သတ်မှတ်ထီအုပ်ရေထုတ်ယူရောင်းချနိုင်ခြင်းမရှိတဲ့ ထီကိုယ်စားလှယ်တွေကိုအရေးယူမယ်

သတ်မှတ်ထီအုပ်ရေထုတ်ယူရောင်းချနိုင်ခြင်းမရှိတဲ့ ထီကိုယ်စားလှယ်တွေကိုအရေးယူမယ် - Property News in Myanmar from iMyanmarHouse.com
6 Nov 2020 11:36 am တွင် တင်ခဲ့သည်
1138 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သတ်မှတ်ထီအုပ်ရေပြည့်ထုတ်ယူခြင်းမရှိသည့်ထီကိုယ်စားလှယ်များ၏ထီဆက်လက်ဝယ်ယူခွင့်ပါမစ်နှင့်ပေးသွင်းထားသည့်အာမခံ ငွေကျပ်သိန်း ၃,၄၀၀ကျော်ကိုသိမ်းယူအရေးယူကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) ညွှန်ကြားရေးမှူးဦးညီညီလှိုင်ကပြောသည်။

ထီကိုယ်စားလှယ်များက အောက်တိုဘာတွင်ဝယ်ယူရန်စာရင်းပေးထားသည့်ထီစောင်ရေထက်လျှော့ချဝယ်ယူခဲ့သဖြင့် အောင်ဘာလေသိန်းဆုဌာနတွင်ထ်ီအုပ်ရေ ၅၆၀,၀၀၀ ကျော်လက်ကျန်ဖြစ်ပေါ်ခဲ့သည်။

ထီဝယ်ယူခွင့်လျှောက်ထား၊စာချုပ်ချုပ်ဆိုစဉ်ကဝယ်ယူမည်ဟုစာရင်းပေးထားသည့်အတိုင်းလိုက်နာမှုပျက်ကွက်ခဲ့သည့်ထီကိုယ်စားလှယ်များအား ပါမစ်ပြန်လည်ရုပ်သိမ်းအရေးယူရခြင်းဖြစ်သည်ဟု ဦးညီညီလှိုင်ကဆိုသည်။

‘‘ပျက်ကွက်သူအားလုံးကိုအရေးယူတာ။အရေအတွက်အတိအကျကတော့နယ်တွေကနေလည်းစာရင်းတောင်းထားတုန်းမို့လို့အခုအချိန်မှာမပြောနိုင်သေးဘူး။အဲဒီအရေးယူခံရတဲ့သူတွေကနောက်လထီလက်မှတ်ဝယ်ချင်ရင် စာချုပ်ပြန်ချုပ်ပြီးပြန်လျှောက်ရမှာ။ဒီအတိုင်းဆက်ဝယ်ခွင့်တော့မရတော့ဘူး’’ဟု ဦးညီညီလှိုင်ကပြောသည်။

ထီကိုယ်စားလှယ်များသည် ထီတစ်အုပ်လျှင် ၆၀၀ကျပ်အာမခံငွေပေးသွင်းထားရပြီးဝယ်ယူရန်ပျက်ကွက်ပါကပျက်ကွက်သည့်အုပ်ရေအလိုက်သွင်းထားသည့်အာမခံငွေကိုသိမ်းယူမည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲကစာချုပ်တွင်ထည့်သွင်း သတိပေးထားသည်။

အောက်တိုဘာတွင် ထီအုပ်ရေ ၅၆၀,၀၀၀ ကျော်ဝယ်ယူရန်ပျက်ကွက်ခဲ့ခြင်းကြောင့် သိမ်းဆည်းခံရသည့်အာမခံငွေပမာဏမှာကျပ်သိန်း၃,၄၀၀ကျော်ရှိခဲ့သည်။

အောက်တိုဘာတွင် ကိုဗစ်ကပ်ရောဂါကြောင့်ခရီးသွားလာမှုကန့်သတ်ခြင်း၊မြို့နယ်အချို့ Stay at Home သတ်မှတ်ထားခြင်းတို့ကြောင့်ထီရောင်းအားကျဆင်းနိုင်၍သတ်မှတ်ထီစောင်ရေအပြည့်မထုတ်ယူခြင်းဖြစ်သည်ဟုထီလုပ်ငန်းရှင်အချို့ကဆိုသည်။

