ရန်ကုန်တိုင်းရှိ လူဦးရေ ၇ သန်းစာကို အစိုးရက နှစ်ပတ်စာ ရိက္ခာထောက်ပံ့ရန် စီစဉ်နေ

ရန်ကုန်တိုင်းရှိ လူဦးရေ ၇ သန်းစာကို အစိုးရက နှစ်ပတ်စာ ရိက္ခာထောက်ပံ့ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
24 Sep 2020 11:28 am တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Stay at Home ပြုလုပ်ရန် ထပ်မံလိုအပ်လာပါက ရန်ကုန်တိုင်းဒေသကြီးရှိ လူ ၇သန်းကို နှစ်ပတ်စာအခြေခံစားသောက်ကုန်များကို ဖြန့်ဖြူးပေးရန် အစိုးရကစီစဉ်နေကြောင်း သိရသည်။

ဖြန့်ဖြူးရာတွင် ရာရှင်(Ration)စနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် ပြင်ဆင်ထားရေး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စက်တင်ဘာ ၂၃ ရက်တွင် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

Stay at Home ပြုလုပ်ရန်ထပ်မံလိုအပ်လာပါက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြည်သူ (၇) သန်းခန့်ကို နေ့စဉ်စားသောက်ရေးအတွက် ရာရှင်စနစ်နဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်ထောင်စုအလိုက် ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ထားရန်ဖြစ်သည်ဟု ဗဟိုကော်မတီက တိုင်းအစိုးရကို ညွန့်ကြားလိုက်ခြင်းဖြစ်သည်။

ထိုညွန့်ကြားချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at home မြို့နယ် (၄၄) မြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်စု တစ်စုချင်းစီအလိုက် ထောက်ပံပေးဖို့ လိုအပ်ရန် အဓိက ရိက္ခာအမယ် အရေအတွက် ၊ ဖြန့်ဖြူးပေးနိုင်ရေးအတွက် စုပုံ / ထုပ်ပိုးသည့် ကြာချိန် ၊ အိမ်ထောင်စုအားလုံးကို ဖြန့်ဝေပေးဖို့ ကြာမြင့်သည့် အချိန်နှင့် ဖြန့်ဖြူးသည့် အခါ လူစုလူဝေးမဖြစ်စေရေး ဆောင်ရွက်မည့် အစီအမံတွေကို ကြိုတင်တွက်ချက် ပြင်ဆင်ထားရန်ပါဝင်သည်။

ရန်ကုန်တိုင်းအတွင်း နေအိမ်တွင်သာ နေထိုင်ရမည့် အမိန့် ထပ်မံထုတ်ပြန်ရန် လိုအပ်မည်ဆိုပါက အစိုးရက တိုင်းအတွင်းလူဦးရေ ၇ သန်းစာအတွက် ရိက္ခာနှစ်ပတ်စာဖြန့်ဖြူးပေးရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ပြောသည်။

ထိုသို့ဆောင်ရွက်အတွက် အထက်ပါဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အစည်းအဝေးကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ကြရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားချက် ရှိထားသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်ကပြောသည်။

ဖြန့်ဝေမည့်ရိက္ခာများ အလွယ်တကူရရှိ ရေးနှင့် ရိက္ခာဖြန့်ဝေမှုကြောင့် လူစုလူဝေးမဖြစ်စေရေး ဆောင်ရွက်ထားကြ ရန်လည်း ဝန်ကြီးကဆိုသည်။

ထိုပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ရိက္ခာဖြန့်ဖြူးရာတွင် ရိက္ခာခြောက်သာမက ရိက္ခာအစိုများပါဖြန့်ဖြူပေးမည်ဖြစ်ဟုဆိုသည်။ ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာစုဆောင်းမှုကို အတိုင်းအတာတစ်ခုအထိ စုဆောင်းပြီးဖြစ်ရာ ထပ်မံစုဆောင်း ရန်လိုအပ်သည်များ ဖြန့်ဖြူးပေးရေးအစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ပြောကြားခဲ့သည်။

ထိုပြင် ဒုဝန်ကြီးက COVID-19 ပထမလှိုင်းကာလ၌ ရိက္ခာဖြန့်ဝေမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ယခု ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပြန့်ပွားမှုများပြားနေခြင်း၊ လုပ်အားပေးခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူအများစိုးရိမ်ကြောင့်ကြမှုဖြစ်နေကြသည်ဟုဆိုသည်။

ထိုအစည်းအဝေးကို ဝန်ကြီးဌာနအပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် ဘုရင်နောင်ကုန်စည်ဒိုင်တို့မှ တာဝန်ရှိသူများပါတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္း႐ွိ လူဦးေရ ၇ သန္းစာကို အစိုးရက ႏွစ္ပတ္စာ ရိကၡာေထာက္ပံ့ရန္ စီစဥ္ေန

Stay at Home ျပဳလုပ္ရန္ ထပ္မံလိုအပ္လာပါက ရန္ကုန္တိုင္းေဒသႀကီး႐ွိ လူ ၇သန္းကို ႏွစ္ပတ္စာအေျခခံစားေသာက္ကုန္မ်ားကို ျဖန္႔ျဖဴးေပးရန္ အစိုးရကစီစဥ္ေနေၾကာင္း သိရသည္။

