မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အိန္ဒိယကူညီမည်

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အိန္ဒိယကူညီမည် - Property News in Myanmar from iMyanmarHouse.com
5 Oct 2020 12:31 pm တွင် တင်ခဲ့သည်
9526 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အိန္ဒိယက ဆေးဝါးနှင့် နည်းပညာများ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း Economic Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သောကြာသပတေးနေ့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးစဉ်အတွင်း အိန္ဒိယက အဆိုပါအချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ထိပ်တန်း အဖွဲ့အစည်းများအကြား ပူးပေါင်းကာ COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံကို ကူညီရန် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

“COVID-19 ကြောင့် ကျန်းမာရေးနဲ့ စီးပွားရေးထိခိုက်ရမှုတွေကို လျှော့ပါးသက်သာစေရေးအတွက် မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ အကူအညီအားလုံး ဆက်လက်တိုးချဲ့ပေးသွားဖို့ အိန္ဒိယက စီစဉ်နေပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ် ရှရင်ဂလာ (Foreign secretary Harsh Shringla- ဟင်ဒီအသံထွက်အားဖြင့် ဟာ့ ရှရင်းလာ) က ကြာသပတေးနေ့က ဆွေးနွေးမှုတွင် ပြောကြားသည်။

“ကိုဗစ် ကာကွယ်ဆေးကဏ္ဍနဲ့ပတ်သက်ပြီး ကျွန်တော်အသိပေးလိုတာက ကျွန်တော်တို့ရဲ့ စွမ်းပကားတွေကို မြန်မာနိုင်ငံ အပါအဝင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေနဲ့ မျှဝေပေးဖို့ ကတိပြုတယ်ဆိုတာ ပြောလိုပါတယ်” ဟု ရှရင်ဂလာက ပြောကြားခဲ့သည်။

ရှရင်ဂလာသည် COVID-19 ကြောင့် ထိခိုက်မှုများ လျော့ပါးစေရေး နည်းလမ်းများကို ဆွေးနွေးရာတွင် မြန်မာနိုင်ငံအား ကာကွယ်ဆေး ထုတ်လုပ်ရေး၊ ဆေးဝါးများ ထောက်ပံ့ရေး၊ အသုံးအဆောင်ပစ္စည်း၊ နည်းပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရေး (Capacity Building) တို့အတွက် ကူညီသွားရန် ဆွေးနွေးခဲ့ကြောင်း အိန္ဒိယအရာရှိတို့က Economic Times သို့ ပြောကြားသည်။

နှစ်နိုင်ငံ ဆွေးနွေးမှုတွင် တရားခံလွှဲပြောင်းပေးရေးစာချုပ်၊ အရပ်ဘက်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် ဥပဒေအကူအညီပေးရေးစာချုပ်နှင့် ပြစ်ဒဏ်ချမှတ်ပြီးသော တရားခံများကို လွှဲပြောင်းပေးရေး သဘောတူညီချက် အစရှိသည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်သွားရန်နှင့် နယ်စပ်ဖြတ်ကျော် ဆူပူသောင်းကျန်းမှုများကို စစ်ဆေးသွားကြရန် သဘောတူညီခဲ့ကြသည်။

အိန္ဒိယနှင့် မြန်မာတို့ ဆွေးနွေးခဲ့ကြပုံကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် “၁၉ ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ဒုတိယဝန်ကြီး/အတွင်းဝန် အဆင့် မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို ဗွီဒီယို ကွန်ဖရင့်ဖြင့် မြန်မာနိုင်ငံက လက်ခံကျင်းပ- ၁-၁၀-၂၀၂၀ ရက်၊ နေပြည်တော်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် သောင်းကျန်းသူ ၂၂ ဦးကို အိန္ဒိယအစိုးရထံ ယခုနှစ်အစောပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ပြီးလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် အိန္ဒိယ၏ အနီးကပ်ဆုံး ကာကွယ်ရေးမိတ်ဖက်အဖြစ် ရှုမြင်ခြင်းခံရသည်။

အိန္ဒိယစစ်ဘက်သည် ယခုလအတွင်း မြန်မာနိုင်ငံသို့ မိုးလေဝသအဖွဲ့များ ဖြန့်ကျက်ချထားရေးအတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမည်ဟု ဆိုသည်။

