ရေခဲသေတ္တာထဲ လုံးဝမထည့်သင့်တဲ့ အစားအစာ (၆) မျိုး

ရေခဲသေတ္တာထဲ လုံးဝမထည့်သင့်တဲ့ အစားအစာ (၆) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2020 11:56 am တွင် တင်ခဲ့သည်
1540 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ရှင်မတို့ရေ ကိုယ်ချက်မယ် လုပ်ထားတဲ့ပစ္စည်းတွေကို ရေခဲသေတ္တာထဲက ထုတ်ကာမှ ပုံပျက်နေတာမျိုး ဒါမှမဟုတ် ချက်ပြီးထွက်လာတဲ့အရသာက စားရတာတစ်မျိုးဖြစ်နေတာမျိုး ကြုံဖူးကြမှာပေါ့နော်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ တချို့အစားအစာတွေကို ရေခဲသေတ္တာထဲ မထည့်သင့်ဘဲ ထည့်ထားလို့ပါ။

(၁) အာလူး

အာလူးတွေကို အေးမြပြီး အမှောင်ကျတဲ့နေရာတွေမှာ ထားရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အေးမြတဲ့နေရာဆိုတာ ရေခဲသေတ္တာကို ဆိုလိုတာမဟုတ်ပါဘူး။ ရေခဲသေတ္တာကတော့ အရမ်းအေးလွန်းပါတယ်။ သူ့အအေးဓာတ်က အာလူးရဲ့ အသက်ဖြစ်တဲ့ ကစီဓာတ်ကို ဖျက်စီးရာရောက်စေတဲ့အတွက် အာလူးရဲ့အရသာအမှန်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

(၂) Melon အနွယ်ဝင်အသီးတွေ

Melon အမျိုးအစားတွေဖြစ်တဲ့ သခွားမွှေး၊ ဖရဲသီးတို့တွေကို အရသာမပျက်ဘဲ စားချင်တယ်ဆိုရင်တော့ အခန်းအပူချိန်အောက်မှာပဲ သိုလှောင်ပေးပါ။

သုတေသနလုပ်ချက်တွေအရ ရေခဲသေတ္တာထဲမှာ အေးခဲထားမယ်ဆိုရင် Melon တွေမှာပါတဲ့ Antioxidant ဓာတ်က အလျင်အမြန် လျော့ကျစေတယ်လို့ဆိုပါတယ်။ အသီးမှာပါဝင်တဲ့ ဓာတ်တွေကို အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခန်းအပူချိန်မှာပဲ သိုလှောင်စားသုံးပါ။

(၃) ပျားရည်

ပျားရည်ကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တော့ ခဲပြီး သုံးရတာအဆင်မပြေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီခဲနေတဲ့ပျားရည်ကိုတော့ ရေနွေးထဲမှာအရည်ပျော်သွားအောင် စိမ်ပေးမယ်ဆိုရင် ပုံမှန်အနေအထားပြန်ဖြစ်စေမှာပါ။ ပျားရည်အရည်အသွေးမလျော့ကျဘဲ ကြာကြာခံချင်တယ်ဆိုရင်တော့ အခန်းအပူချိန်မှာပဲ ထားပေးပါ။

(၄) အခွံမာသီး

သစ်ကြားစေ့တွေကို ရေခဲသေတ္တာထဲထည့်ပြီး စားမယ်လုပ်ကာမှ ဆီချေးအနံ့ရတာမျိုး ကြုံဖူးကြမှာပေါ့။ အကြောင်းရင်းကတော့ အခွံမာသီးတွေက လေလုံပြီး ပုံမှန်အပူချိန်သာရှိတဲ့ နေရာမှာပဲ ထားသင့်လို့ပါပဲ။ အခွံမာသီးတွေကို ထည့်ဖို့ အကောင်းဆုံးနည်းကတော့ လေလုံပိတ်အိတ်ထဲမှာထည့်လို့ အခန်းအပူချိန်အောက်မှာ ထားပေးပါ။ တကယ်လို့များ ရေခဲသေတ္တာထဲမှာ ထည့်ထားခဲ့မိတယ်ဆိုရင်တော့ မစားခင်မှာ မီးပြပေးသင့်ပါတယ်။

(၅) ပန်းသီးတွေ

ပန်းသီးတွေကို ရေခဲသေတ္တာထဲထည့်ဖြစ်ကြတဲ့ အဓိကအကြောင်းရင်းကတော့ အေးချင်လို့ပဲ ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ မလိုအပ်ပါဘူး။ ဒီလိုအေးခဲတာက ပန်းသီးဂုဏ်သတ္တိဖြစ်တဲ့ ကြွပ်ဆတ်တာကို ဖျက်စီးလိုက်တာပါပဲ။ တကယ်ဆိုရင် မီးဖိုချောင်က စားပွဲပေါ်တွေနဲ့ စင်တစ်ခုခုပေါ်မှာ ထားရင်တောင် တစ်ပတ်လောက်ထိ ကောင်းကောင်းခံပါတယ်။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တောင် တစ်ပတ်အထိခံဖို့တောင် မသေချာပါဘူး။

(၆) Stone Fruit

Stone Fruit လို့ခေါ်လို့ရတဲ့ ဆီးသီး၊ မက်မွန်သီး၊ Apricots တို့လို အသီးတွေကို အခန်းအပူချိန်အောက်မှာပဲ ထားမယ်ဆိုရင်ပဲ အဆင်ပြေပါတယ်။ သူတို့ကို အိတ်တစ်ခုနဲ့ သေချာထုပ်ပိုးပြီး မီးဖိုချောင်ထောင့်တစ်နေရာမှာ ထားပေးနိုင်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ ဒါတွေအားလုံးကို မီးဖိုချောင်ထဲက ကြောင်အိမ်၊ အံဆွဲ၊ စင်ပေါ်နဲ့ စားပွဲပေါ်တွေမှာ ထားရင်ပဲ အဆင်ပြေပါတယ်။ အခုဆိုရင် ရေခဲသေတ္တာထဲမှာ မလိုအပ်တာတွေနဲ့ ပြည့်မနေဘဲ တခြားမဖြစ်မနေထည့်ရမယ့် ပစ္စည်းတွေအတွက် နေရာလွတ်တွေ အများကြီးရှိတော့မှာဆိုတော့ စိတ်ချမ်းသာသွားပြီဟုတ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hhdresearch

 

[Zawgyi]



(၁) အာလူး





(၃) ပျားရည်


(၄) အခွံမာသီး


(၅) ပန်းသီးတွေ


(၆) Stone Fruit






Credit: hhdresearch

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service