နှာခေါင်းဝသို့ ဖျန်းမှုတ်ရသော ပထမဆုံး COVID-19 ကာကွယ်ဆေးအား လက်တွေ့စမ်းသပ်ရန် တရုတ် ခွင့်ပြု

နှာခေါင်းဝသို့ ဖျန်းမှုတ်ရသော ပထမဆုံး COVID-19 ကာကွယ်ဆေးအား လက်တွေ့စမ်းသပ်ရန် တရုတ် ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
12 Sep 2020 10:25 am တွင် တင်ခဲ့သည်
11484 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်သည် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၇ သန်းကျော်ကို ကူးစက်လာစေပြီး အသက်ပေါင်း ၉၀၄,၀၀၀ ကျော်ကို ဆုံးရှုံးစေခဲ့ပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်ကို တိုက်ဖျက်ရန် နှာခေါင်းဝသို့ ဖျန်းမှုတ်ရသည့် ၎င်းတို့နိုင်ငံ၏ ပထမဆုံးကာကွယ်ဆေးကို လက်တွေ့စမ်းသပ်ရန် ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာ Global Times က စက်တင်ဘာ ၁၀ တွင် အစီရင်ခံဖော်ပြခဲ့သည်။

နှာခေါင်းဝသို့ ဖျန်းမှုတ်ရသော တရုတ်၏ ထို COVID-19 ကာကွယ်ဆေးသည် လက်တွေ့စမ်းသပ်မှုအဆင့် ၁ ကို နိုဝင်ဘာတွင် စတင်ရန် ခန့်မှန်းထားပြီး ပါဝင်စမ်းသပ်ခံမည့်စေတနာ့ဝန်ထမ်း ၁၀၀ ဦးအား ခေါ်ယူစုဆောင်းလျက်ရှိကြောင်း သိရသည်။

တရုတ်အမျိုးသားဆေးဝါးထုတ်ကုန်များဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ခွင့်ပြုချက်ပေးခဲ့သည့် စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးများအနက် ယခုကာကွယ်ဆေးသည် နှာခေါင်းဝသို့ဖျန်းမှုတ်ရသည့် တစ်မျိုးတည်းသော ကာကွယ်ဆေးဖြစ်သည်ဟုလည်း သိရသည်။

ထိုကာကွယ်ဆေးသည် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။ ဟောင်ကောင်တက္ကသိုလ်၊ ရှားမိန်တက္ကသိုလ်နှင့် ပေကျင်းဝမ်ထိုင်ဇီဝဗေဒတိုင်ရာဆေးဝါးတို့မှ သုတေသီများ ပါဝင်တီထွင်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ယွမ်ကော့ယွန်က ၎င်းကာကွယ်ဆေးသည် အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်များ ကူးစက်ဖြတ်သန်းရာ လမ်းကြောင်း၏ ခုခံစွမ်းအားကို လှုံဆော်နှိုးဆွပေးကြောင်း ပြောကြားခဲ့သည်။

ထိုကာကွယ်ဆေးဖျန်းမှုတ်ခံရသူသည် ကိုရိုနာဗိုင်းရပ်စ်အသစ်တင်မကဘဲ H1N1 ၊ H3N2 နှင့် B အပါအဝင် တုပ်ကွေးဗိုင်းရပ်စ်များကိုပါ ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပေသည်ဟုလည်း ယွမ်က ပြောကြားခဲ့သည်။

လက်တွေ့စမ်းသပ်မှုအဆင့်သုံးဆင့်ပြီးဆုံးရန် အနည်းဆုံးနောက်ထပ်တစ်နှစ် ကြာမည်ဖြစ်ကြောင်းလည်း ယွမ်က ဆိုသည်။

ပေကျင်းအခြေစိုက် ကိုယ်ခံအားဆိုင်ရာပညာရှင်တစ်ဦးကလည်း အခြားထိုးနှံရသည့် ကာကွယ်ဆေးများနှင့်ယှဥ်လျှင် နှာခေါင်းဝသို့ဖျန်းမှုတ်ရသော အဆိုပါကာကွယ်ဆေးသည် အသုံးပြု၍ပိုမိုလွယ်ကူကာ အမြောက်အမြားထုတ်လုပ်ဖြန့်ချိရန်လည်း ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော နှစ်ချို့နည်းပညာဖြစ်သည့် တုပ်ကွေးကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာကိုသာ အသုံးပြုတီထွင်ထားခြင်းဖြစ်သဖြင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနှာခေါင်းဝသို့ဖျန်းမှုတ်ရသည့် COVID-19 ကာကွယ်ဆေးသည် ပန်းနာရင်ကျပ်နှင့် အသက်ရှူမှုတိုတောင်းခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်တွင် ဖြစ်ပေါ်နိုင်ပေသည်ဟုလည်း ၎င်းပညာရှင်က ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်တွင် အလားအလာရှိသည့် COVID-19 ကာကွယ်ဆေး သုံးမျိုးကို လက်တွေ့စမ်းသပ်ရန် ခွင်ပြုထားပြီးဖြစ်သည်။ ထို့အပြင် အချို့သော ပြည်တွင်းကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် အတည်မပြုရသေးသည့် COVID-19 ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန်အတွက် တရုတ်ကာကွယ်ဆေးစီမံခန့်ခွဲမှုဥပဒေနှင့်အညီ ခွင့်ပြုထားကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China approves first nasal spray Covid-19 vaccine for trials: Report (hidustantimes)

