ကွယ်လွန်သူ၏ ကျန်ရစ်ပစ္စည်းများအတွက် အမွေထိန်းလက်မှတ်စာ

ကွယ်လွန်သူ၏ ကျန်ရစ်ပစ္စည်းများအတွက် အမွေထိန်းလက်မှတ်စာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2020 11:20 am တွင် တင်ခဲ့သည်
614 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Zawgyi]

ကျွန်တော်၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဒေါ်မူယာဟန်က ချိန်းဆို၍ သူ စာအုပ်အရောင်းဆိုင်ဖွင့်လှစ်နေသည့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့သို့ လာခဲ့သည် ။ တွေ့သည်နှင့် သူ၏အကြောင်းကို ပြောပြတော့၏ ။သူ၏ဦးလေး လူပျိုကြီးမှာ ဆုံးသွားပြီး သူ ပိုင်ဆိုင်ခဲ့သည့်ပစ္စည်းများကို အမွေထိန်းလက်မှတ်စာထုတ်ပေးရန် သူ၏အမျိုးသားကို အမွေထိန်းအဖြစ် လျှောက်ထားမည်ဖြစ်ပြီး ထိုကိစ္စဖြစ်နိုင်မဖြစ်နိုင် တိုင်ပင်လို၍ ဖြစ်လေသည် ။

“ အမွေထိန်းလက်မှတ်စာထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကွယ်လွန်သူ၏ပစ္စည်းကို လက်ရောက်ရယူနိုင်စေရေး ၊ ကွယ်လွန်သူ ရရှိသော ကြွေးမြီများကို ကောက်ခံနိုင်စေရေး ၊ ကွယ်လွန်သူ ရရှိသော ကြွေးမြီများကို ကောက်ခံနိုင်စေရေး ၊ ကွယ်လွန်သူ၏ အသုဘစရိတ်နှင့် ကွယ်လွန်သူက ပေးရန်ရှိသည်များကို ပေးဆပ်နိုင်စေရေး ၊ ထိုသို့ပေးဆပ်ပြီးနောက် ကျန်ရစ်သော အမွေပစ္စည်းတို့ကို ကွယ်လွန်သူ၏မိသာစုဥပဒေအရ ကွယ်လွန်သူအမွေကို ဆက်ခံထိုက်သူတို့အား ခွဲဝေပေးနိုင်စေရေးအတွက် ကွယ်လွန်သူ၏ အခွင့်အရေးကို ဆက်ခံသူတစ်ဦးအား ခန့်ထားပေးရန် ဖြစ်တယ် ။ ဤမူသဘောကို “ မဝေနှင့်မသိန်းရင်အမှု ၊ အောက်မြန်မာပြည်စီရင်ထုံး ၊ အတွဲ ၄ ၊ စာ-၂၈၇ ” စီရင်ထုံးမှာ လမ်းညွှန်ထုံးဖွဲ့ထားတယ် ”

“ အမွေထိန်းလက်မှတ်စာ ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ ၂၁၈ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါတယ် ”

“ ပုဒ်မ ၂၁၈ (၁) ကွယ်လွန်သူသည် သေတမ်းစာမရေးဘဲ ကွယ်လွန်ခဲ့၍ ဟိန္ဒူ ၊ မဟာမေဒင် ၊ ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် ၊ ၎င်းတို့၏ အမွေထိန်းသိမ်းခွင့်ကို ကွယ်လွန်သူ၏အမွေကို ခွဲဝေရာ၌ သက်ဆိုင်သည့် ဥပဒေများအရ ၊ ကွယ်လွန်သူ၏ အမွေတစ်ရပ်လုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ၊ ရထိုက်သူအား ခွင့်ပြုနိုင်သည် ။

(၂) ထိုသို့ ထိန်းသိမ်းရန်အတွက် ထိုသူများက လျှောက်ထားလာလျှင် ထိုသူတို့၏အနက် ၊ တစ်ဦးဦးကိုဖြစ်စေ ၊ တစ်ဦးထက် ပိုသူများကိုဖြစ်စေ ၊ မိမိ၏သဘောအတိုင်း အမွေထိန်းသိမ်းခွင့်ပြူရန် ဖြစ်သည် ။

