လူမြင်ကွင်းတွင် လိင်ဆက်ဆံနေသော စုံတွဲကို စောင့်ကြည့်သည့်အမျိုးသား လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်မှုဖြင့် ဒဏ်ရိုက်ခံရ

လူမြင်ကွင်းတွင် လိင်ဆက်ဆံနေသော စုံတွဲကို စောင့်ကြည့်သည့်အမျိုးသား လော့ဒေါင်းစည်းမျဉ်း ချိုးဖောက်မှုဖြင့် ဒဏ်ရိုက်ခံရ - Property News in Myanmar from iMyanmarHouse.com
26 Nov 2020 11:26 am တွင် တင်ခဲ့သည်
11853 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အောက်စ်ဖို့ဒ်ရှိုင်းယားခရိုင်၊ ဘိုင်ဆက်စ်တာမြို့ကလေးအနီးရှိ သာယာလှပသော နာမည်ကျော်နေရာတစ်ခုတွင် လူမြင်ကွင်း၌ လိင်ဆက်ဆံနေသည့် စုံတွဲအား ကြည့်ရန် သွားရောက်ခဲ့သော အမျိုးသားတစ်ဦးကို တရားရုံးက လော့ဒေါင်းစည်းမျဉ်းချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ်လိုက်သည်။

ဘန်ဘူရီမြို့ (Banbury ) ၊ Old Grimsbury လမ်းတွင် နေထိုင်သော ဒင်နီယယ် လူးဝစ် (Daniel Lewis )ကို အခြားအမျိုးသား ၂ ဦးနှင့်အတူ သူ၏ ကားအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘိုင်ဆက်စ်တာမြို့အနီးရှိ Stoke Woodသစ်တောနယ်မြေအတွင်းရှိ ကားရပ်နားစခန်းတွင် လိင်ဆက်ဆံနေကြသည့် စုံတွဲကို ကြည့်ရှုနေကြခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒင်နီယယ် လူးဝစ်သည် အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလ လူ ၂ ဦးထက် ပိုမိုစုဝေးရခြင်း မပြုဟူသော စည်းမျဉ်းချမှတ်ထားချိန်ကာလတွင် လူစုဝေးမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Stoke Wood သည် ရှေးဟောင်းသစ်တောမြေဖြစ်ပြီး ဘိုက်ဆက်စ်တာမြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာတွင် တည်ရှိကာ ဒေသခံပြည်သူများ အလွန်နှစ်သက်မြတ်နိုးစွာ သွားရောက်လေ့ရှိကြသည့်နေရာတစ်ခုဖြစ်ကြောင်း Woodland Trust ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

Stoke Wood တောအုပ်သည် ၃ မိုင်နီးပါး ဖြန့်ကျက်တည်ရှိသော်လည်း အဆိုပါစုံတွဲ လိင်ဆက်ဆံခဲ့ကြသည့် ကားရပ်နားစခန်း နေရာမှာမူ ကားအစင်းရေ ၃၀ ခန့်သာ ရပ်နားနိုင်သော အကျယ်အဝန်းရှိသည်။

လူကြီးကြိုက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Swinging Heaven တွင် ပြီးခဲ့သောနှစ်အတွင်း ဖော်ပြခဲ့သည်မှာ အောက်စ်ဖို့ရှိုင်းယားရှိ တောအုပ်များနှင့် သဘာဝ တောလမ်းများရှိရာသို့ သွားမည်ဆိုလျှင် စုံတွဲများ လူမြင်ကွင်းတွင် လိင်ဆက်ဆံနေခြင်း (သို့မဟုတ်) ထိုသို့ လိင်ဆက်ဆံနေကြမှုကို အခြားသူတို့က ထိုင်ကြည့်နေကြခြင်း၊ လိင်ဆက်ဆံမှုတွင် မိမိတို့ကိုယ်တိုင် ပါဝင်ကြခြင်းများကို တွေ့ရဖွယ်ရှိကြောင်း ရေးသားဖော်ပြထားသည်။