အိန္ဒိယက မြန်မာနိုင်ငံအား ကူညီထောက်ပံ့ထားမှု ပမာဏမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရှိနေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အိန္ဒိယက တည်ဆောက်နေသော စစ်တွေဆိပ်ကမ်းမှာလည်း ၂၀၂၁ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း လည်ပတ်နိုင်တော့မည် ဖြစ်သည်။

စစ်တွေဆိပ်ကမ်းသည် ကိုလ်ကတ္တားနှင့် မီဇိုရမ်တို့ကို ဆက်သွယ်ပေးမည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ သော့ချက်တစ်ခုလည်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ကတဆင့် အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းထွက်ပေါက်ကို ခိုင်မာအောင် လုပ်ဆောင်နေချိန်မှာ မြန်မာနိုင်ငံအတွင်း အိန္ဒိယက အကောင်အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်းဟာ ပိုပြီးတောင် အရေးကြီးပါတယ်” ဟု CUTS International မှ အမှုဆောင်ဒါရိုက်တာ ဘိုင်ပူးလ် ချက်တာဂျီးက ပြောကြားသည်။

“ဒါက စီးပွားရေးအရကော မဟာဗျူဟာအတွက်ပါ ဖြစ်ပါတယ်။ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော် ဒေသမှာ ပေါ်ပေါက်လာနေတဲ့ ပထဝီနိုင်ငံရေး စိန်ခေါ်မှုတွေကြောင့် ဖြစ်ပါတယ်”

မြန်မာနိုင်ငံကို ဖြတ်သန်းကာ ထိုင်းနိုင်ငံအထိ အိန္ဒိယနှင့် ဆက်သွယ်ပေးမည့် ၃ နိုင်ငံဆက် အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ဆောက်ရမည့် တံတား ၆၉ စင်းနှင့် ပတ်သက်၍လည်း အိန္ဒိယက မကြာမီတွင် ဆောက်လုပ်ရေး တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယ-မြန်မာ သဘောတူညီချက်များတွင် တမူးမြို့၌ ခေတ်မီစစ်ဆေးရေးဂိတ် တည်ဆောက်ရေး စီမံကိန်း သဘောတူညီချက်၊ အခြေခံပညာကျောင်း ၅၀ ဆောက်လုပ်ရေး နားလည်မှု စာချွန်လွှာနှင့် စိုက်ပျိုးရေးဆိုင်ရာ စက်မှုပြောင်းလဲရေးကဏ္ဍ အဆင့်မြှင့်တင်ရေး သဘောတူညီချက်တို့ကို မကြာမီတွင် လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  India to help Myanmar develop COVID-19 vaccine to combat the pandemic (Economic Times)

 

[Zawgyi]

ျမန္မာႏိုင္ငံတြင္ COVID-19 ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ အိႏိၵယကူညီမည္

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ ျမန္မာႏိုင္ငံတြင္ COVID-19 ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ အိႏိၵယက ေဆးဝါးႏွင့္ နည္းပညာမ်ား ကူညီပံ့ပိုးသြားမည္ျဖစ္ေၾကာင္း Economic Times သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ျပီးခဲ့ေသာၾကာသပေတးေန႔က အိႏိၵယႏိုင္ငံျခားေရးဝန္ၾကီးဌာနက ျမန္မာႏိုင္ငံမွ တာဝန္ရွိသူမ်ားႏွင့္ အြန္လိုင္းမွ ေတြ႔ဆံုေဆြးေႏြးစဥ္အတြင္း အိႏိၵယက အဆိုပါအခ်က္ကို ေၾကညာခဲ့ျခင္း ျဖစ္သည္။

အိႏိၵယသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ ထိပ္တန္း အဖြဲ႔အစည္းမ်ားအၾကား ပူးေပါင္းကာ COVID-19 ကာကြယ္ေဆး ထုတ္လုပ္ရန္ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့ျပီး ရက္သတၱပတ္အနည္းငယ္အၾကာတြင္ ယခုကဲ့သို႔ ျမန္မာႏိုင္ငံကို ကူညီရန္ ထုတ္ျပန္လာျခင္းလည္း ျဖစ္သည္။

