အိမ်ငှါးအားနှင်လိုမှုတွင် မြို့ပြဒေသနှင့် ကျေးရွာဒေသတို့၏ ကွာခြားချက်

အိမ်ငှါးအားနှင်လိုမှုတွင် မြို့ပြဒေသနှင့် ကျေးရွာဒေသတို့၏ ကွာခြားချက် - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2021 11:39 am တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျွန်မ၏မိတ်ဆွေဖြစ်သူ ဒေါ်စိုးဟေမာမှ “ ဒီလိုပါကွာ ၊ လွန်ခဲ့တဲ့ (၁၀) နှစ် လောက်က ကိုယ့်ရဲ့ အဘွားတွေနေတဲ့ မွေးရပ်မြေ ၊ဧရာဝတီတိုင်း ၊ မအူပင်မြို့နားမှာပဲ ၊ မရမ်းကွေ့ရွာမှာ ခြံဝယ်ထားပြီး အိမ်ဆောက်လိုက်တယ်၊ ပြီးတော့ အိမ်ငှါးထားပါတယ်။ နောက်တော့ အဲဒီအိမ်ငှါးကို သိပ်ပြီးသဘော မတွေ့တာနဲ့ ၊ လွန်ခဲ့တဲ့ (၇)နှစ်လောက်မှာ ဖယ်ပေးဖို့ ပြောလိုက်ပါတယ်၊ ကိုယ်ကလည်း ရန်ကုန်နဲ့ နေပြည်တော်ကို ရုံးကိစ္စအတွက် သွားနေရလို့ငှါးထားတဲ့အိမ်နဲ့ အိမ်ငှါးကိစ္စကို သိပ်ပြီး ဂရုမစိုက်မိဘူး ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ အပတ်က အဲဒီအိမ်ငှါးကို သွားတွေ့လိုက်တော့ သူက ဖယ်မပေးနိုင်ဘူးတဲ့ ၊ နောက်ပြီးသူရဲ့ သူငယ်ချင်း အမှုလိုက်နေတဲ့ ရှေ့နေတွေနဲ့ မေးမြန်းထားပြီးတော့ က်ိုယ့်ရဲ့နှင်လိုမှုဟာ ကာလစည်းကမ်းသတ်ဥပဒေအရ ပထမဇယား ၊ အမှတ်စဉ် ၁၂၀ အရ။ တရားစွဲဆို ပိုင်ခွင့်ဟစာ ၊ (၆)နှစ်အတွင်း စွဲဆိုရမှာဖြစ်ပြီး ကာလစည်းကမ်းသတ်ကျော်နေတဲ့အတွက် ဖယ်ပေးစရာ မလိုဘူးလို့ ပြောနေလို့ပါကွာ ၊ အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ ၊ အကြံညဏ်ပေးပါဦး သူငယ်ချင်းရယ် ”ဟု ဝမ်းနည်းသံဖြင့် ပြောလာပါသည်။

ထို့ကြောင့် ကျွန်မက “ သူငယ်ချင်းရယ်၊ သိပ်လည်း စိတ်မပူပါနဲ့ ၊ အမှန်အတိုင်းတော့ ဖြစ်ရမှာပေါ့ကွာ ၊ တစ်ခုလောက်တော့ မေးပါရစေ ၊ အဲဒါက ၊ ဟိုလွန်ခဲ့တဲ့ (၇)နှစ်လောက်မှာ ဖယ်ပေးဖို့ ပြောလိုက်တာကို နို့တစ်စာ ပေးခဲ့တာလား၊ ဒါမှမဟုတ် နှုတ်နဲ့ပြောခဲ့တာလား ” ဟု မေးလိုက်ရာ သူမက “ နို့တစ်စာလို့ ခေါ်လားမသိဘူး ၊ စာရေးပြီး ပေးလိုက်တယ်၊ ရပ်ကွက်က လူကြီးတွေ ရှေ့မှာပဲ ၊ ဖယ်ခိုင်းခဲ့တာပါ ၊ အိမ်ငှါးက နေ့စဉ်လည်း အရက်သောက်တတ်ပြီး မူးလာရင် ရမ်းကားတတ်ပါတယ်၊ ရပ်ကွက်ကလူကြီးတွေကလည်း ဆုံးမလို့ မရတော့ ၊သိပ်ပြီး မနှစ်မြို့ကြပါဘူး ” ဟု ပြောသဖြင့် ကျွန်မက “ ဒါဆိုရင်လည်း ရပ်ကွက်လူကြီးတွေ သက်သေရှိတာပေါ့နော် ” ဟု ပြောပြီးမှာ “ သြော်….ဟုတ်သားပဲ၊ အိမ်ငှါးကိုယ်တိုင်က တရားစွဲဆိုပိုင်ခွင့်စဟာ (၆)နှစ်ကျော်သွားပြီလို့ ပြောခဲ့တာပဲ၊ သူလည်း နှင်ထုတ်တဲ့အချိန်ကို လက်ခံခဲ့တာပဲနော် ” ဟု ပြော၍ သူမက “ အဲဒီအတွက် ရပ်ကွက်လူကြီးတွေလည်း သက်သေခေါ်လို့ရပါတယ် ၊က်ိုယ့်ရဲ့ ဦးကြီးတွေပါ ” ဟု ပြောပါသည်။

