ကိုဗစ်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် စီမံကိန်းပေါင်း လေးရာကျော်ထိ တင်ပြလျောက်ထား

ကိုဗစ်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် စီမံကိန်းပေါင်း လေးရာကျော်ထိ တင်ပြလျောက်ထား - Property News in Myanmar from iMyanmarHouse.com
12 Dec 2020 12:16 pm တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရန် စီမံကိန်းလုပ်ငန်းပေါင်း လေးရာကျော်ထိ တင်ပြလျောက်ထားမှုရှိ‌ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဆောက်လုပ်ရေးလုပ်ငန်း များ ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ သိရသည်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းထားရင် နိုင်ငံရဲ့ စီးပွားရေးရော အခြေခံ ဆောက်လုပ်ရေး လုပ်သားတွေရဲ့ စားဝတ်နေရေးပါ အခက်အခဲဖြစ်မှာစိုးလို့ ရန်ကုန်တိုင်းဆောက်လုပ် ရေးကြီးကြပ်မှု ကော်မတီက လုပ်ငန်းကို အလျင်အမြန် ဖွင့်လှစ်ပေးဖို့ ၊ အလျင်အမြန်ဖွင့်လှစ်အခါမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှာလည်း ကြောက်တယ်၊ အဲဒါကြောင့်မို့ ကော်မတီက သတ်မှတ်ထားတဲ့ အချက် ၁၈ ချက်ရှိတယ်၊ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ဗားရှင်း ၄.၀ ရှိတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ထားတာလေးတွေ ဓာတ်ပုံနဲ့တင် ၊ ညွှန်ကြား ချက်နှစ်ခုကို လိုက်နာပါမယ့် ခံဝန်ကတိတင်လိုက်တာနဲ့ ကျွန်တော်တို့ချက်ချင်းခွင့်ပြုပေးသွားဖို့ ဖြစ်ပါတယ်၊လက်ရှိမှာလည်း ဆောက်လုပ် ရေး လုပ်ငန်းပေါင်း တစ်ရာကျော်ထိ ခွင့်ပြုပေးထားပြီးဖြစ်ပါတယ် “ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး(၁)ဦးမျိုးမြင့် ကပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ဆောင်ရွက်လိုသည့် ဆောက်လုပ်ငန်းစီမံကိန်းများအနေဖြင့်ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးနှင့်ပတ်သက်၍ စက်ရုံ၊အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် (Version4.0) နှင့်ရန်ကုန်တိုင်း ဒေသကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ် မှုကော်မတီ၏ စစ်ဆေးချက်ပုံစံ Check List ၁၈ ချက်အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံဝန်ကတိဖြင့် လိုက်နာပါက ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ခွင့်ပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ ရန်ုကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လိုသည့် ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် “ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများ ဆိုင်ရာ ကြီးကြပ်မှုကော်မတီ”သို့ လိပ်မူပြီး လျောက်လွှာနှင့်အတူ လုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ထားသည့် Check List ပုံစံ ၁၈ ချက်တွင် မိမိလုပ်ငန်းခွင့်နှင့် လိုက်လျောညီထွေရှိသည့် အချက်များကို လိုက်နာဆောင်ရွက်ထားရှိကြောင်း Check List ပုံစံ၊ ဓာတ်ပုံ မှတ်တမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက် Version 4.0 အတိုင်းလိုက်နာပါကြောင်း ခံဝန်ကတိဖြင့် လက်မှတ်ရေးထိုပြီး အီးမေးလ်လိပ် စာများဖြစ်သည့် myintnaing.duhd@gmail.com/myomyint@mktconstruction.com / eastdisyangon@gmail.com/kyikyimon76@gmail.com/than2oo.gov@gmail.com/ kyawthanhtay40@gmail.com သို့ လျောက်ထားနိုင်မည်ဖြစ်သည်။

ထို့ပြင် တည်ဆောက်ခွင့်ရရှိသည့် ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် တင်ပြထားသည့်အတိုင်း လုပ်ငန်း ခွင်တွင် အမှန်တကယ်လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိအား ခရိုင်စစ်ဆေးရေးအဖွဲ့များမှ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု မရှိသည့် လုပ်ငန်းခွင်များအား ယာယီ လုပ်ငန်းပိတ်သိမ်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service