Pfizer ၏ ကာကွယ်ဆေးစမ်းသပ်မှု ပြီးဆုံး၊ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်ကြောင်း အဆုံးသတ်အဖြေထွက်ပြီးနောက် ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer နှင့် BioNTech ကုမ္ပဏီတို့၏ ရှယ်ယာဈေးများထိုးတက်သွား

Pfizer ၏ ကာကွယ်ဆေးစမ်းသပ်မှု ပြီးဆုံး၊ ၉၅ ရာခိုင်နှုန်းအထိ ထိရောက်ကြောင်း အဆုံးသတ်အဖြေထွက်ပြီးနောက် ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer နှင့် BioNTech ကုမ္ပဏီတို့၏ ရှယ်ယာဈေးများထိုးတက်သွား - Property News in Myanmar from iMyanmarHouse.com
20 Nov 2020 10:55 am တွင် တင်ခဲ့သည်
1269 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

Pfizer ၏ Covid-19 နောက်ဆုံးဆင့် စမ်းသပ်မှုများ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ရလဒ်များအရ အဆိုပါကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း နိဂုံးချုပ်အဖြေထွက်ပေါ်လာပြီဖြစ်သည်။

၂ လအတွင်း ကာကွယ်ဆေး၏ ဘေးကင်းမှု အချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့ပြီဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း အမေရိကန်အာဏာပိုင်များထံ အရေးပေါ် သုံးစွဲခွင့် လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း Pfizer က ထုတ်ပြန်သည်။ လက်ရှိအချိန်အထိ ကာကွယ်ဆေး၏ ထိရောက်မှုနှုန်းကို ကြည့်မည်ဆိုလျှင် Pfizer၏ ကာကွယ်ဆေးသည် အမြင့်မားဆုံးဖြစ်နေသည်။

ယခုရလဒ်ကို ကျွမ်းကျင်ပညာရှင်များက ကြိုဆိုလိုက်ကြပြီး အဆိုပါ ပညာရှင်တို့က ကြားဖြတ်ရလဒ်ထုတ်ပြန်စဉ်ကတည်းကပင် Pfizer၏ ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော် ထိရောက်သည်ဆိုခြင်းမှာ အလွန်အားတက်ဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့ကြပြီးလည်း ဖြစ်သည်။

Pfizer က ထုတ်ပြန်ရာတွင် မိမိဆန္ဒအလျောက် ကာကွယ်ဆေး စမ်းသပ်ခံသူ ၄၃၀၀၀ ဦးတွင် Covid-19 ရောဂါကူးစက်ခံရသူ ၁၇၀ ဦးရှိခဲ့ပြီး ယင်းအနက် ၈ ဦးသာ ကာကွယ်ဆေးထိုးခံခဲ့ကြရခြင်းဖြစ်ပြီး ကျန်ကူးစက်ခံရသူများမှာ မည်သည့်အာနိသင်မျှမရှိသော placebo ဆေးပေးခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်ရာ ကာကွယ်ဆေး၏ ထိရောက်မှုမှာ ၉၅ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။

Covid-19 ရောဂါ ပြင်းထန်စွာခံစားခဲ့ရသူ ၁၀ ဦးအနက် ကာကွယ်ဆေးထိုးခံခဲ့သူ ၁ ဦးသာ ပါဝင်ခဲ့သည်။

“ဒီအခြေအနေက သိပ်ကို အားကောင်းပါတယ်”ဟု ဗြိတိန်ရှိ ရီးဒင်းတက္ကသိုလ် (University of Reading) မှ ဗိုင်းရပ်စ်ပညာပါမောက္ခ ဒေါက်တာ အီယန် ဂျုန်းစ်က ပြောသည်။

Pfizer က ထုတ်ပြန်ရာတွင် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့မှ ကာကွယ်ဆေး အကြံပေးကော်မတီအနေဖြင့် ယခုအချက်အလက်များကို ဒီဇင်ဘာတွင် ကျင်းပဖွယ်ရှိသည့် အများပြည်သူအစည်းအဝေးတွင် သုံးသပ်ဆွေးနွေးရန် မျှော်လင့်ကြောင်း ထုတ်ပြန်သည်။

“သိပ္ပံပညာရဲ့ အမြန်နှုန်းနဲ့အတူ ကျွန်တော်တို့ ဆက်လက်ချီတက်နေပါတယ်။ ကာကွယ်ဆေး ခွင့်ပြုချက်ရဖို့ ချီတက်တဲ့ ကျွန်တော်တို့ရဲ့ လမ်းကြောင်းမှာ နေ့ရက်တိုင်းဟာ အရေးပါနေတာကို ကျွန်တော်တို့သိပါတယ်” ဟု Pfizer ၏ အမှုဆောင်အရာရှိချုပ် အဲလ်ဘတ် ဘားလာ (Pfizer chief executive Albert Bourla) က ပြောသည်။