“COVID-19 ေၾကာင့္ က်န္းမာေရးနဲ႔ စီးပြားေရးထိခိုက္ရမႈေတြကို ေလွ်ာ့ပါးသက္သာေစေရးအတြက္ ျမန္မာႏိုင္ငံကို ျဖစ္ႏိုင္သမွ် အကူအညီအားလံုး ဆက္လက္တိုးခ်ဲ ႔ေပးသြားဖို႔ အိႏိၵယက စီစဥ္ေနပါတယ္” ဟု အိႏိၵယႏိုင္ငံျခားေရးဝန္ၾကီး ဟာ့ရွ္ ရွရင္ဂလာ (Foreign secretary Harsh Shringla- ဟင္ဒီအသံထြက္အားျဖင့္ ဟာ့ ရွရင္းလာ) က ၾကာသပေတးေန႔က ေဆြးေႏြးမႈတြင္ ေျပာၾကားသည္။

“ကိုဗစ္ ကာကြယ္ေဆးက႑နဲ႔ပတ္သက္ျပီး ကၽြန္ေတာ္အသိေပးလိုတာက ကၽြန္ေတာ္တို႔ရဲ ႔ စြမ္းပကားေတြကို ျမန္မာႏိုင္ငံ အပါအဝင္ ကၽြန္ေတာ္တို႔ရဲ ႔ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ေတြနဲ႔ မွ်ေဝေပးဖုိ႔ ကတိျပဳတယ္ဆိုတာ ေျပာလိုပါတယ္” ဟု ရွရင္ဂလာက ေျပာၾကားခဲ့သည္။

ရွရင္ဂလာသည္ COVID-19 ေၾကာင့္ ထိခိုက္မႈမ်ား ေလ်ာ့ပါးေစေရး နည္းလမ္းမ်ားကို ေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံအား ကာကြယ္ေဆး ထုတ္လုပ္ေရး၊ ေဆးဝါးမ်ား ေထာက္ပံ့ေရး၊ အသံုးအေဆာင္ပစၥည္း၊ နည္းပညာႏွင့္ စြမ္းေဆာင္ရည္ ျမွင့္တင္ေပးေရး (Capacity Building) တို႔အတြက္ ကူညီသြားရန္ ေဆြးေႏြးခဲ့ေၾကာင္း အိႏိၵယအရာရွိတို႔က Economic Times သို႔ ေျပာၾကားသည္။

ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈတြင္ တရားခံလႊဲေျပာင္းေပးေရးစာခ်ဳပ္၊ အရပ္ဘက္ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ကိစၥမ်ားတြင္ အျပန္အလွန္ ဥပေဒအကူအညီေပးေရးစာခ်ဳပ္ႏွင့္ ျပစ္ဒဏ္ခ်မွတ္ျပီးေသာ တရားခံမ်ားကို လႊဲေျပာင္းေပးေရး သေဘာတူညီခ်က္ အစရွိသည္ လံုျခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားကို ခ်ဲ ႔ထြင္သြားရန္ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ဆူပူေသာင္းက်န္းမႈမ်ားကို စစ္ေဆးသြားၾကရန္ သေဘာတူညီခဲ့ၾကသည္။

အိႏိၵယႏွင့္ ျမန္မာတို႔ ေဆြးေႏြးခဲ့ၾကပံုကို ျမန္မာႏိုင္ငံ ႏိုင္ငံျခားေရးဝန္ၾကီးဌာန၏ Facebook စာမ်က္ႏွာတြင္ “၁၉ ၾကိမ္ေျမာက္ ျမန္မာ-အိႏိၵယ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ၾကီးဌာနမ်ားအၾကား ဒုတိယဝန္ၾကီး/အတြင္းဝန္ အဆင့္ မူဝါဒေရးရာ ညွိႏႈိင္းေဆြးေႏြးပြဲကို ဗြီဒီယို ကြန္ဖရင့္ျဖင့္ ျမန္မာႏိုင္ငံက လက္ခံက်င္းပ- ၁-၁၀-၂၀၂၀ ရက္၊ ေနျပည္ေတာ္” ဟူေသာ ေခါင္းစဥ္ျဖင့္ သတင္းထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံသည္ ေသာင္းက်န္းသူ ၂၂ ဦးကို အိႏိၵယအစိုးရထံ ယခုႏွစ္အေစာပိုင္းက လႊဲေျပာင္းေပးအပ္ခဲ့ျပီးလည္း ျဖစ္သည္။ ျမန္မာႏိုင္ငံသည္ ေဒသတြင္းတြင္ အိႏိၵယ၏ အနီးကပ္ဆံုး ကာကြယ္ေရးမိတ္ဖက္အျဖစ္ ရႈျမင္ျခင္းခံရသည္။