(၃) ထိုသူများက လျှောက်ထားခြင်းမရှိလျှင် ကွယ်လွန်သူ၏ မြီရှင်အား အမွေထိန်းသိမ်းခွင့်ပြုနိုင်သည် ဟု ပြဌာန်းထားတယ်လေ

“ ကွယ်လွန်သူ မမူရဲ့ဦးလေးဟာ မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်၍ ၎င်းကွယ်လွန်ချိန်တွင် ကျန်ရစ်ပစ္စည်းများနှင့် စပ်လျဉ်းပြီး စီမံထိန်းသိမ်းရန် လိုအပ်တဲ့အတွက် အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ ၂၁၈ (၁) အရ အမွေထိန်းလက်မှတ်စာ လျှောက်ထားသူသည် ကွယ်လွန်သူ၏ အမွေတစ်ရပ်လုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ရထိုက်သူဖြစ်ရပါမယ် ” “ သို့အတွက်ကြောင့် အမွေထိန်းလက်မှတ်စာ လျှောက်ထားမည့် မမရဲ့ အမျိုးသားဟာ ကွယ်လွန်သူ မမူရဲ့ ဦးလေးနဲ့ သွေးတော်စပ်သူ မဟုတ်တဲ့အတွက် ကွယ်လွန်သူရဲ့ တူမဖြစ်တဲ့ မမူ၏ခင်ပွန်းသာ ဖြစ်ပြီး ၊ မမူ သက်ရှိထင်ရှား ရှိနေချိန်မှာ မမူရဲ့ ဦးလေးနဲ့ သွေးသားတော်စပ်မှု မရှိသည့် မမူရဲ့ ခင်ပွန်းဟာ မမူရဲ့ ဦးလေး၏ အမွေကို ဆက်ခံထိုက်သူ မဟုတ်ချေ ”

“ ဒါကြောင့်ကွယ်လွန်သူ မမူရဲ့ ဦးလေး၏အမွေကို ဆက်ခံခွင့်မရှိသူ ၊ မမူရဲ့ခင်ပွန်းမှ မမူရဲ့ဦးလေးကျန်ရစ်သော ပစ္စည်းကို ထိန်းသိမ်းရန် အမွေထိန်းလက်မှတ်စာ လျှောက်ထားခြင်းသည် အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၁၈ ပါ ပြဌာန်းချက်နှင့် ညီညွတ်မှုမရှိတဲ့အတွက် အမွေထိန်းလက်မှတ်စာ ထုတ်ပေးမှာမဟုတ်ပါဘူး ”

“ စီရင်ထုံးနဲ့ ရှင်းပြရရင်တော့ “ ဒေါ်မူမူ (ခ) ဒေါ်ကျင်သန်းနှင့် ဦးလှသိန်းပါ ၂၀၀၂ ခုနှစ် ၊ တရားမအထူးအယူခံမှုအမှတ် -၂၀ ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ-၃၀၁ ” မှာ ကွယ်လွန်သူ၏ တူ ၊ တူမများက ကွယ်လွန်သူနှင့် ဆွေမျိုးတော်စပ်ခြင်းမရှိသူအား ကိုယ်စားလှယ်စာလွှဲအပ်ထားတယ် ၊ ထိုသူက ကွယ်လွန်သူ၏ တူ ၊ တူမများအမည်ဖြင့် မဟုတ်ဘဲ ၊ ၎င်း၏ အမည်ဖြင့် အမွေထိန်းလက်မှတ်စာလျှောက်ထားရာ ၊ ထိုသူအား အမွေထိန်းလက်မှတ်စာ ထုတ်မပေးနိုင်ကြောင်း ဆုံးဖြတ်ထားပါတယ် ”

“ အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်းတရားရုံးတွင် ဦးလှသိန်းက ကွယ်လွန်သူ ဦးတိတ်၏ ကျန်ရစ်ပစ္စည်းများနှင့် စပ်လျဉ်း၍ အမွေထိန်းလက်မှတ်စာ ထုတ်ပေးရန် လျှောက်ထားရာ ဒေါ်မူမူ (ခ) ဒေါ်ကျင်သန်းနှင့် ဦးကြင်အေးတို့က ကန့်ကွက်ကြသဖြင့် တိုင်းတရားရုံးက တရားမကြီးမှုအမှတ် ၈၁၁ / ၉၈ ဖြင့် ပြောင်းလဲဖွင့်လှစ် စစ်ဆေးပြီးနောက် လျှောက်ထားသူ ဦးလှသိန်းအား အမွေထိန်းလက်မှတ်စာ ထုတ်ပေးသည့် အမိန့်ချမှတ်ခဲ့သည် ။ ” “ ယင်းအမိန့်အပေါ် ဒေါ်မူမူ (ခ) ဒေါ်ကျင်သန်းက မကျေနပ်၍ တရားရုံးချုပ်တွင် အထွေထွေအယူခံမှုအမှတ် ၆၁/၂၀၀၁ ဖြင့် အယူခံဝင်ရောက်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့လေ ၊ ထို့ကြောင့် ဒေါ်မူမူ (ခ) ဒေါ်ကျင်သန်းက ၂၀၀၀ ပြည့်နှစ် ၊ တရားစီရင်ရေးဥပဒေပုဒ်မအရ အထူးအယူခံဝင်ခွင့်ပြုရန် တရားရုံးချုပ်တွင် လျှောက်ထားခဲ့ရာ ၊ ကြားနာနိုင်ရန် အထူးအယူခံဝင်ခွင့်ပြုခဲ့တယ် ”

“ အမှုမှာ ကွယ်လွန်သူ ဦးတိတ်သည် မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်၍ ၎င်းကွယ်လွန်ချိန်တွင် ကျန်ရစ်ပစ္စည်းများနှင့်စပ်လျဉ်းပြီး စီမံထိန်းသိမ်ရန် လိုအပ်ကြောင်း အမှုတွင် ပေါ်ပေါက်ပါတယ် ။သို့သော် အမွေဆက်ခံရေး အက်ဥပဒေပုဒ်မ ၂၁၈ (၁)အရ အမွေထိန်းလက်မှတ်စာ လျှောက်ထားသူသည် ကွယ်လွန်သူ၏ အမွေတစ်ရပ်လုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ရယူထိုက်သူ ဖြစ်ရပါမည် ။

“ မူလတရားရုံးက ဦးလှသိန်းအား ကွယ်လွန်သူ ဦးတိတ်၏ ကျန်ရစ်ပစ္စည်းများနှင့် စပ်လျဉ်း၍ အမွေထိန်းလက်မှတ်စာ ထုတ်ပေးရန် အမိန့်ချမှတ်ခဲ့ပြီး ၊ယင်း အမိန့်ကို တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ် ”

“ သို့ရာတွင် အမွေထိန်းလက်မှတ်စာ လျှောက်ထားသး ဦးလှသိန်းသည် ကွယ်လွန်သူ ဦးတိတ်နှင့် သွေးသားတော်စပ်သူ မဟုတ်ကြောင်း ပေါ်ပေါက်ပါသည် ။ ဦးလှသိန်းသည် ကွယ်လွန်သူ ဦးတိတ်၏တူမ ဒေါ်ကျင်ကြူး၏ခင်ပွန်းသာဖြစ်ပြီး ဒေါ်ကျင်ကြူးသက်ရှိထင်ရှားရှိနေချိန်တွင် ဦးတိတ်နှင့် သွေးသားတော်စပ်သူမရှိသည့် ဦးလှသိန်းသည် ဦးတိတ်၏ အမွေကို ဆက်ခံထိုက်သူ မဟုတ်ချေ ”

“ ထို့ကြောင့် ကွယ်လွန်သူ ဦးတိတ်၏အမွေကို ဆက်ခံခွင့်မရှိသူ ဦးလှသိန်းမှ ဦးတိတ်ကျန်ရစ်သော ပစ္စည်းကို ထိန်းသိမ်းရန် အမွေထိန်းလက်မှတ်က လျှောက်ထားခြင်းကို မူလရုံးက ခွင်ု့ပြုခဲ့ခြင်းသည် အမွေဆက်ခံခြင်း ၊ အက်ဥပဒေပုဒ်မ ၂၁၈ ပါ ပြဌာန်းချက်နှင့် ညီညွတ်မှု မရှိကြောင်း သုံးသပ်တွေ့ရှိရ၍ ဤတရားမအထူးအယူခံမှုကို ခွင့်ပြုပြီး မူလရုံးက ဦးလှသိန်းသို့ အမွေထိန်းစာထုတ်ပေးရန် ချမှတ်သည့်အမိန့်နှင့် ယင်းအမိန့်ကို အတည်ပြုသည့်တရားရုံးချုပ်၏ အမိန့်ကို ပယ်ဖျက်လိုက်ပါတယ် ”

