ဩစတြေးလျရှိ ဇိမ်ခံအိမ်‌‌ဈေးနှုန်းများ မြင့်တက်၊ COVID-19 မဟန့်တားနိုင်

ဩစတြေးလျရှိ ဇိမ်ခံအိမ်‌‌ဈေးနှုန်းများ မြင့်တက်၊ COVID-19 မဟန့်တားနိုင် - Property News in Myanmar from iMyanmarHouse.com
21 Sep 2020 11:40 am တွင် တင်ခဲ့သည်
607 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank မှ နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့မြို့ကြီးများ၏ ဇိမ်ခံအိမ်ဈေးနှုန်းအခြေအနေပြညွှန်းကိန်းစာရင်း “၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ် Prime Global Cities ညွှန်းကိန်းစာရင်း” က ဩစတြယ်အေးရှ (သြစတြေးလျ၊ နယူးဇီလန်နှင့် အနီးတစ်ဝိုက်ကျွန်းအချို့) အား ကမ္ဘာ့ဇိမ်ခံအိမ်ဈေးမြင့်တက်မှုတွင် အားအကောင်းဆုံးဒေသအဖြစ် အမည်တပ်လိုက်ပြီဖြစ်ကြောင်း Australian Broker က ဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်း မြို့ပြ ၄၅ ခုရှိ အိမ်ခြံမြေဈေးနှုန်းများ၏ အခြေအနေများကို Knight Frank မှ စောင့်ကြည့်၍ ကာလအလိုက် ထိုစာရင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။

ယခုနှစ် ဒုတိယသုံးလပတ်အထိ ၁၂ လတာကာလ (တစ်နှစ်တာ) အတွင်း ဘရစ္စဘိန်း၊ ဂိုးလ်ကို့စ်၊ မဲလ်ဘုန်း၊ ပါ့သ်နှင့် ဆစ်ဒနီတို့က ဈေးနှုန်းအမြင့်တက်ဆုံးသော ဇိမ်ခံလူနေအိမ်ဈေးကွက် ၂၄ ခုတွင် ပါဝင်ခဲ့သည်။

ထိုမြို့ပြငါးခုတွင် ဂိုးလ်ကို့စ်က နှစ်ပတ်လည်မြင့်တက်မှုနှုန်း ၃ ဒသမ ၄ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ကာ အဆိုပါညွှန်းကိန်းစာရင်း၌ နံပါတ် ၁၀ နေရာသို့ မြင့်တက်လာခဲ့သည်။

“ကမ္ဘာမှာ ဩစတြယ်အေးရှနှင့် မြောက်အမေရိကဒေသတွေက ဇိမ်ခံအိမ်ဈေးတွေဟာ ယခုနှစ် ဒုတိယသုံးလပတ်မှာ ကြံ့ကြံ့ခံနိုင်ဆုံးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဩစတြယ်အေးရှကတော့ ဒဏ်အခံနိုင်ဆုံးပါပဲ။” ဟု Knight Frank ၏ ဩစတြေးလျလူနေအိမ်ခြံမြေသုတေသနအကြီးအကဲ မီရှဲလ်ဆီဆယ်စကီးက ပြောကြားခဲ့သည်။

“ကမ္ဘာနဲ့ယှဉ်ရင် ကျွန်မတို့က COVID-19 ရဲ့ ရိုက်ခတ်မှုကြီးကနေ တော်တော်လေး လွတ်မြောက်ခဲ့ပါတယ်။” ဟုလည်း သူမက ပြောကြားခဲ့သေးသည်။

ရောဂါကူးစက်မှုများ ယေဘုယျအားဖြင့် ငြိမ်သွားခဲ့သည့် ဇွန်တွင် ကမ္ဘာတစ်ဝန်း မြို့ပြ ၆၇ ခု၌ နှစ်ပတ်လည်အိမ်ဈေးများ မပြောင်းလဲတည်ငြိမ်ခြင်း သို့မဟုတ် မြင့်တက်မှုများ မြင်တွေ့ခဲ့ရသည်။

