ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်း ၁ နှစ်အတွင်း အပြီးဆောင်ရွက်မည်

ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်း ၁ နှစ်အတွင်း အပြီးဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
18 Dec 2020 11:20 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁ နှစ်အတွင်း အပြီးဆောင်ရွက်ရမည့် ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်း အတွက်ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်သည့် ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်းသည် လုပ်ငန်းပမာဏကြီးမားပြီး အချိန် (၁၂) လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့်စီမံကိန်းတစ်ခုဖြစ်ကြောင်းအဆိုပါအစည်းအဝေးမှသိရသည်။

ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်းကို အသင်း (၃)သင်း၏ ငွေကြေး စိုက်ထုတ်မှုနှင့်ဆောင်ရွက်ပြီး အစိုးရ၏ နှစ်စဉ် ဘဏ္ဍာရန်ပုံ ငွေမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်၏ ပိုလျှံဘဏ္ဍာရန်ပုံငွေ ငွေကျပ်ဘီလီယံ ၁၃၀ ဖြင့် ငွေပေးချေသုံးစွဲ ခွင့်ကို ရရှိမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့နေပြည်တော်မှ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီး ကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်နှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မန္တလေးတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းချုပ်များမှ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝိတ်တို့လည်းတက်ရောက်ခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာများအရ သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္သူ႔အငွားအိမ္ရာ အခန္းတစ္ေသာင္း စီမံကိန္း ၁ ႏွစ္အတြင္း အၿပီးေဆာင္ရြက္မည္

၁ ႏွစ္အတြင္း အၿပီးေဆာင္ရြက္ရမည့္ ျပည္သူ႔အငွားအိမ္ရာ အခန္းတစ္ေသာင္း စီမံကိန္း အတြက္ျပည္သူ႔အငွားအိမ္ရာ တည္ေဆာက္ေရး ဦးစီးေကာ္မတီ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးကို ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ ဒီဇင္ဘာ ၁၇ ရက္က က်င္းပခဲ့ေၾကာင္းသိရသည္။

ကိုဗစ္-၁၉ ကာလ စီးပြားေရးကုစားမႈအစီအစဥ္အရ ျပည္သူမ်ား အလုပ္အကိုင္ရရွိေရးႏွင့္ ေနထိုင္ေရးအဆင္ေျပေစရန္ ရည္ရြယ္ေဆာင္ရြက္သည့္ ျပည္သူ႔အငွားအိမ္ရာ အခန္းတစ္ေသာင္း စီမံကိန္းသည္ လုပ္ငန္းပမာဏႀကီးမားၿပီး အခ်ိန္ (၁၂) လအတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ရမည့္စီမံကိန္းတစ္ခုျဖစ္ေၾကာင္းအဆိုပါအစည္းအေဝးမွသိရသည္။

ျပည္သူ႔အငွားအိမ္ရာ အခန္းတစ္ေသာင္း စီမံကိန္းကို အသင္း (၃)သင္း၏ ေငြေၾကး စိုက္ထုတ္မႈႏွင့္ေဆာင္ရြက္ၿပီး အစိုးရ၏ ႏွစ္စဥ္ ဘ႑ာရန္ပုံ ေငြမွ (၂၀၁၉-၂၀၂၀) ဘ႑ာႏွစ္၏ ပိုလၽွံဘ႑ာရန္ပုံေငြ ေငြက်ပ္ဘီလီယံ ၁၃၀ ျဖင့္ ေငြေပးေခ်သုံးစဲြ ခြင့္ကို ရရွိမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ အစည္းအေဝးသို႔ေနျပည္ေတာ္မွ ျပည္သူ႔အငွားအိမ္ရာတည္ေဆာက္ေရး ဦးစီးေကာ္မတီ ဥကၠ႒၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္၊ ျပည္သူ႔အငွားအိမ္ရာတည္ေဆာက္ေရး ဦးစီး ေကာ္မတီအတြင္းေရးမႉး၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေက်ာ္လင္း၊ အျမဲတမ္းအတြင္းဝန္ ဦးေရႊေလး၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ျဖိဳး ေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထိန္ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ ၾကၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္၊ ျပည္ေထာင္စုနယ္ေၿမ ေနျပည္ေတာ္ ေကာင္စီဝင္ ဦးတင္ထြန္း၊ ရန္ကုန္တိုင္း ေဒသႀကီး လၽွပ္စစ္၊ စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္၊ မႏၲေလးတိုင္းေဒသႀကီးလၽွပ္စစ္၊ စြမ္းအင္ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္၊ ပုဂၢလိကလုပ္ငန္းရွင္အသင္းခ်ဳပ္မ်ားမွ ျမန္မာနိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးရွိန္ဝင္း၊ ျမန္မာနိုင္ငံလိုင္စင္ရ ကန္ထရိုက္တာမ်ား အသင္းခ်ဳပ္ ဥကၠ႒ ဦးေက်ာ္ဝင္းႏွင့္ ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ျဖိဳးေရးလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဝိတ္တို႔လည္းတက္ေရာက္ခဲ့ၾကေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားအရ သိရသည္။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service