“ အဲဒါကြောင့် မမူရေ ၊ မမူခင်ပွန်းကိုတော့ အမွေထိန်းလက်မှတ်စာ ထုတ်ပေးဖို့ကို မလျှောက်ပါနဲ့တော့ ။ဖြစ်နိုင်ရင် မမူကိုယ်တိုင်ဖြစ်ဖြစ် ၊ မမူရဲ့မောင်ကိုဖြစ်ဖြစ် ၊ အမွေထိန်းလက်မှတ်စာထုတ်ပေးရန် လျှောက်ထားကြပါလို့ပဲ အကြံပေးပါရစေသူငယ်ချင်း ” ဟု ပြောလိုက်မှ ဒေါ်မူယာဟန်လည်း စိတ်ကျေနပ်သွားကာ ၊ မျက်နှာရွှင်လန်းသွားပါတော့သည် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (ဥပဒေ)

 

[Zawgyi]

ကြယ္လြန္သူ၏ က်န္ရစ္ပစၥည္းမ်ားအတြက္ အေမြထိန္းလက္မွတ္စာ

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ေဒၚမူယာဟန္က ခ်ိန္းဆို၍ သူ စာအုပ္အေရာင္းဆိုင္ဖြင့္လွစ္ေနသည့္ ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္ေရွ႕သို႕ လာခဲ့သည္ ။ ေတြ႕သည္နွင့္ သူ၏အေၾကာင္းကို ေျပာျပေတာ့၏ ။သူ၏ဦးေလး လူပ်ိဳၾကီးမွာ ဆံုးသြားျပီး သူ ပိုင္ဆိုင္ခဲ့သည့္ပစၥည္းမ်ားကို အေမြထိန္းလက္မွတ္စာထုတ္ေပးရန္ သူ၏အမ်ိဳးသားကို အေမြထိန္းအျဖစ္ ေလွ်ာက္ထားမည္ျဖစ္ျပီး ထိုကိစၥျဖစ္ႏိုင္မျဖစ္ႏိုင္ တိုင္ပင္လို၍ ျဖစ္ေလသည္ ။

“ အေမြထိန္းလက္မွတ္စာထုတ္ေပးရျခင္း၏ ရည္ရြယ္ခ်က္မွာ ကြယ္လြန္သူ၏ပစၥည္းကို လက္ေရာက္ရယူႏိုင္ေစေရး ၊ ကြယ္လြန္သူ ရရွိေသာ ေၾကြးျမီမ်ားကို ေကာက္ခံႏိုင္ေစေရး ၊ ကြယ္လြန္သူ ရရွိေသာ ေၾကြးျမီမ်ားကို ေကာက္ခံႏိုင္ေစေရး ၊ ကြယ္လြန္သူ၏ အသုဘစရိတ္နွင့္ ကြယ္လြန္သူက ေပးရန္ရွိသည္မ်ားကို ေပးဆပ္ႏိုင္ေစေရး ၊ ထိုသို႕ေပးဆပ္ျပီးေနာက္ က်န္ရစ္ေသာ အေမြပစၥည္းတို႕ကို ကြယ္လြန္သူ၏မိသာစုဥပေဒအရ ကြယ္လြန္သူအေမြကို ဆက္ခံထိုက္သူတို႕အား ခြဲေ၀ေပးႏိုင္ေစေရးအတြက္ ကြယ္လြန္သူ၏ အခြင့္အေရးကို ဆက္ခံသူတစ္ဦးအား ခန္႕ထားေပးရန္ ျဖစ္တယ္ ။ ဤမူသေဘာကို “ မေဝနွင့္မသိန္းရင္အမႈ ၊ ေအာက္ျမန္မာျပည္စီရင္ထံုး ၊ အတြဲ ၄ ၊ စာ-၂၈၇ ” စီရင္ထံုးမွာ လမ္းညႊန္ထံုးဖြဲ႕ထားတယ္ ”

“ အေမြထိန္းလက္မွတ္စာ ထုတ္ေပးျခင္းနွင့္ စပ္လ်ဥ္း၍ အေမြဆက္ခံေရးအက္ဥပေဒပုဒ္မ ၂၁၈ တြင္ ေအာက္ပါအတိုင္း ျပဌာန္းထားပါတယ္ ”