ျဖန္႔ျဖဴးရာတြင္ ရာ႐ွင္(Ration)စနစ္ျဖင့္ ျဖန္႔ျဖဴးေပးႏိုင္ရန္ ျပင္ဆင္ထားေရး COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို စက္တင္ဘာ ၂၃ ရက္တြင္ ၫႊန္ၾကားလိုက္ျခင္းျဖစ္သည္။

Stay at Home ျပဳလုပ္ရန္ထပ္မံလိုအပ္လာပါက ရန္ကုန္ တိုင္းေဒသႀကီးအတြင္း ျပည္သူ (၇) သန္းခန္႔ကို ေန႔စဥ္စားေသာက္ေရးအတြက္ ရာ႐ွင္စနစ္နဲ႔ အေျခခံစားေသာက္ကုန္ေတြကို အိမ္ေထာင္စုအလိုက္ ျဖန္႔ျဖဴးေပးႏိုင္ေရး ျပင္ဆင္ထားရန္ျဖစ္သည္ဟု ဗဟိုေကာ္မတီက တိုင္းအစိုးရကို ၫြန္႔ၾကားလိုက္ျခင္းျဖစ္သည္။

ထိုၫြန္႔ၾကားခ်က္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း Stay at home ၿမိဳ႕နယ္ (၄၄) ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အိမ္ေထာင္စု တစ္စုခ်င္းစီအလိုက္ ေထာက္ပံေပးဖို႔ လိုအပ္ရန္ အဓိက ရိကၡာအမယ္ အေရအတြက္ ၊ ျဖန္႔ျဖဴးေပးႏိုင္ေရးအတြက္ စုပုံ / ထုပ္ပိုးသည့္ ၾကာခ်ိန္ ၊ အိမ္ေထာင္စုအားလုံးကို ျဖန္႔ေဝေပးဖို႔ ၾကာျမင့္သည့္ အခ်ိန္ႏွင့္ ျဖန္႔ျဖဴးသည့္ အခါ လူစုလူေဝးမျဖစ္ေစေရး ေဆာင္႐ြက္မည့္ အစီအမံေတြကို ႀကိဳတင္တြက္ခ်က္ ျပင္ဆင္ထားရန္ပါဝင္သည္။

ရန္ကုန္တိုင္းအတြင္း ေနအိမ္တြင္သာ ေနထိုင္ရမည့္ အမိန္႔ ထပ္မံထုတ္ျပန္ရန္ လိုအပ္မည္ဆိုပါက အစိုးရက တိုင္းအတြင္းလူဦးေရ ၇ သန္းစာအတြက္ ရိကၡာႏွစ္ပတ္စာျဖန္႔ျဖဴးေပးရန္ စီစဥ္ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္ေျပာသည္။

ထိုသို႔ေဆာင္႐ြက္အတြက္ အထက္ပါဝန္ႀကီးဌာနက စက္တင္ဘာ ၂၃ ရက္တြင္ အစည္းအေဝးက်င္းပခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ေဆာင္႐ြက္ၾကရန္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီက ၫႊန္ၾကားခ်က္ ႐ွိထားသည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ေဒါက္တာသန္းျမင့္ကေျပာသည္။

ျဖန္႔ေဝမည့္ရိကၡာမ်ား အလြယ္တကူရ႐ွိ ေရးႏွင့္ ရိကၡာျဖန္႔ေဝမႈေၾကာင့္ လူစုလူေဝးမျဖစ္ေစေရး ေဆာင္႐ြက္ထားၾက ရန္လည္း ဝန္ႀကီးကဆိုသည္။

ထိုျပင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ရိကၡာျဖန္႔ျဖဴးရာတြင္ ရိကၡာေျခာက္သာမက ရိကၡာအစိုမ်ားပါျဖန္႔ျဖဴေပးမည္ျဖစ္ဟုဆိုသည္။ ဝန္ႀကီးဌာနအေနျဖင့္ အေရးေပၚရိကၡာစုေဆာင္းမႈကို အတိုင္းအတာတစ္ခုအထိ စုေဆာင္းၿပီးျဖစ္ရာ ထပ္မံစုေဆာင္း ရန္လိုအပ္သည္မ်ား ျဖန္႔ျဖဴးေပးေရးအစီအစဥ္မ်ားကို ဝိုင္းဝန္းအၾကံျပဳ ေဆြးေႏြးေပးၾကရန္ေျပာၾကားခဲ့သည္။

ထိုျပင္ ဒုဝန္ႀကီးက COVID-19 ပထမလိႈင္းကာလ၌ ရိကၡာျဖန္႔ေဝမႈကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ၿပီး ယခု ရန္ကုန္တိုင္းေဒသႀကီးတြင္ COVID-19 ေရာဂါျပန္႔ပြားမႈမ်ားျပားေနျခင္း၊ လုပ္အားေပးခက္ခဲမႈမ်ား ျဖစ္ေပၚေနျခင္းေၾကာင့္ လူအမ်ားစိုးရိမ္ေၾကာင့္ၾကမႈျဖစ္ေနၾကသည္ဟုဆိုသည္။

ထိုအစည္းအေဝးကို ဝန္ႀကီးဌာနအျပင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းအဖြဲ႕မ်ား၊ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ႏွင့္ ဘုရင္ေနာင္ကုန္စည္ဒိုင္တို႔မွ တာဝန္႐ွိသူမ်ားပါတက္ေရာက္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service