ဗြိတိန်ဥပဒေတွင် အများမြင်ကွင်းတွင် လိင်ဆက်ဆံခြင်း၊ ဘေးမှကြည့်ရှုခြင်းနှင့် အများပြည်သူအကြား လိင်ဆက်ဆံမှုတွင် ကိုယ်တိုင် ပါဝင်ခြင်းများကို အတိအကျတားမြစ်ထားခြင်းကား မရှိချေ။

သို့သော် အထက်ပါ လုပ်ဆောင်မှုများဖြင့် ဖမ်းဆီးခံရသူများသည် ၂၀၀၃ ခုနှစ် လိင်မှုဆိုင်ရာ ပြစ်မှုအက်ဥပဒေမှ အများပြည်သူအကြား ညစ်ညမ်းရိုင်းပြမှုနှင့် မဖွယ်မရာ ပြုလုပ်မှုတို့ဖြင့် တရားစွဲခံရနိုင်သည်။

ဒင်နီယယ် လူးဝစ်အား အောက်စ်ဖို့ဒ် ရာဇဝတ်တရားရုံးက ဒဏ်ငွေ ပေါင် ၃၀၀ ( မြန်မာငွေ ၅၂၀,၀၀၀) ချမှတ်ခဲ့သည့်အပြင် နစ်နာသူအား ၃၄ ပေါင် ( မြန်မာငွေ ၅၉၀၀၀ ကျပ်)ပေးရန်နှင့် တရားရုံးစရိတ် ပေါင် ၉၀ ( မြန်မာငွေ ၁၅၇၀၀၀ ကျပ်) ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man broke coronavirus lockdown rules to watch couple dogging near Bicester (oxfordmail)

 

[Zawgyi]

လူျမင္ကြင္းတြင္ လိင္ဆက္ဆံေနေသာ စံုတြဲကို ေစာင့္ၾကည့္သည့္အမ်ဳိးသား ေလာ့ေဒါင္းစည္းမ်ဥ္း ခ်ဳိးေဖာက္မႈျဖင့္ ဒဏ္ရိုက္ခံရ

အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေအာက္စ္ဖို႔ဒ္ရႈိင္းယားခရိုင္၊ ဘိုင္ဆက္စ္တာျမိဳ႕ကေလးအနီးရွိ သာယာလွပေသာ နာမည္ေက်ာ္ေနရာတစ္ခုတြင္ လူျမင္ကြင္း၌ လိင္ဆက္ဆံေနသည့္ စံုတြဲအား ၾကည့္ရန္ သြားေရာက္ခဲ့ေသာ အမ်ဳိးသားတစ္ဦးကို တရားရံုးက ေလာ့ေဒါင္းစည္းမ်ဥ္းခ်ဳိးေဖာက္မႈျဖင့္ ဒဏ္ေငြခ်မွတ္လိုက္သည္။

ဘန္ဘူရီျမိဳ႕ (Banbury ) ၊ Old Grimsbury လမ္းတြင္ ေနထိုင္ေသာ ဒင္နီယယ္ လူးဝစ္ (Daniel Lewis )ကို အျခားအမ်ဳိးသား ၂ ဦးႏွင့္အတူ သူ၏ ကားအတြင္း ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ျပီး ၎တို႔သည္ ဘိုင္ဆက္စ္တာျမိဳ႕အနီးရွိ Stoke Woodသစ္ေတာနယ္ေျမအတြင္းရွိ ကားရပ္နားစခန္းတြင္ လိင္ဆက္ဆံေနၾကသည့္ စံုတြဲကို ၾကည့္ရႈေနၾကျခင္းျဖစ္သည္။

အသက္ ၂၄ ႏွစ္အရြယ္ရွိ ဒင္နီယယ္ လူးဝစ္သည္ အဂၤလန္တြင္ ကိုရိုနာဗိုင္းရပ္စ္ အေရးေပၚကာလ လူ ၂ ဦးထက္ ပိုမိုစုေဝးရျခင္း မျပဳဟူေသာ စည္းမ်ဥ္းခ်မွတ္ထားခ်ိန္ကာလတြင္ လူစုေဝးမႈျဖင့္ အျပစ္ရွိေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