ထိုအခါ ကျွန်မက “ မဟေမာအနေနဲ့ အရင်ဆုံး သိထားဖို့ကို တို့ပြောပြပါ့မယ်၊စီရင်ထုံးနဲ့ ကိုးကားပြီး ပြောရမှာမို့ ” “ ဒေါ်မြစိန်၏ တရားဝင်ကိုယ်စားလှယ် ၊ ၁၉၉၇ ခုနှစ် ၊ မြန်မာနိုင်ငံစီရင်ထုံး (အထူး) ၇၉ ” မှာ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁)(က) ဒုတိယပိုင်းနှင့် ၁၂ (၁) (ဂ) တို့အရ အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအားနှင်လိုမှု မြို့ပြဒေက မဟုတ်သည့် ကျေးရွာ၌ တည်ရှိသော အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအား နှင်လိုမှုတို့၏ အမှုဖြစ် အကြောင်းအရာနှင့် သက်ဆိုင်သည့် ကာလစည်းကမ်းသတ်ဥပဒေများကို စိစစ်ကြားနာပြီး ဆုံးဖြတ်ခဲ့ပါတယ် ”

“ မြို့ပြဒေသ၌ တည်ရှိသော အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအား နှင်ထုတ်ပေးစေလိုမှုမှာ ၊ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ နှင့် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ၊ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေ တို့နှင့် သက်ဆိုင်ပါတယ် ”

“ မြို့ပြဒေသမဟုတ်သည့် ကျေးရွာတွင် တည်ရှိသော အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအား နှင်ထုတ်ပေးစေလိုမှုမှာ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ သက်သက်နှင့်သာ သက်ဆိုင်ပါတယ် ”

“ သို့ဖြစ်ရာ ယင်းအမှုအမျိုးအစား နှစ်မျိုးတို့၏ အမှုဖြစ်ကြောင်းအရာမှာ ကွဲပြားခြားနားပါတယ် ”

“ မြို့ပြဒေသ၌ တည်ရှိသော အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအား နှသ်လိုမှုမှာ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေသက်သက်နှင့်သာ သက်ဆိုင်ပါတယ် ”

“ သို့ဖြစ်ရာ ယင်းအမှု အမျိုးအစား နှစ်မျိုးတို့၏ အမှုဖြစ်ကြောင်းအရာမှာ ကွဲပြားခြားနားပါတယ် ”

“ မြို့ပြဒေသ၌ တည်ရှိသော အငှါးချထားသည့် ဥပစာ မှ အိမ်ငှါးအား နှင်လိုမှု၌ အမှုဖြစ်ကြောင်းအရာမှာ -

(၁) တရားပြိုင်သည် တရားလို၏ အိမ်ငှါး ဖြစ်ခြင်း

(၂) အငှါးချထားမှုကိူ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၁၁ ပါ ပြဌာန်းချက် တစ်ရပ်ရပ်အရ ရပ်စဲပြီးစီးခြင်း၊

(၃) တရားပြိုင်သည် အငှါးချထားသည့် ဥပစာမှ ဖယ်ရှားမပေးခြင်း၊

(၄) ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၂(၁) (က) မှ (စ) အထိပါ ကိစ္စတစ်ရပ်ရပ် သို့မဟုတ် ကိစ္စရပ်များ ပေါ်ပေါက်ခြင်းတို့ ဖြစ်ပါတယ် ”