“ ပုဒ္မ ၂၁၈ (၁) ကြယ္လြန္သူသည္ ေသတမ္းစာမေရးဘဲ ကြယ္လြန္ခဲ့၍ ဟိႏၵဴ ၊ မဟာေမဒင္ ၊ ဗုဒၶဘာသာဝင္ျဖစ္လွ်င္ ၊ ၄င္းတုိ႕၏ အေမြထိန္းသိမ္းခြင့္ကို ကြယ္လြန္သူ၏အေမြကို ခြဲေဝရာ၌ သက္ဆိုင္သည့္ ဥပေဒမ်ားအရ ၊ ကြယ္လြန္သူ၏ အေမြတစ္ရပ္လံုးကိုျဖစ္ေစ ၊ တစ္စိတ္တစ္ေဒသကိုျဖစ္ေစ ၊ ရထိုက္သူအား ခြင့္ျပဳႏိုင္သည္ ။

(၂) ထိုသို႕ ထိန္းသိမ္းရန္အတြက္ ထိုသူမ်ားက ေလွ်ာက္ထားလာလွ်င္ ထိုသူတို႕၏အနက္ ၊ တစ္ဦးဦးကိုျဖစ္ေစ ၊ တစ္ဦးထက္ ပိုသူမ်ားကိုျဖစ္ေစ ၊ မိမိ၏သေဘာအတိုင္း အေမြထိန္းသိမ္းခြင့္ျပဴရန္ ျဖစ္သည္ ။

(၃) ထိုသူမ်ားက ေလွ်ာက္ထားျခင္းမရွိလွ်င္ ကြယ္လြန္သူ၏ ျမီရွင္အား အေမြထိန္းသိမ္းခြင့္ျပဳႏိုင္သည္ ဟု ျပဌာန္းထားတယ္ေလ

“ ကြယ္လြန္သူ မမူရဲ႕ဦးေလးဟာ ျမန္မာဗုဒၶဘာသာဝင္တစ္ဦးျဖစ္၍ ၎ကြယ္လြန္ခ်ိန္တြင္ က်န္ရစ္ပစၥည္းမ်ားနွင့္ စပ္လ်ဥ္းျပီး စီမံထိန္းသိမ္းရန္ လိုအပ္တဲ့အတြက္ အေမြဆက္ခံေရးအက္ဥပေဒပုဒ္မ ၂၁၈ (၁) အရ အေမြထိန္းလက္မွတ္စာ ေလွ်ာက္ထားသူသည္ ကြယ္လြန္သူ၏ အေမြတစ္ရပ္လံုးကိုျဖစ္ေစ ၊ တစ္စိတ္တစ္ေဒသကိုျဖစ္ေစ ရထိုက္သူျဖစ္ရပါမယ္ ” “ သို႕အတြက္ေၾကာင့္ အေမြထိန္းလက္မွတ္စာ ေလွ်ာက္ထားမည့္ မမရဲ႕ အမ်ိဳးသားဟာ ကြယ္လြန္သူ မမူရဲ႕ ဦးေလးနဲ႕ ေသြးေတာ္စပ္သူ မဟုတ္တဲ့အတြက္ ကြယ္လြန္သူရဲ႕ တူမျဖစ္တဲ့ မမူ၏ခင္ပြန္းသာ ျဖစ္ျပီး ၊ မမူ သက္ရွိထင္ရွား ရွိေနခ်ိန္မွာ မမူရဲ႕ ဦးေလးနဲ႕ ေသြးသားေတာ္စပ္မႈ မရွိသည့္ မမူရဲ႕ ခင္ပြန္းဟာ မမူရဲ႕ ဦးေလး၏ အေမြကို ဆက္ခံထိုက္သူ မဟုတ္ေခ် ”

“ ဒါေၾကာင့္ကြယ္လြန္သူ မမူရဲ႕ ဦးေလး၏အေမြကို ဆက္ခံခြင့္မရွိသူ ၊ မမူရဲ႕ခင္ပြန္းမွ မမူရဲ႕ဦးေလးက်န္ရစ္ေသာ ပစၥည္းကို ထိန္းသိမ္းရန္ အေမြထိန္းလက္မွတ္စာ ေလွ်ာက္ထားျခင္းသည္ အေမြဆက္ခံျခင္း အက္ဥပေဒပုဒ္မ ၂၁၈ ပါ ျပဌာန္းခ်က္နွင့္ ညီညြတ္မႈမရွိတဲ့အတြက္ အေမြထိန္းလက္မွတ္စာ ထုတ္ေပးမွာမဟုတ္ပါဘူး ”