အထက်ပါစာရင်းတွင် ဩစတြေးလျ၏ အဆင့်များအား ဆိုရသော် ဂိုးလ်ကို့စ်ပြီးလျှင် ဆစ်ဒနီနှင့် ပါ့သ်တို့က ၃ ရာခိုင်နှုန်းစီ နှစ်ပတ်လည်မြင့်တက်နှုန်းနှင့် အဆင့် ၁၁ နှင့် ၁၂ တို့ဖြစ်ကာ ဘရစ္စဘိန်းက ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အဆင့် ၁၆ နှင့် မဲလ်ဘုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ၂၄ ဖြစ်သည်။

ဩစတြေးလျဇိမ်အိမ်ခြံမြေဝယ်လိုအား မြင့်တက်ရန် ခန့်မှန်းရသည်ဟု Knight Frank ၏ ဩစတြေးလျလူနေအိမ်ခြံမြေဆိုင်ရာ အကြီးအကဲ ရှိန်းဟားရစ်ကလည်း ပြောကြားခဲ့သည်။

“COVID-19 ကာလတွင်းမှာ သူဌေးကြီးတွေက သူတို့ရဲ့ နောက်ထပ်လူနေအိမ်ခြံမြေဝယ်ယူမှုဆုံးဖြတ်ချက်တွေကို နေထိုင်ရအဆင်ပြေမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာကို တွေ့လာရတာကြောင့် ကိုဗစ်အလွန်ကမ္ဘာမှာ ကွင်းစလန်းအရှေ့တောင်ပိုင်းလိုမျိုး နေရာတွေက ပိုပြီးဆွဲဆာင်အားကောင်းလာမှာပါ။” ဟုလည်း သူက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prices for luxury residences in Australia soar, undeterred by global outbreak (apa)

 

[Zawgyi]

ဩစေၾတးလ်႐ွိ ဇိမ္ခံအိမ္‌‌ေဈးႏႈန္းမ်ား ျမင့္တက္၊ COVID-19 မဟန္႔တားႏိုင္

ကမ႓ာ့အိမ္ျခံေျမအတိုင္ပင္ခံကုမၸဏီ Knight Frank မွ ေနာက္ဆုံးထုတ္ျပန္ထားသည့္ ကမ႓ာ့ၿမိဳ႕ႀကီးမ်ား၏ ဇိမ္ခံအိမ္ေဈးႏႈန္းအေျခအေနျပၫႊန္းကိန္းစာရင္း “၂၀၂၀ ခုႏွစ္ ဒုတိယသုံးလပတ္ Prime Global Cities ၫႊန္းကိန္းစာရင္း” က ဩစၾတယ္ေအး႐ွ (ၾသစေၾတးလ်၊ နယူးဇီလန္ႏွင့္ အနီးတစ္ဝိုက္ကြၽန္းအခ်ိဳ႕) အား ကမ႓ာ့ဇိမ္ခံအိမ္ေဈးျမင့္တက္မႈတြင္ အားအေကာင္းဆုံးေဒသအျဖစ္ အမည္တပ္လိုက္ၿပီျဖစ္ေၾကာင္း Australian Broker က ေဖာ္ျပခဲ့သည္။

ကမ႓ာတစ္ဝန္း ၿမိဳ႕ျပ ၄၅ ခု႐ွိ အိမ္ျခံေျမေဈးႏႈန္းမ်ား၏ အေျခအေနမ်ားကို Knight Frank မွ ေစာင့္ၾကည့္၍ ကာလအလိုက္ ထိုစာရင္းကို ထုတ္ျပန္ျခင္းျဖစ္သည္။

ယခုႏွစ္ ဒုတိယသုံးလပတ္အထိ ၁၂ လတာကာလ (တစ္ႏွစ္တာ) အတြင္း ဘရစၥဘိန္း၊ ဂိုးလ္ကို႔စ္၊ မဲလ္ဘုန္း၊ ပါ့သ္ႏွင့္ ဆစ္ဒနီတို႔က ေဈးႏႈန္းအျမင့္တက္ဆုံးေသာ ဇိမ္ခံလူေနအိမ္ေဈးကြက္ ၂၄ ခုတြင္ ပါဝင္ခဲ့သည္။