“ မြို့ပြဒေသမဟုတ်သည့် ကျေးရွာတွင် တည်ရှိသော အငှါးချထားသည့် ဥပစာမှ အိမ်ငှါးအား နှင်လိုမှု၌ အမှုဖြစ်အကြောင်းအရာမှာ -

(၁) တရားပြိုင်သည် တရားလို၏ အိမ်ငှါးဖြစ်ခြင်း၊

(၂) အငှါးချထားမှုကို ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၁၁ ပါ ပြဌာန်းချက် တစ်ရပ်ရပ်အရ ရပ်စဲပြီးခြင်း၊

(၃) တရားပြိုင်သည် အငှါးချထားသည့် ဥပစာမှ ဖယ်ရှားမပေးခြင်း

တို့ ဖြစ်သဖြင့် အမှုဖြစ်အကြောင်းအရာမှာ ကျေးရွာဒေသတွင် အိမ်ငှါးအား နင်လိုမှု ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက် ဥပဒေပုဒ်မများ အား ထည့်သွင်းစဉ်းစားရန် မလိုအပ်ကြောင်း ထင်ရှားပါတယ် ”

“ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေသည် ဝေးလံသည့်ဒေသများမှအပ မြန်မာတစ်ပြည်လုံးတွင် အကျိုးသက်ရောက်ကြောင်း၊ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၁၁ (ဇ)အရ ငှါးရမ်းခြင်း ရပ်စဲကြောင်းကို အကြောင်းကြားစာ ပေးပို့ပြီးနောက် အိမ်ငှါးအား ဖယ်ရှားပေးစေရန် တရားစွဲဆိုခွင့် ရရှိကြောင်း ၊ ထို့ကြောင့် ကာလစည်းကမ်းသတ်ဥပဒေ ၊ ပထမဇယားအမှတ်စဉ် ၁၃၉ တွင် ငှါးယူသူထံမှ အငှါးချထားသူက မိမိ၏အရွှေ့မပြောင်းနိုင်သည့် အငှါးပစ္စည်းကို ပြန်ရလိုမှုတွင် ငှါးယူခြင်းကို ရပ်စဲသည့်အခါကစ၍ (၁၂)နှစ်အတွင်း တရားစွဲဆိုရန် ပြဌာန်းထားခြင်း ဖြစ်ပါတယ် ”

“ ဒါကြောင့် မဟေမာအနေနဲ့ အိမ်ငှါးအား နှင်ထုတ်စေလိုမှု ၊ ကာလစည်းကမ်းသတ် မကျော်သေးတဲ့အပြင် နောက်ထပ် (၅)နှစ်လောက်တောင် အချိန်မှီပါသေးတယ်၊ အခု ပြန်သွားပြီးရင်ပဲ တရားစွဲလို့ ရနေပြီလေ ”

“ တစ်ဆက်တည်းမှာပဲ အိမ်ငှါးအနေနဲ့ သူ့ သူငယ်ချင်းရှေ့နေကြီးများထံမှ မေးမြန်းထားချက်ကို ဗဟုသုတ အနေနဲ့ ပြောပြပေးပါ့မယ် ၊အဲဒါကတော့ မြို့ပြဒေသ၌ တည်ရှိသော အိမ်ငှါးအား နှင်လိုမှုမှာ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပြဠာန်းပြီးသည့် အခါတွင် အိမ်ရှင်သည် အိမ်ငှါးအား မိမိငှါးရမ်းထားသည့် ဥပစာမှ နှင်ထုတ်လိုသည့်အခါ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၁၁ (ဇ) နှင့် ၁၁၆ တို့အရ အကြောင်းကြားစာပေးပို့၍ ငှါးရမ်းခြင်းရပ်စဲစေရုံမျှနှင့် မလုံလောက်တော့ပါ ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၂(၁) (က) မှ (စ) အထိ အကြောင်းကိစ္စများ ပေါ်ပေါက်မှသာ အိမ်ရှင်က အိမ်ငှါးအား နှင်ထုတ်ခွင့်ရှိကြောင်း ၊ ထို့ကြောင့် ယင်းဥပဒေပုဒ်မ ၁၂(၁)(က)(ဒုတိယပိုင်း) နှင့် ၁၂(၁) (၈) တို့အရ စွဲဆိုမှုများတွင် ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ်စဉ် ၁၂၀ အရ တရားစွဲဆိုပိုင်ခွင့် ရရှိသည့်အခါက စ၍ (၆)နှစ်အတွင်း စွဲဆိုရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြဌာန်းထားတာကို အကြံပေးလိုက်တာ ဖြစ်ပါတယ် "