“ စီရင္ထံုးနဲ႕ ရွင္းျပရရင္ေတာ့ “ ေဒၚမူမူ (ခ) ေဒၚက်င္သန္းနွင့္ ဦးလွသိန္းပါ ၂၀၀၂ ခုနွစ္ ၊ တရားမအထူးအယူခံမႈအမွတ္ -၂၀ ၊ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာ-၃၀၁ ” မွာ ကြယ္လြန္သူ၏ တူ ၊ တူမမ်ားက ကြယ္လြန္သူနွင့္ ေဆြမ်ိဳးေတာ္စပ္ျခင္းမရွိသူအား ကိုယ္စားလွယ္စာလႊဲအပ္ထားတယ္ ၊ ထိုသူက ကြယ္လြန္သူ၏ တူ ၊ တူမမ်ားအမည္ျဖင့္ မဟုတ္ဘဲ ၊ ၄င္း၏ အမည္ျဖင့္ အေမြထိန္းလက္မွတ္စာေလွ်ာက္ထားရာ ၊ ထိုသူအား အေမြထိန္းလက္မွတ္စာ ထုတ္မေပးႏိုင္ေၾကာင္း ဆံုးျဖတ္ထားပါတယ္ ”

“ အမႈျဖစ္စဥ္မွာ ရန္ကုန္တိုင္းတရားရုံးတြင္ ဦးလွသိန္းက ကြယ္လြန္သူ ဦးတိတ္၏ က်န္ရစ္ပစၥည္းမ်ားနွင့္ စပ္လ်ဥ္း၍ အေမြထိန္းလက္မွတ္စာ ထုတ္ေပးရန္ ေလွ်ာက္ထားရာ ေဒၚမူမူ (ခ) ေဒၚက်င္သန္းနွင့္ ဦးၾကင္ေအးတို႕က ကန္႕ကြက္ၾကသျဖင့္ တိုင္းတရားရုံးက တရားမၾကီးမႈအမွတ္ ၈၁၁ / ၉၈ ျဖင့္ ေျပာင္းလဲဖြင့္လွစ္ စစ္ေဆးျပီးေနာက္ ေလွ်ာက္ထားသူ ဦးလွသိန္းအား အေမြထိန္းလက္မွတ္စာ ထုတ္ေပးသည့္ အမိန္႕ခ်မွတ္ခဲ့သည္ ။ ” “ ယင္းအမိန္႕အေပၚ ေဒၚမူမူ (ခ) ေဒၚက်င္သန္းက မေက်နပ္၍ တရားရုံးခ်ဳပ္တြင္ အေထြေထြအယူခံမႈအမွတ္ ၆၁/၂၀၀၁ ျဖင့္ အယူခံဝင္ေရာက္ခဲ့ေသာ္လည္း ေအာင္ျမင္ျခင္း မရွိခဲ့ေလ ၊ ထို႕ေၾကာင့္ ေဒၚမူမူ (ခ) ေဒၚက်င္သန္းက ၂၀၀၀ ျပည့္နွစ္ ၊ တရားစီရင္ေရးဥပေဒပုဒ္မအရ အထူးအယူခံဝင္ခြင့္ျပဳရန္ တရားရုံးခ်ဳပ္တြင္ ေလွ်ာက္ထားခဲ့ရာ ၊ ၾကားနာႏိုင္ရန္ အထူးအယူခံဝင္ခြင့္ျပဳခဲ့တယ္ ”

“ အမႈမွာ ကြယ္လြန္သူ ဦးတိတ္သည္ ျမန္မာဗုဒၶဘာသာဝင္တစ္ဦးျဖစ္၍ ၄င္းကြယ္လြန္ခ်ိန္တြင္ က်န္ရစ္ပစၥည္းမ်ားနွင့္စပ္လ်ဥ္းျပီး စီမံထိန္းသိမ္ရန္ လိုအပ္ေၾကာင္း အမႈတြင္ ေပၚေပါက္ပါတယ္ ။သို႕ေသာ္ အေမြဆက္ခံေရး အက္ဥပေဒပုဒ္မ ၂၁၈ (၁)အရ အေမြထိန္းလက္မွတ္စာ ေလွ်ာက္ထားသူသည္ ကြယ္လြန္သူ၏ အေမြတစ္ရပ္လံုးကိုျဖစ္ေစ ၊ တစ္စိတ္တစ္ေဒသကိုျဖစ္ေစ ရယူထိုက္သူ ျဖစ္ရပါမည္ ။

