လျှို့ဝှက်ချက်ပေါက်ကြားသွားပြီးနောက် အင်္ဂလန်တစ်နိုင်ငံလုံးလော့ဒေါင်းချကြောင်း ဝန်ကြီးချုပ်ကြေညာ
လျှို့ဝှက်ချက်ပေါက်ကြားသွားပြီးနောက် အင်္ဂလန်တစ်နိုင်ငံလုံးလော့ဒေါင်းချကြောင်း ဝန်ကြီးချုပ်ကြေညာ - Property News in Myanmar from iMyanmarHouse.com
1 Nov 2020 11:53 am တွင် တင်ခဲ့သည်
3842 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်အား ပြန်လည်လော့ဒေါင်းချရန် အစိုးရအဖွဲ့၏ ဆွေးနွေးမှုများ ပေါက်ကြားသွားခဲ့သောကြောင့် အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ အများပြည်သူသို့ အဆောတလျင် ကြေညာမှုများ ထုတ်ပြန်လိုက်ရသည်။
အင်္ဂလန်တွင် COVID-19 ကူးစက်မှုများ အလွန်များပြားလာနေသောကြောင့် တစ်နိုင်ငံလုံး လော့ဒေါင်းချမှတ်မှု ပြန်လည် ပြုလုပ်လိုက်ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်က အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၉၁၅ ဦးထပ်မံပေါ်ပေါက်ခဲ့ပြီး သေဆုံးသူ ၃၂၆ ဦး ရှိခဲ့သည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအားဖြင့် ၁၀၁၁၆၆၀ ဦးရှိပြီဖြစ်ကာ သေဆုံးသူမှာ ၄၆၅၅၅ ဦးရှိရာ သေဆုံးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကူးစက်မှုများသည် တိုင်းပြည်၏ ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်လာကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောကြားသည်။
ဗြိတိန်သည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအမြင့်မားဆုံး ရင်ဆိုင်နေရပြီး တစ်ရက်လျှင် ရောဂါကူးစက်ခံရသူ ၂၀၀၀၀ ကျော် ရှိနေသည်။
အဆိုးဆုံး အခြေအနေအဖြစ် လူပေါင်း ၈၀၀၀၀ အထက် သေဆုံးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကျန်းမာရေးဌာနအကြီးအကဲတို့က သတိပေးထားသည်။
အင်္ဂလန်တစ်နိုင်ငံလုံးကို ၁ လတာ လော့ဒေါင်းချမည်ဖြစ်ပြီး အင်္ဂါနေ့ (နိုဝင်ဘာ ၃ ရက်) ည သန်းခေါင်အချိန်မှ စတင်မည်ဖြစ်ကာ ဒီဇင်ဘာလ ၂ ရက်နေ့အထိဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
အချို့သော အကြောင်းကိစ္စများအတွက်သာ အိမ်ပြင်ထွက်ရန် ခွင့်ပြုမည်ဖြစ်ပြီး ဥပမာအားဖြင့် ပညာရေး၊ မရှိမဖြစ်အရာများ ဝယ်ယူခြင်း၊ အလုပ်ကိစ္စ၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိခိုက်လွယ်သူတို့အား စောင့်ရှောက်မှုပေးခြင်း အစရှိသည်တို့ ဖြစ်သည်။ “ကျွန်တော်တို့ အခု ဒါကို ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါကိုမလုပ်ရင် တိုင်းပြည်အတွင်းမှာ တစ်ရက်ကို လူထောင်နဲ့ချီ သေဆုံးတာကို တွေ့ရဖို့ ရှိပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
• မရှိမဖြစ် လိုအပ်သည့် ဈေးဆိုင်များ၊ ကျောင်းများနှင့် တက္ကသိုလ်များ ဆက်ဖွင့်ထားမည်
• ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ကလေး၊ လူကြီးများ၏ အပျော်တမ်းကစားပွဲများကိုမူ ရပ်ဆိုင်းထားရန် တောင်းဆိုသွားမည်ဟု ဆိုသည်။
• အရက်ဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်သိမ်းစေမည်ဖြစ်ပြီး ပါဆယ်ယူခြင်းသာ ခွင့်ပြုမည်။
• အလုပ်ကိစ္စမှ လွဲ၍ နိုင်ငံတကာ ခရီးသွားလာမှုကို တားမြစ်သည်။
• မရှိမဖြစ် မလိုသည့် လက်လီလုပ်ငန်းအားလုံး ပိတ်သိမ်းရမည်။
• တစ်ဦးတည်း ဝတ်ပြုမည့်သူများအတွက် ဘာသာရေးဆိုင်ရာနေရာများ ဆက်လက်ဖွင့်လှစ်ထားမည်။ ဈာပနအခမ်းအနားများကိုမူ မိသားစုဝင်များသာ တက်ရောက်ခွင့်ပြုမည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: England heads back into lockdown for a month (The Thaiger)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service