ထိုၿမိဳ႕ျပငါးခုတြင္ ဂိုးလ္ကို႔စ္က ႏွစ္ပတ္လည္ျမင့္တက္မႈႏႈန္း ၃ ဒသမ ၄ ျဖင့္ အျမင့္ဆုံးျဖစ္ခဲ့ကာ အဆိုပါၫႊန္းကိန္းစာရင္း၌ နံပါတ္ ၁၀ ေနရာသို႔ ျမင့္တက္လာခဲ့သည္။

“ကမ႓ာမွာ ဩစၾတယ္ေအး႐ွႏွင့္ ေျမာက္အေမရိကေဒသေတြက ဇိမ္ခံအိမ္ေဈးေတြဟာ ယခုႏွစ္ ဒုတိယသုံးလပတ္မွာ ၾကံ့ၾကံ့ခံႏိုင္ဆုံးပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ဩစၾတယ္ေအး႐ွကေတာ့ ဒဏ္အခံႏိုင္ဆုံးပါပဲ။” ဟု Knight Frank ၏ ဩစေၾတးလ်လူေနအိမ္ျခံေျမသုေတသနအႀကီးအကဲ မီ႐ွဲလ္ဆီဆယ္စကီးက ေျပာၾကားခဲ့သည္။

“ကမ႓ာနဲ႔ယွဥ္ရင္ ကြၽန္မတို႔က COVID-19 ရဲ႕ ႐ိုက္ခတ္မႈႀကီးကေန ေတာ္ေတာ္ေလး လြတ္ေျမာက္ခဲ့ပါတယ္။” ဟုလည္း သူမက ေျပာၾကားခဲ့ေသးသည္။

ေရာဂါကူးစက္မႈမ်ား ေယဘုယ်အားျဖင့္ ၿငိမ္သြားခဲ့သည့္ ဇြန္တြင္ ကမ႓ာတစ္ဝန္း ၿမိဳ႕ျပ ၆၇ ခု၌ ႏွစ္ပတ္လည္အိမ္ေဈးမ်ား မေျပာင္းလဲတည္ၿငိမ္ျခင္း သို႔မဟုတ္ ျမင့္တက္မႈမ်ား ျမင္ေတြ႕ခဲ့ရသည္။

အထက္ပါစာရင္းတြင္ ဩစေၾတးလ်၏ အဆင့္မ်ားအား ဆိုရေသာ္ ဂိုးလ္ကို႔စ္ၿပီးလွ်င္ ဆစ္ဒနီႏွင့္ ပါ့သ္တို႔က ၃ ရာခိုင္ႏႈန္းစီ ႏွစ္ပတ္လည္ျမင့္တက္ႏႈန္းႏွင့္ အဆင့္ ၁၁ ႏွင့္ ၁၂ တို႔ျဖစ္ကာ ဘရစၥဘိန္းက ၂ ဒသမ ၅ ရာခိုင္ႏႈန္းျဖင့္ အဆင့္ ၁၆ ႏွင့္ မဲလ္ဘုန္းက ၁ ဒသမ ၂ ရာခိုင္ႏႈန္းျဖင့္ ၂၄ ျဖစ္သည္။

ဩစေၾတးလ်ဇိမ္အိမ္ျခံေျမဝယ္လိုအား ျမင့္တက္ရန္ ခန္႔မွန္းရသည္ဟု Knight Frank ၏ ဩစေၾတးလ်လူေနအိမ္ျခံေျမဆိုင္ရာ အႀကီးအကဲ ႐ွိန္းဟားရစ္ကလည္း ေျပာၾကားခဲ့သည္။

“COVID-19 ကာလတြင္းမွာ သူေဌးႀကီးေတြက သူတို႔ရဲ႕ ေနာက္ထပ္လူေနအိမ္ျခံေျမဝယ္ယူမႈဆုံးျဖတ္ခ်က္ေတြကို ေနထိုင္ရအဆင္ေျပမႈအေပၚ မူတည္ၿပီး ဆုံးျဖတ္ၾကတာကို ေတြ႕လာရတာေၾကာင့္ ကိုဗစ္အလြန္ကမ႓ာမွာ ကြင္းစလန္းအေ႐ွ႕ေတာင္ပိုင္းလိုမ်ိဳး ေနရာေတြက ပိုၿပီးဆြဲဆာင္အားေကာင္းလာမွာပါ။” ဟုလည္း သူက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Prices for luxury residences in Australia soar, undeterred by global outbreak (apa)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service