ကနဦးရလဒ်အဖြေများအရ ဂျာမနီမှ BioNTech နှင့် ပူးပေါင်းထုတ်လုပ်ခဲ့သော ယခုကာကွယ်ဆေးသည် ထိရောက်မှု ၉၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ရက်သတ္တ ၁ ပတ်သာရှိသေးချိန်တွင် နိဂုံးချုပ်စမ်းစစ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

Pfizer က ထုတ်ပြန်ရာတွင် ကာကွယ်ဆေးသည် လူမျိုး၊ အသက်အရွယ်မရွေး ထိရောက်မှုမှာ တသမတ်တည်းရှိကြောင်း ထုတ်ပြန်လိုက်ရာ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးတွင် သုံးစွဲနိုင်မည့် အခြေအနေလည်း ဖြစ်သည်။

အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများတွင် ကာကွယ်ဆေး၏ ထိရောက်မှုမှာ ၉၄ ရာခိုင်နှုန်းကျော် ဖြစ်သည်။ Pfizer ၏ ယခုသတင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရှယ်ယာဈေးများ အခြေအနေပြန်ကောင်းလာခဲ့သည်။

ဥရောပတွင် STOXX 600 ရှယ်ယာဈေးကွက်နှင့် အမေရိကန်မှ S&P 500 ရှယ်ယာဈေးကွက်တို့တွင် ၀ ဒသမ ၃ ရာခိုင်နှုန်း ဈေးတက်သွားခဲ့သည်။

Pfizer ၏ ရှယ်ယာများမှာ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး BioNTech ၏ အမေရိကန်ရှိ ရှယ်ယာဈေးမှာ ၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pfizer ends vaccine trial with 95% success rate, paving way for a shot this year (todayonline)

 

 

[Zawgyi]

Pfizer ၏ ကာကြယ္ေဆးစမ္းသပ္မႈ ျပီးဆံုး၊ ၉၅ ရာခိုင္ႏႈန္းအထိ ထိေရာက္ေၾကာင္း အဆံုးသတ္အေျဖထြက္ျပီးေနာက္ ကာကြယ္ေဆးထုတ္လုပ္သည့္ Pfizer ႏွင့္ BioNTech ကုမၸဏီတို႔၏ ရွယ္ယာေစ်းမ်ားထိုးတက္သြား

Pfizer ၏ Covid-19 ေနာက္ဆံုးဆင့္ စမ္းသပ္မႈမ်ား ျပီးဆံုးခဲ့ျပီျဖစ္ျပီး ရလဒ္မ်ားအရ အဆိုပါကာကြယ္ေဆးသည္ ၉၅ ရာခိုင္ႏႈန္းအထိ ထိေရာက္မႈရွိေၾကာင္း နိဂံုးခ်ဳပ္အေျဖထြက္ေပၚလာျပီျဖစ္သည္။

၂ လအတြင္း ကာကြယ္ေဆး၏ ေဘးကင္းမႈ အခ်က္အလက္မ်ားကိုလည္း ထုတ္ျပန္ခဲ့ျပီျဖစ္ရာ မၾကာမီရက္ပိုင္းအတြင္း အေမရိကန္အာဏာပိုင္မ်ားထံ အေရးေပၚ သံုးစြဲခြင့္ ေလွ်ာက္ထားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း Pfizer က ထုတ္ျပန္သည္။ လက္ရွိအခ်ိန္အထိ ကာကြယ္ေဆး၏ ထိေရာက္မႈႏႈန္းကို ၾကည့္မည္ဆိုလွ်င္ Pfizer၏ ကာကြယ္ေဆးသည္ အျမင့္မားဆံုးျဖစ္ေနသည္။

ယခုရလဒ္ကို ကၽြမ္းက်င္ပညာရွင္မ်ားက ၾကိဳဆိုလိုက္ၾကျပီး အဆိုပါ ပညာရွင္တို႔က ၾကားျဖတ္ရလဒ္ထုတ္ျပန္စဥ္ကတည္းကပင္ Pfizer၏ ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းေက်ာ္ ထိေရာက္သည္ဆိုျခင္းမွာ အလြန္အားတက္ဖြယ္ရာျဖစ္ေၾကာင္း ေျပာၾကားခဲ့ၾကျပီးလည္း ျဖစ္သည္။

Pfizer က ထုတ္ျပန္ရာတြင္ မိမိဆႏၵအေလ်ာက္ ကာကြယ္ေဆး စမ္းသပ္ခံသူ ၄၃၀၀၀ ဦးတြင္ Covid-19 ေရာဂါကူးစက္ခံရသူ ၁၇၀ ဦးရွိခဲ့ျပီး ယင္းအနက္ ၈ ဦးသာ ကာကြယ္ေဆးထိုးခံခဲ့ၾကရျခင္းျဖစ္ျပီး က်န္ကူးစက္ခံရသူမ်ားမွာ မည္သည့္အာနိသင္မွ်မရွိေသာ placebo ေဆးေပးခဲ့သူမ်ားျဖစ္ေၾကာင္း ထုတ္ျပန္ရာ ကာကြယ္ေဆး၏ ထိေရာက္မႈမွာ ၉၅ ရာခိုင္ႏႈန္း ရွိသည္ကို ေတြ႔ရသည္။