‘‘ထီဆိုင်ကြီးသုံး၊လေးဆိုင်လောက်ကလွဲရင်ကျန်တဲ့သူအားလုံးနီးပါးအရေးယူခံရတယ်။ကျွန်တော်တို့လည်းအရေးယူခံရတယ်။အားလုံးရဲ့သဘောကအာမခံငွေအသိမ်းခံရတာကမှသက်သာဦးမယ်။ထီမရောင်းရဘဲထီစာအုပ်အကုန်ဝယ်ထားရင်ပိုက်မိပြီးဒီထက်မကငွေကြေးဆုံးရှုံးမှာလေ။နောက်လတွေလည်းအခြေအနေကြည့်ပြီးလုပ်ရမှာပဲ။ကိုဗစ်ဝင်လာပြီးမှထီလုပ်ငန်းတွေလည်းတော်တော်အထိနာနေပြီ’’ဟု ပန်းဘဲတန်းမြို့နယ်မှထီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အောက်တိုဘာတွင် ထီလက်မှတ်လက်ကျန်များစွာရှိခဲ့၍ နိုဝင်ဘာ ၁ရက်တွင်ပြုလုပ်မည့်ထီဖွင့်ပွဲ၌ဆုပမာဏနှစ်သောင်းကျော်လျှော့ချထားသည်။

ထိုသို့ထီကိုယ်စားလှယ်များဝယ်ယူခွင့်ပါမစ်အသိမ်းခံရသော်လည်း အသစ်လျှောက်ထားသူများလည်းရှိနေ၍နိုဝင်ဘာလတွင်ထီဖြန့်ဝေရောင်းချမှုအပေါ်ထိခိုက်မှုရှိနိုင်မည်မဟုတ်ဟု ဦးညီညီလှိုင်ကဆိုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သတ္မွတ္ထီအုပ္ေရထုတ္ယူေရာင္းခ်ႏိုင္ျခင္းမ႐ွိတဲ့ ထီကိုယ္စားလွယ္ေတြကိုအေရးယူမယ္

သတ္မွတ္ထီအုပ္ေရျပည့္ထုတ္ယူျခင္းမ႐ွိသည့္ထီကိုယ္စားလွယ္မ်ား၏ထီဆက္လက္ဝယ္ယူခြင့္ပါမစ္ႏွင့္ေပးသြင္းထားသည့္အာမခံ ေငြက်ပ္သိန္း ၃,၄၀၀ေက်ာ္ကိုသိမ္းယူအေရးယူေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲ(ရန္ကုန္) ၫႊန္ၾကားေရးမႉးဦးညီညီလိႈင္ကေျပာသည္။

ထီကိုယ္စားလွယ္မ်ားက ေအာက္တိုဘာတြင္ဝယ္ယူရန္စာရင္းေပးထားသည့္ထီေစာင္ေရထက္ေလွ်ာ့ခ်ဝယ္ယူခဲ့သျဖင့္ ေအာင္ဘာေလသိန္းဆုဌာနတြင္ထီ္အုပ္ေရ ၅၆၀,၀၀၀ ေက်ာ္လက္က်န္ျဖစ္ေပၚခဲ့သည္။

ထီဝယ္ယူခြင့္ေလွ်ာက္ထား၊စာခ်ဳပ္ခ်ဳပ္ဆိုစဥ္ကဝယ္ယူမည္ဟုစာရင္းေပးထားသည့္အတိုင္းလိုက္နာမႈပ်က္ကြက္ခဲ့သည့္ထီကိုယ္စားလွယ္မ်ားအား ပါမစ္ျပန္လည္႐ုပ္သိမ္းအေရးယူရျခင္းျဖစ္သည္ဟု ဦးညီညီလိႈင္ကဆိုသည္။