“ မူလတရားရုံးက ဦးလွသိန္းအား ကြယ္လြန္သူ ဦးတိတ္၏ က်န္ရစ္ပစၥည္းမ်ားနွင့္ စပ္လ်ဥ္း၍ အေမြထိန္းလက္မွတ္စာ ထုတ္ေပးရန္ အမိန္႕ခ်မွတ္ခဲ့ျပီး ၊ယင္း အမိန္႕ကို တရားရုံးခ်ဳပ္က အတည္ျပဳခဲ့ပါတယ္ ”

“ သို႕ရာတြင္ အေမြထိန္းလက္မွတ္စာ ေလွ်ာက္ထားသး ဦးလွသိန္းသည္ ကြယ္လြန္သူ ဦးတိတ္နွင့္ ေသြးသားေတာ္စပ္သူ မဟုတ္ေၾကာင္း ေပၚေပါက္ပါသည္ ။ ဦးလွသိန္းသည္ ကြယ္လြန္သူ ဦးတိတ္၏တူမ ေဒၚက်င္ၾကဴး၏ခင္ပြန္းသာျဖစ္ျပီး ေဒၚက်င္ၾကဴးသက္ရွိထင္ရွားရွိေနခိ်န္တြင္ ဦးတိတ္နွင့္ ေသြးသားေတာ္စပ္သူမရွိသည့္ ဦးလွသိန္းသည္ ဦးတိတ္၏ အေမြကို ဆက္ခံထိုက္သူ မဟုတ္ေခ် ”

“ ထို႕ေၾကာင့္ ကြယ္လြန္သူ ဦးတိတ္၏အေမြကို ဆက္ခံခြင့္မရွိသူ ဦးလွသိန္းမွ ဦးတိတ္က်န္ရစ္ေသာ ပစၥည္းကို ထိန္းသိမ္းရန္ အေမြထိန္းလက္မွတ္က ေလွ်ာက္ထားျခင္းကို မူလရုံးက ခြင့္ုျပဳခဲ့ျခင္းသည္ အေမြဆက္ခံျခင္း ၊ အက္ဥပေဒပုဒ္မ ၂၁၈ ပါ ျပဌာန္းခ်က္နွင့္ ညီညြတ္မႈ မရွိေၾကာင္း သံုးသပ္ေတြ႕ရွိရ၍ ဤတရားမအထူးအယူခံမႈကို ခြင့္ျပဳျပီး မူလရုံးက ဦးလွသိန္းသို႕ အေမြထိန္းစာထုတ္ေပးရန္ ခ်မွတ္သည့္အမိန္႕နွင့္ ယင္းအမိန္႕ကို အတည္ျပဳသည့္တရားရုံးခ်ဳပ္၏ အမိန္႕ကို ပယ္ဖ်က္လိုက္ပါတယ္ ”

“ အဲဒါေၾကာင့္ မမူေရ ၊ မမူခင္ပြန္းကိုေတာ့ အေမြထိန္းလက္မွတ္စာ ထုတ္ေပးဖို႕ကို မေလွ်ာက္ပါနဲ႕ေတာ့ ။ျဖစ္ႏိုင္ရင္ မမူကိုယ္တိုင္ျဖစ္ျဖစ္ ၊ မမူရဲ႕ေမာင္ကိုျဖစ္ျဖစ္ ၊ အေမြထိန္းလက္မွတ္စာထုတ္ေပးရန္ ေလွ်ာက္ထားၾကပါလို႕ပဲ အၾကံေပးပါရေစသူငယ္ခ်င္း ” ဟု ေျပာလိုက္မွ ေဒၚမူယာဟန္လည္း စိတ္ေက်နပ္သြားကာ ၊ မ်က္နွာရႊင္လန္းသြားပါေတာ့သည္ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: ၾကယ္နီေလး (ဥပေဒ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service