“ မဟေမာရေ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ ၁၀၈ (တ)အရ အိမ်ငှါးတာဝန်ကို ဖောက်ဖျက်သည့်ကိစ္စမျိုး ရှိနိုင်သဖြင့် ငှါးရမ်းခြင်းကို ဖြတ်တောက်ရပ်စဲပြီး ကာလစည်းကမ်းသတ်ဥပဒေ ၊ နောက်ဆက်တွဲဇယား ၁၊ အမှတ်စဉ် ၁၃၉ နှင့် အညီ ငှါးရမ်းခြင်း ဖြတ်တောက်ရပ်စဲသည့်နေ့မှစ၍ (၁၂)လအတွင်း တရားစွဲနိုင်ပါကြောင်းကို အကြံပေးပါရစေကွယ် ”ဟု ကျွန်မက ပြောအပြီးတွင် ဒေါ်စိုးဟေမာမှာ ပြုံးပျော်ရွှင်လန်းသွားပြီး ကျွန်မအားသိုင်းဖက်လိုက်ပါတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြာညိုသင်း (ဥပဒေရေးရာအတိုင်ပင်ခံရှေ့နေ)

 

[Zawgyi]

အိမ္ငွါးအားနွင္လိုမႈတြင္ ျမိဳ႕ျပေဒသနွင့္ ေက်းရြာေဒသတို႕၏ ကြာျခားခ်က္

ကၽြန္မ၏မိတ္ေဆြျဖစ္သူ ေဒၚစိုးေဟမာမွ “ ဒီလိုပါကြာ ၊ လြန္ခဲ့တဲ့ (၁၀) နွစ္ ေလာက္က ကိုယ့္ရဲ႕ အဘြားေတြေနတဲ့ ေမြးရပ္ေျမ ၊ဧရာဝတီတိုင္း ၊ မအူပင္ျမိဳ႕နားမွာပဲ ၊ မရမ္းေကြ႕ရြာမွာ ျခံဝယ္ထားျပီး အိမ္ေဆာက္လိုက္တယ္၊ ျပီးေတာ့ အိမ္ငွါးထားပါတယ္။ ေနာက္ေတာ့ အဲဒီအိမ္ငွါးကို သိပ္ျပီးသေဘာ မေတြ႕တာနဲ႕ ၊ လြန္ခဲ့တဲ့ (၇)နွစ္ေလာက္မွာ ဖယ္ေပးဖို႕ ေျပာလိုက္ပါတယ္၊ ကိုယ္ကလည္း ရန္ကုန္နဲ႕ ေနျပည္ေတာ္ကို ရုံးကိစၥအတြက္ သြားေနရလို႕ငွါးထားတဲ့အိမ္နဲ႕ အိမ္ငွါးကိစၥကို သိပ္ျပီး ဂရုမစိုက္မိဘူး ျဖစ္သြားပါတယ္။ လြန္ခဲ့တဲ့ အပတ္က အဲဒီအိမ္ငွါးကို သြားေတြ႕လိုက္ေတာ့ သူက ဖယ္မေပးႏိုင္ဘူးတဲ့ ၊ ေနာက္ျပီးသူရဲ႕ သူငယ္ခ်င္း အမႈလိုက္ေနတဲ့ ေရွ႕ေနေတြနဲ႕ ေမးျမန္းထားျပီးေတာ့ ကို္ယ့္ရဲ႕ႏွင္လိုမႈဟာ ကာလစည္းကမ္းသတ္ဥပေဒအရ ပထမဇယား ၊ အမွတ္စဥ္ ၁၂၀ အရ။ တရားစြဲဆို ပိုင္ခြင့္ဟစာ ၊ (၆)နွစ္အတြင္း စြဲဆိုရမွာျဖစ္ျပီး ကာလစည္းကမ္းသတ္ေက်ာ္ေနတဲ့အတြက္ ဖယ္ေပးစရာ မလိုဘူးလို႕ ေျပာေနလို႕ပါကြာ ၊ အဲဒါဘယ္လိုလုပ္ရမလဲဆိုတာ ၊ အၾကံညဏ္ေပးပါဦး သူငယ္ခ်င္းရယ္ ”ဟု ဝမ္းနည္းသံျဖင့္ ေျပာလာပါသည္။