Stoke Wood သည္ ေရွးေဟာင္းသစ္ေတာေျမျဖစ္ျပီး ဘိုက္ဆက္စ္တာျမိဳ႕၏ အေနာက္ေျမာက္ဘက္ ၄ မိုင္ခန္႔ အကြာတြင္ တည္ရွိကာ ေဒသခံျပည္သူမ်ား အလြန္ႏွစ္သက္ျမတ္ႏိုးစြာ သြားေရာက္ေလ့ရွိၾကသည့္ေနရာတစ္ခုျဖစ္ေၾကာင္း Woodland Trust ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

Stoke Wood ေတာအုပ္သည္ ၃ မိုင္နီးပါး ျဖန္႔က်က္တည္ရွိေသာ္လည္း အဆိုပါစံုတြဲ လိင္ဆက္ဆံခဲ့ၾကသည့္ ကားရပ္နားစခန္း ေနရာမွာမူ ကားအစင္းေရ ၃၀ ခန္႔သာ ရပ္နားႏိုင္ေသာ အက်ယ္အဝန္းရွိသည္။

လူၾကီးၾကိဳက္ ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Swinging Heaven တြင္ ျပီးခဲ့ေသာႏွစ္အတြင္း ေဖာ္ျပခဲ့သည္မွာ ေအာက္စ္ဖို႔ရႈိင္းယားရွိ ေတာအုပ္မ်ားႏွင့္ သဘာဝ ေတာလမ္းမ်ားရွိရာသို႔ သြားမည္ဆိုလွ်င္ စံုတြဲမ်ား လူျမင္ကြင္းတြင္ လိင္ဆက္ဆံေနျခင္း (သို႔မဟုတ္) ထိုသို႔ လိင္ဆက္ဆံေနၾကမႈကို အျခားသူတို႔က ထိုင္ၾကည့္ေနၾကျခင္း၊ လိင္ဆက္ဆံမႈတြင္ မိမိတို႔ကိုယ္တိုင္ ပါဝင္ၾကျခင္းမ်ားကို ေတြ႔ရဖြယ္ရွိေၾကာင္း ေရးသားေဖာ္ျပထားသည္။

ျဗိတိန္ဥပေဒတြင္ အမ်ားျမင္ကြင္းတြင္ လိင္ဆက္ဆံျခင္း၊ ေဘးမွၾကည့္ရႈျခင္းႏွင့္ အမ်ားျပည္သူအၾကား လိင္ဆက္ဆံမႈတြင္ ကိုယ္တိုင္ ပါဝင္ျခင္းမ်ားကို အတိအက်တားျမစ္ထားျခင္းကား မရွိေခ်။

သို႔ေသာ္ အထက္ပါ လုပ္ေဆာင္မႈမ်ားျဖင့္ ဖမ္းဆီးခံရသူမ်ားသည္ ၂၀၀၃ ခုႏွစ္ လိင္မႈဆိုင္ရာ ျပစ္မႈအက္ဥပေဒမွ အမ်ားျပည္သူအၾကား ညစ္ညမ္းရိုင္းျပမႈႏွင့္ မဖြယ္မရာ ျပဳလုပ္မႈတို႔ျဖင့္ တရားစြဲခံရႏိုင္သည္။

ဒင္နီယယ္ လူးဝစ္အား ေအာက္စ္ဖို႔ဒ္ ရာဇဝတ္တရားရံုးက ဒဏ္ေငြ ေပါင္ ၃၀၀ ( ျမန္မာေငြ ၅၂၀,၀၀၀) ခ်မွတ္ခဲ့သည့္အျပင္ နစ္နာသူအား ၃၄ ေပါင္ ( ျမန္မာေငြ ၅၉၀၀၀ က်ပ္) ေပးရန္ႏွင့္ တရားရံုးစရိတ္ ေပါင္ ၉၀ ( ျမန္မာေငြ ၁၅၇၀၀၀ က်ပ္) ေပးေဆာင္ေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man broke coronavirus lockdown rules to watch couple dogging near Bicester (oxfordmail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service