Covid-19 ေရာဂါ ျပင္းထန္စြာခံစားခဲ့ရသူ ၁၀ ဦးအနက္ ကာကြယ္ေဆးထိုးခံခဲ့သူ ၁ ဦးသာ ပါဝင္ခဲ့သည္။

“ဒီအေျခအေနက သိပ္ကို အားေကာင္းပါတယ္”ဟု ျဗိတိန္ရွိ ရီးဒင္းတကၠသိုလ္ (University of Reading) မွ ဗိုင္းရပ္စ္ပညာပါေမာကၡ ေဒါက္တာ အီယန္ ဂ်ဳန္းစ္က ေျပာသည္။

Pfizer က ထုတ္ျပန္ရာတြင္ အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲမႈအဖြဲ႔မွ ကာကြယ္ေဆး အၾကံေပးေကာ္မတီအေနျဖင့္ ယခုအခ်က္အလက္မ်ားကို ဒီဇင္ဘာတြင္ က်င္းပဖြယ္ရွိသည့္ အမ်ားျပည္သူအစည္းအေဝးတြင္ သံုးသပ္ေဆြးေႏြးရန္ ေမွ်ာ္လင့္ေၾကာင္း ထုတ္ျပန္သည္။

“သိပၸံပညာရဲ႕ အျမန္ႏႈန္းနဲ႔အတူ ကၽြန္ေတာ္တို႔ ဆက္လက္ခ်ီတက္ေနပါတယ္။ ကာကြယ္ေဆး ခြင့္ျပဳခ်က္ရဖို႔ ခ်ီတက္တဲ့ ကၽြန္ေတာ္တို႔ရဲ႕ လမ္းေၾကာင္းမွာ ေန႔ရက္တိုင္းဟာ အေရးပါေနတာကို ကၽြန္ေတာ္တို႔သိပါတယ္” ဟု Pfizer ၏ အမႈေဆာင္အရာရွိခ်ဳပ္ အဲလ္ဘတ္ ဘားလာ (Pfizer chief executive Albert Bourla) က ေျပာသည္။

ကနဦးရလဒ္အေျဖမ်ားအရ ဂ်ာမနီမွ BioNTech ႏွင့္ ပူးေပါင္းထုတ္လုပ္ခဲ့ေသာ ယခုကာကြယ္ေဆးသည္ ထိေရာက္မႈ ၉၀ ရာခိုင္ႏႈန္း ေက်ာ္ရွိေၾကာင္း ထုတ္ျပန္ခဲ့ျပီး ရက္သတၱ ၁ ပတ္သာရွိေသးခ်ိန္တြင္ နိဂံုးခ်ဳပ္စမ္းစစ္ခ်က္ ထြက္ေပၚလာျခင္းလည္း ျဖစ္သည္။

Pfizer က ထုတ္ျပန္ရာတြင္ ကာကြယ္ေဆးသည္ လူမ်ဳိး၊ အသက္အရြယ္မေရြး ထိေရာက္မႈမွာ တသမတ္တည္းရွိေၾကာင္း ထုတ္ျပန္လိုက္ရာ ကာကြယ္ေဆးကို တစ္ကမၻာလံုးတြင္ သံုးစြဲႏိုင္မည့္ အေျခအေနလည္း ျဖစ္သည္။

အသက္ ၆၅ ႏွစ္အထက္ သက္ၾကီးရြယ္အိုမ်ားတြင္ ကာကြယ္ေဆး၏ ထိေရာက္မႈမွာ ၉၄ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္သည္။ Pfizer ၏ ယခုသတင္း ထြက္ေပၚလာျပီးေနာက္ ကမၻာ့ရွယ္ယာေစ်းမ်ား အေျခအေနျပန္ေကာင္းလာခဲ့သည္။

ဥေရာပတြင္ STOXX 600 ရွယ္ယာေစ်းကြက္ႏွင့္ အေမရိကန္မွ S&P 500 ရွယ္ယာေစ်းကြက္တို႔တြင္ ၀ ဒသမ ၃ ရာခိုင္ႏႈန္း ေစ်းတက္သြားခဲ့သည္။

Pfizer ၏ ရွယ္ယာမ်ားမွာ ၃ ရာခိုင္ႏႈန္းေစ်းတက္သြားျပီး BioNTech ၏ အေမရိကန္ရွိ ရွယ္ယာေစ်းမွာ ၈ ရာခိုင္ႏႈန္းအထိ ထိုးတက္သြားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pfizer ends vaccine trial with 95% success rate, paving way for a shot this year (todayonline)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service