‘‘ပ်က္ကြက္သူအားလုံးကိုအေရးယူတာ။အေရအတြက္အတိအက်ကေတာ့နယ္ေတြကေနလည္းစာရင္းေတာင္းထားတုန္းမို႔လို႔အခုအခ်ိန္မွာမေျပာႏိုင္ေသးဘူး။အဲဒီအေရးယူခံရတဲ့သူေတြကေနာက္လထီလက္မွတ္ဝယ္ခ်င္ရင္ စာခ်ဳပ္ျပန္ခ်ဳပ္ၿပီးျပန္ေလွ်ာက္ရမွာ။ဒီအတိုင္းဆက္ဝယ္ခြင့္ေတာ့မရေတာ့ဘူး’’ဟု ဦးညီညီလိႈင္ကေျပာသည္။

ထီကိုယ္စားလွယ္မ်ားသည္ ထီတစ္အုပ္လွ်င္ ၆၀၀က်ပ္အာမခံေငြေပးသြင္းထားရၿပီးဝယ္ယူရန္ပ်က္ကြက္ပါကပ်က္ကြက္သည့္အုပ္ေရအလိုက္သြင္းထားသည့္အာမခံေငြကိုသိမ္းယူမည္ဟု ေအာင္ဘာေလသိန္းဆုဌာနခြဲကစာခ်ဳပ္တြင္ထည့္သြင္း သတိေပးထားသည္။

ေအာက္တိုဘာတြင္ ထီအုပ္ေရ ၅၆၀,၀၀၀ ေက်ာ္ဝယ္ယူရန္ပ်က္ကြက္ခဲ့ျခင္းေၾကာင့္ သိမ္းဆည္းခံရသည့္အာမခံေငြပမာဏမွာက်ပ္သိန္ း၃,၄၀၀ေက်ာ္႐ွိခဲ့သည္။

ေအာက္တိုဘာတြင္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ခရီးသြားလာမႈကန္႔သတ္ျခင္း၊ၿမိဳ႕နယ္အခ်ိဳ႕ Stay at Home သတ္မွတ္ထားျခင္းတို႔ေၾကာင့္ထီေရာင္းအားက်ဆင္းႏိုင္၍သတ္မွတ္ထီေစာင္ေရအျပည့္မထုတ္ယူျခင္းျဖစ္သည္ဟုထီလုပ္ငန္း႐ွင္အခ်ိဳ႕ကဆိုသည္။

‘‘ထီဆိုင္ႀကီးသုံး၊ေလးဆိုင္ေလာက္ကလြဲရင္က်န္တဲ့သူအားလုံးနီးပါးအေရးယူခံရတယ္။ကြၽန္ေတာ္တို႔လည္းအေရးယူခံရတယ္။အားလုံးရဲ႕သေဘာကအာမခံေငြအသိမ္းခံရတာကမွသက္သာဦးမယ္။ထီမေရာင္းရဘဲထီစာအုပ္အကုန္ဝယ္ထားရင္ပိုက္မိၿပီးဒီထက္မကေငြေၾကးဆုံး႐ႈံးမွာေလ။ေနာက္လေတြလည္းအေျခအေနၾကည့္ၿပီးလုပ္ရမွာပဲ။ကိုဗစ္ဝင္လာၿပီးမွထီလုပ္ငန္းေတြလည္းေတာ္ေတာ္အထိနာေနၿပီ’’ဟု ပန္းဘဲတန္းၿမိဳ႕နယ္မွထီလုပ္ငန္း႐ွင္တစ္ဦးကေျပာသည္။

ေအာက္တိုဘာတြင္ ထီလက္မွတ္လက္က်န္မ်ားစြာ႐ွိခဲ့၍ ႏိုဝင္ဘာ ၁ရက္တြင္ျပဳလုပ္မည့္ထီဖြင့္ပြဲ၌ဆုပမာဏႏွစ္ေသာင္းေက်ာ္ေလွ်ာ့ခ်ထားသည္။

ထိုသို႔ထီကိုယ္စားလွယ္မ်ားဝယ္ယူခြင့္ပါမစ္အသိမ္းခံရေသာ္လည္း အသစ္ေလွ်ာက္ထားသူမ်ားလည္း႐ွိေန၍ႏိုဝင္ဘာလတြင္ထီျဖန္႔ေဝေရာင္းခ်မႈအေပၚထိခိုက္မႈ႐ွိႏိုင္မည္မဟုတ္ဟု ဦးညီညီလိႈင္ကဆိုသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service