေနသည့္ SAR-CoV-2 ဗိုင္းရပ္စ္ႏွင့္ အနီးစပ္ဆံုး လင္းႏို႔ဗိုင္းရပ္စ္တစ္ခုျဖစ္ေၾကာင္း ေဖာ္ျပသည္။

ထိုသို႔ စမ္းသပ္မႈမ်ားကို မေတာ္တဆမႈ၊ အမွတ္တမဲ့ ေရာဂါကူးစက္ခံရႏိုင္ေသာ အႏၱရာယ္မ်ားသည့္ အေျခအေနမ်ဳိးေအာက္တြင္ ျပဳလုပ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း အေမရိကန္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အဆိုပါ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ေသာ သုေတသနပညာရွင္မ်ားစြာသည္ ေနထိုင္မေကာင္းမႈမ်ား ျဖစ္ေပၚခဲ့ရာ ၎တို႔၏ ေရာဂါလကၡဏာမ်ားမွာ Covid-19 ႏွင့္ ရာသီတုပ္ေကြး ေရာဂါလကၡဏာမ်ားျဖစ္သည္ဟု ဆိုသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီးဌာနက ဆက္လက္ေဖာ္ျပသည္မွာ မိမိတို႔အေနျဖင့္ လူသားမ်ားသို႔ ကိုရိုနာဗိုင္းရပ္စ္ မည္သည့္အခ်ိန္တြင္ ကူးစက္မႈ စတင္ေပၚေပါက္ခဲ့သည္ကိုမူ မသိရွိေသးေၾကာင္း ေဖာ္ျပထားသည္။

“ေရာဂါပ်ံ႕ႏွံ႔မႈသည္ ေရာဂါရွိေသာ တိရ စၦာန္မ်ားႏွင့္ ထိေတြ႔မႈေၾကာင့္ေလာ၊ သို႔မဟုတ္ တရုတ္ျပည္၊ ဝူဟန္ျမိဳ႕ရွိ ဓာတ္ခြဲခန္းတစ္ခုမွ မေတာ္တဆမႈေၾကာင့္ စတင္ပ်ံ႕ပြားခဲ့ျခင္းေလာဟူသည္ကိုမူ ကၽြႏု္ပ္တို႔ မဆံုးျဖတ္ႏိုင္ပါ။ ဗိုင္းရပ္စ္သည္ ေရာဂါရွိသည့္ တိရ စၦာန္မ်ားႏွင့္ လူသားတို႔ ထိေတြ႔ရာမွ သဘာဝအေလ်ာက္ ေပၚေပါက္ကာ ကပ္ေဘးျဖစ္သြားျခင္းမ်ဳိးလည္း ျဖစ္ႏိုင္ဖြယ္ရွိသည္” ဟု အေမရိကန္ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ အျခားျဖစ္ႏိုင္ေခ်တစ္ခုကိုလည္း ေဖာ္ျပထားရာ ကနဦး ေရာဂါကူးစက္ခံရမႈတြင္ လူအနည္းငယ္သာ ကူးစက္ခံခဲ့ရျပီး ၎တို႔မွာလည္း ေရာဂါလကၡဏာမျပသည့္ အေျခအေနမ်ဳိးဆိုပါက ဓာတ္ခြဲခန္းတြင္ ျဖစ္ေပၚခဲ့ေသာ မေတာ္တဆမႈမွတဆင့္ သဘာဝအေလ်ာက္ ေပၚေပါက္ေသာ ေရာဂါပ်ံ႕ႏွံ႔မႈအသြင္လည္း ျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) မွ သုေတသနပညာရွင္အဖြဲ႔တစ္ဖြဲ႔ကလည္း ကိုရိုနာဗိုင္းရပ္စ္ စတင္ေပၚေပါက္ပံု ဇာစ္ျမစ္ကို ရွာေဖြရန္ တရုတ္ျပည္ ဝူဟန္ျမိဳ႕သို႔ ျပီးခဲ့ေသာရက္ပိုင္းက ေရာက္ရွိေနၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US claims Chinese researchers had coronavirus symptoms before initial reported cases

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service