အိႏိၵယစစ္ဘက္သည္ ယခုလအတြင္း ျမန္မာႏိုင္ငံသို႔ မိုးေလဝသအဖြဲ႔မ်ား ျဖန္႔က်က္ခ်ထားေရးအတြက္ အဖြဲ႔တစ္ဖြဲ႔ကို ေစလႊတ္သြားမည္ဟု ဆိုသည္။

အိႏိၵယက ျမန္မာႏိုင္ငံအား ကူညီေထာက္ပံ့ထားမႈ ပမာဏမွာ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံခန္႔ ရွိေနျပီ ျဖစ္သည္။ ရခိုင္ျပည္နယ္တြင္ အိႏိၵယက တည္ေဆာက္ေနေသာ စစ္ေတြဆိပ္ကမ္းမွာလည္း ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လပတ္အတြင္း လည္ပတ္ႏိုင္ေတာ့မည္ ျဖစ္သည္။

စစ္ေတြဆိပ္ကမ္းသည္ ကိုလ္ကတၱားႏွင့္ မီဇိုရမ္တို႔ကို ဆက္သြယ္ေပးမည့္ ကုလားတန္ဘက္စံုသယ္ယူပို႔ေဆာင္ေရးစီမံကိန္း၏ ေသာ့ခ်က္တစ္ခုလည္း ျဖစ္သည္။

“ဘဂၤလားေဒ့ရွ္ကတဆင့္ အိႏိၵယရဲ ႔ အေရွ ႔ေျမာက္ပိုင္းထြက္ေပါက္ကို ခိုင္မာေအာင္ လုပ္ေဆာင္ေနခ်ိန္မွာ ျမန္မာႏိုင္ငံအတြင္း အိႏိၵယက အေကာင္အထည္ေဖာ္ေနတဲ့ ကုလားတန္ဘက္စံု သယ္ယူပို႔ေဆာင္ေရးစီမံကိန္းဟာ ပိုျပီးေတာင္ အေရးၾကီးပါတယ္” ဟု CUTS International မွ အမႈေဆာင္ဒါရိုက္တာ ဘိုင္ပူးလ္ ခ်က္တာဂ်ီးက ေျပာၾကားသည္။

“ဒါက စီးပြားေရးအရေကာ မဟာဗ်ဴဟာအတြက္ပါ ျဖစ္ပါတယ္။ အထူးသျဖင့္ ဘဂၤလားပင္လယ္ေအာ္ ေဒသမွာ ေပၚေပါက္လာေနတဲ့ ပထဝီႏိုင္ငံေရး စိန္ေခၚမႈေတြေၾကာင့္ ျဖစ္ပါတယ္”

ျမန္မာႏိုင္ငံကို ျဖတ္သန္းကာ ထိုင္းႏိုင္ငံအထိ အိႏိၵယႏွင့္ ဆက္သြယ္ေပးမည့္ ၃ ႏိုင္ငံဆက္ အေဝးေျပးလမ္းမၾကီးေပၚတြင္ တည္ေဆာက္ရမည့္ တံတား ၆၉ စင္းႏွင့္ ပတ္သက္၍လည္း အိႏိၵယက မၾကာမီတြင္ ေဆာက္လုပ္ေရး တင္ဒါေခၚယူသြားမည္ျဖစ္သည္။

ထို႔အျပင္ အိႏိၵယ-ျမန္မာ သေဘာတူညီခ်က္မ်ားတြင္ တမူးျမိဳ ႔၌ ေခတ္မီစစ္ေဆးေရးဂိတ္ တည္ေဆာက္ေရး စီမံကိန္း သေဘာတူညီခ်က္၊ အေျခခံပညာေက်ာင္း ၅၀ ေဆာက္လုပ္ေရး နားလည္မႈ စာခၽြန္လႊာႏွင့္ စိုက္ပ်ဳိးေရးဆိုင္ရာ စက္မႈေျပာင္းလဲေရးက႑ အဆင့္ျမွင့္တင္ေရး သေဘာတူညီခ်က္တို႔ကို မၾကာမီတြင္ လက္မွတ္ေရးထိုးသြားမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India to help Myanmar develop COVID-19 vaccine to combat the pandemic (Economic Times)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service