ထို႕ေၾကာင့္ ကၽြန္မက “ သူငယ္ခ်င္းရယ္၊ သိပ္လည္း စိတ္မပူပါနဲ႕ ၊ အမွန္အတိုင္းေတာ့ ျဖစ္ရမွာေပါ့ကြာ ၊ တစ္ခုေလာက္ေတာ့ ေမးပါရေစ ၊ အဲဒါက ၊ ဟိုလြန္ခဲ့တဲ့ (၇)နွစ္ေလာက္မွာ ဖယ္ေပးဖို႕ ေျပာလိုက္တာကို ႏို႕တစ္စာ ေပးခဲ့တာလား၊ ဒါမွမဟုတ္ ႏႈတ္နဲ႕ေျပာခဲ့တာလား ” ဟု ေမးလိုက္ရာ သူမက “ ႏို႕တစ္စာလို႕ ေခၚလားမသိဘူး ၊ စာေရးျပီး ေပးလိုက္တယ္၊ ရပ္ကြက္က လူၾကီးေတြ ေရွ႕မွာပဲ ၊ ဖယ္ခိုင္းခဲ့တာပါ ၊ အိမ္ငွါးက ေန႕စဥ္လည္း အရက္ေသာက္တတ္ျပီး မူးလာရင္ ရမ္းကားတတ္ပါတယ္၊ ရပ္ကြက္ကလူၾကီးေတြကလည္း ဆံုးမလို႕ မရေတာ့ ၊သိပ္ျပီး မနွစ္ျမိဳ႕ၾကပါဘူး ” ဟု ေျပာသျဖင့္ ကၽြန္မက “ ဒါဆိုရင္လည္း ရပ္ကြက္လူၾကီးေတြ သက္ေသရွိတာေပါ့ေနာ္ ” ဟု ေျပာျပီးမွာ “ ေၾသာ္….ဟုတ္သားပဲ၊ အိမ္ငွါးကိုယ္တိုင္က တရားစြဲဆိုပိုင္ခြင့္စဟာ (၆)နွစ္ေက်ာ္သြားျပီလို႕ ေျပာခဲ့တာပဲ၊ သူလည္း နွင္ထုတ္တဲ့အခ်ိန္ကို လက္ခံခဲ့တာပဲေနာ္ ” ဟု ေျပာ၍ သူမက “ အဲဒီအတြက္ ရပ္ကြက္လူၾကီးေတြလည္း သက္ေသေခၚလို႕ရပါတယ္ ၊ကို္ယ့္ရဲ႕ ဦးၾကီးေတြပါ ” ဟု ေျပာပါသည္။

ထိုအခါ ကၽြန္မက “ မေဟမာအေနနဲ႕ အရင္ဆံုး သိထားဖို႕ကို တို႕ေျပာျပပါ့မယ္၊စီရင္ထံုးနဲ႕ ကိုးကားျပီး ေျပာရမွာမို႕ ” “ ေဒၚျမစိန္၏ တရားဝင္ကိုယ္စားလွယ္ ၊ ၁၉၉၇ ခုနွစ္ ၊ ျမန္မာႏိုင္ငံစီရင္ထံုး (အထူး) ၇၉ ” မွာ ၁၉၆၀ ျပည့္နွစ္ ၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခ ၾကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၂(၁)(က) ဒုတိယပိုင္းနွင့္ ၁၂ (၁) (ဂ) တို႕အရ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအားနွင္လိုမႈ ျမိဳ႕ျပေဒက မဟုတ္သည့္ ေက်းရြာ၌ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအား နွွင္လိုမႈတို႕၏ အမႈျဖစ္ အေၾကာင္းအရာနွင့္ သက္ဆိုင္သည့္ ကာလစည္းကမ္းသတ္ဥပေဒမ်ားကို စိစစ္ၾကားနာျပီး ဆံုးျဖတ္ခဲ့ပါတယ္ ”

“ ျမိဳ႕ျပေဒသ၌ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအား နွင္ထုတ္ေပးေစလိုမႈမွာ ၊ ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒ နွင့္ ၁၉၆၀ ျပည့္နွစ္ ျမိဳ႕ျပဆိုင္ရာ ၊ ငွါးရမ္းခၾကီးၾကပ္ေရးအက္ဥပေဒ တို႕နွင့္ သက္ဆိုင္ပါတယ္ ”

“ ျမိဳ႕ျပေဒသမဟုတ္သည့္ ေက်းရြာတြင္ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအား နွင္ထုတ္ေပးေစလိုမႈမွာ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒ သက္သက္နွင့္သာ သက္ဆိုင္ပါတယ္ ”

“ သို႕ျဖစ္ရာ ယင္းအမႈအမ်ိဳးအစား နွစ္မ်ိဳးတို႕၏ အမႈျဖစ္ေၾကာင္းအရာမွာ ကြဲျပားျခားနားပါတယ္ ”

“ ျမိဳ႕ျပေဒသ၌ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအား နွသ္လိုမႈမွာ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒသက္သက္နွင့္သာ သက္ဆိုင္ပါတယ္ ”

“ သို႕ျဖစ္ရာ ယင္းအမႈ အမ်ိဳးအစား နွစ္မ်ိဳးတို႕၏ အမႈျဖစ္ေၾကာင္းအရာမွာ ကြဲျပားျခားနားပါတယ္ ”

“ ျမိဳ႕ျပေဒသ၌ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာ မွ အိမ္ငွါးအား နွင္လိုမႈ၌ အမႈျဖစ္ေၾကာင္းအရာမွာ -

(၁) တရားျပိဳင္သည္ တရားလို၏ အိမ္ငွါး ျဖစ္ျခင္း

(၂) အငွါးခ်ထားမႈကိူ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒ ပုဒ္မ ၁၁၁ ပါ ျပဌာန္းခ်က္ တစ္ရပ္ရပ္အရ ရပ္စဲျပီးစီးျခင္း၊

(၃) တရားျပိဳင္သည္ အငွါးခ်ထားသည့္ ဥပစာမွ ဖယ္ရွားမေပးျခင္း၊

(၄) ၁၉၆၀ ျပည့္နွစ္ ၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၂(၁) (က) မွ (စ) အထိပါ ကိစၥတစ္ရပ္ရပ္ သို႕မဟုတ္ ကိစၥရပ္မ်ား ေပၚေပါက္ျခင္းတို႕ ျဖစ္ပါတယ္ ”

“ ျမိဳ႕ျပေဒသမဟုတ္သည့္ ေက်းရြာတြင္ တည္ရွိေသာ အငွါးခ်ထားသည့္ ဥပစာမွ အိမ္ငွါးအား နွင္လိုမႈ၌ အမႈျဖစ္အေၾကာင္းအရာမွာ -

(၁) တရားျပိဳင္သည္ တရားလို၏ အိမ္ငွါးျဖစ္ျခင္း၊

(၂) အငွါးခ်ထားမႈကို ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၁၁ ပါ ျပဌာန္းခ်က္ တစ္ရပ္ရပ္အရ ရပ္စဲျပီးျခင္း၊

(၃) တရားျပိဳင္သည္ အငွါးခ်ထားသည့္ ဥပစာမွ ဖယ္ရွားမေပးျခင္း

တို႕ ျဖစ္သျဖင့္ အမႈျဖစ္အေၾကာင္းအရာမွာ ေက်းရြာေဒသတြင္ အိမ္ငွါးအား နင္လိုမႈ ၁၉၆၀ ျပည့္နွစ္ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးအက္ ဥပေဒပုဒ္မမ်ား အား ထည့္သြင္းစဥ္းစားရန္ မလိုအပ္ေၾကာင္း ထင္ရွားပါတယ္ ”

“ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒသည္ ေဝးလံသည့္ေဒသမ်ားမွအပ ျမန္မာတစ္ျပည္လံုးတြင္ အက်ိဳးသက္ေရာက္ေၾကာင္း၊ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၁၁ (ဇ)အရ ငွါးရမ္းျခင္း ရပ္စဲေၾကာင္းကို အေၾကာင္းၾကားစာ ေပးပို႕ျပီးေနာက္ အိမ္ငွါးအား ဖယ္ရွားေပးေစရန္ တရားစြဲဆိုခြင့္ ရရွိေၾကာင္း ၊ ထို႕ေၾကာင့္ ကာလစည္းကမ္းသတ္ဥပေဒ ၊ ပထမဇယားအမွတ္စဥ္ ၁၃၉ တြင္ ငွါးယူသူထံမွ အငွါးခ်ထားသူက မိမိ၏အေရႊ႕မေျပာင္းႏိုင္သည့္ အငွါးပစၥည္းကို ျပန္ရလိုမႈတြင္ ငွါးယူျခင္းကို ရပ္စဲသည့္အခါကစ၍ (၁၂)နွစ္အတြင္း တရားစြဲဆိုရန္ ျပဌာန္းထားျခင္း ျဖစ္ပါတယ္ ”

“ ဒါေၾကာင့္ မေဟမာအေနနဲ႕ အိမ္ငွါးအား နွင္ထုတ္ေစလိုမႈ ၊ ကာလစည္းကမ္းသတ္ မေက်ာ္ေသးတဲ့အျပင္ ေနာက္ထပ္ (၅)နွစ္ေလာက္ေတာင္ အခ်ိန္မွီပါေသးတယ္၊ အခု ျပန္သြားျပီးရင္ပဲ တရားစြဲလို႕ ရေနျပီေလ ”

“ တစ္ဆက္တည္းမွာပဲ အိမ္ငွါးအေနနဲ႕ သူ႕ သူငယ္ခ်င္းေရွ႕ေနၾကီးမ်ားထံမွ ေမးျမန္းထားခ်က္ကို ဗဟုသုတ အေနနဲ႕ ေျပာျပေပးပါ့မယ္ ၊အဲဒါကေတာ့ ျမိဳ႕ျပေဒသ၌ တည္ရွိေသာ အိမ္ငွါးအား နွင္လိုမႈမွာ ၁၉၆၀ ျပည့္နွစ္၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးအက္ဥပေဒ ျပဠာန္းျပီးသည့္ အခါတြင္ အိမ္ရွင္သည္ အိမ္ငွါးအား မိိမိငွါးရမ္းထားသည့္ ဥပစာမွ နွင္ထုတ္လိုသည့္အခါ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ ၁၁၁ (ဇ) နွင့္ ၁၁၆ တို႕အရ အေၾကာင္းၾကားစာေပးပို႕၍ ငွါးရမ္းျခင္းရပ္စဲေစရုံမွ်နွင့္ မလံုေလာက္ေတာ့ပါ ၊ ျမိဳ႕ျပဆိုင္ရာ ငွါးရမ္းခၾကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ ၁၂(၁) (က) မွ (စ) အထိ အေၾကာင္းကိစၥမ်ား ေပၚေပါက္မွသာ အိမ္ရွင္က အိမ္ငွါးအား နွင္ထုတ္ခြင့္ရွိေၾကာင္း ၊ ထို႕ေၾကာင့္ ယင္းဥပေဒပုဒ္မ ၁၂(၁)(က)(ဒုတိယပိုင္း) နွင့္ ၁၂(၁) (၈) တို႕အရ စြဲဆုိမႈမ်ားတြင္ ကာလစည္းကမ္းသတ္အက္ဥပေဒ ပထမဇယား အမွတ္စဥ္ ၁၂၀ အရ တရားစြဲဆိုပိုင္ခြင့္ ရရွိသည့္အခါက စ၍ (၆)နွစ္အတြင္း စြဲဆိုရန္ လိုအပ္ျခင္းျဖစ္ေၾကာင္း ျပဌာန္းထားတာကို အၾကံေပးလိုက္တာ ျဖစ္ပါတယ္ "

“ မေဟမာေရ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ ၁၀၈ (တ)အရ အိမ္ငွါးတာဝန္ကို ေဖာက္ဖ်က္သည့္ကိစၥမ်ိဳး ရွိႏိုင္သျဖင့္ ငွါးရမ္းျခင္းကို ျဖတ္ေတာက္ရပ္စဲျပီး ကာလစည္းကမ္းသတ္ဥပေဒ ၊ ေနာက္ဆက္တြဲဇယား ၁၊ အမွတ္စဥ္ ၁၃၉ နွင့္ အညီ ငွါးရမ္းျခင္း ျဖတ္ေတာက္ရပ္စဲသည့္ေန႕မွစ၍ (၁၂)လအတြင္း တရားစြဲႏိုင္ပါေၾကာင္းကို အၾကံေပးပါရေစကြယ္ ”ဟု ကၽြန္မက ေျပာအျပီးတြင္ ေဒၚစိုးေဟမာမွာ ျပံဳးေပ်ာ္ရႊင္လန္းသြားျပီး ကၽြန္မအားသိုင္းဖက္လိုက္ပါေတာ့သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကာညိဳသင္း (ဥပေဒေရးရာအတိုင္ပင္ခံေရွ႕ေန)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
cherry-condo
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service