 

[Zawgyi]

ႏွာေခါင္းဝသို႔ ဖ်န္းမႈတ္ရေသာ ပထမဆုံး COVID-19 ကာကြယ္ေဆးအား လက္ေတြ႕စမ္းသပ္ရန္ တ႐ုတ္ ခြင့္ျပဳ

တ႐ုတ္သည္ ကမာၻတစ္ဝန္း လူေပါင္း ၂၇ သန္းေက်ာ္ကို ကူးစက္လာေစၿပီး အသက္ေပါင္း ၉၀၄,၀၀၀ ေက်ာ္ကို ဆုံးရႈံးေစခဲ့ၿပီျဖစ္သည့္ ကို႐ိုနာဗိုင္းရပ္စ္အသစ္ကို တိုက္ဖ်က္ရန္ ႏွာေခါင္းဝသို႔ ဖ်န္းမႈတ္ရသည့္ ၎တို႔ႏိုင္ငံ၏ ပထမဆုံးကာကြယ္ေဆးကို လက္ေတြ႕စမ္းသပ္ရန္ ခြင့္ျပဳခ်က္ေပးလိုက္ၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းမီဒီယာ Global Times က စက္တင္ဘာ ၁၀ တြင္ အစီရင္ခံေဖာ္ျပခဲ့သည္။

ႏွာေခါင္းဝသို႔ ဖ်န္းမႈတ္ရေသာ တ႐ုတ္၏ ထို COVID-19 ကာကြယ္ေဆးသည္ လက္ေတြ႕စမ္းသပ္မႈအဆင့္ ၁ ကို ႏိုဝင္ဘာတြင္ စတင္ရန္ ခန႔္မွန္းထားၿပီး ပါဝင္စမ္းသပ္ခံမည့္ေစတနာ့ဝန္ထမ္း ၁၀၀ ဦးအား ေခၚယူစုေဆာင္းလ်က္ရွိေၾကာင္း သိရသည္။

တ႐ုတ္အမ်ိဳးသားေဆးဝါးထုတ္ကုန္မ်ားဆိုင္ရာႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕မွ ခြင့္ျပဳခ်က္ေပးခဲ့သည့္ စမ္းသပ္ဆဲ COVID-19 ကာကြယ္ေဆးမ်ားအနက္ ယခုကာကြယ္ေဆးသည္ ႏွာေခါင္းဝသို႔ဖ်န္းမႈတ္ရသည့္ တစ္မ်ိဳးတည္းေသာ ကာကြယ္ေဆးျဖစ္သည္ဟုလည္း သိရသည္။

ထိုကာကြယ္ေဆးသည္ ေဟာင္ေကာင္ႏွင့္ တ႐ုတ္ျပည္မႀကီးအၾကား ပူးေပါင္းေဆာင္႐ြက္မႈတစ္ခုျဖစ္သည္။ ေဟာင္ေကာင္တကၠသိုလ္၊ ရွားမိန္တကၠသိုလ္ႏွင့္ ေပက်င္းဝမ္ထိုင္ဇီဝေဗဒတိုင္ရာေဆးဝါးတို႔မွ သုေတသီမ်ား ပါဝင္တီထြင္ခဲ့ျခင္းျဖစ္သည္။

ေဟာင္ေကာင္တကၠသိုလ္မွ ဇီဝေဗဒပညာရွင္ ယြမ္ေကာ့ယြန္က ၎ကာကြယ္ေဆးသည္ အသက္ရႉလမ္းေၾကာင္းတြင္ ဗိုင္းရပ္စ္မ်ား ကူးစက္ျဖတ္သန္းရာ လမ္းေၾကာင္း၏ ခုခံစြမ္းအားကို လႈံေဆာ္ႏႈိးဆြေပးေၾကာင္း ေျပာၾကားခဲ့သည္။

ထိုကာကြယ္ေဆးဖ်န္းမႈတ္ခံရသူသည္ ကို႐ိုနာဗိုင္းရပ္စ္အသစ္တင္မကဘဲ H1N1 ၊ H3N2 ႏွင့္ B အပါအဝင္ တုပ္ေကြးဗိုင္းရပ္စ္မ်ားကိုပါ ကာကြယ္ၿပီးသား ျဖစ္သြားႏိုင္ေပသည္ဟုလည္း ယြမ္က ေျပာၾကားခဲ့သည္။

လက္ေတြ႕စမ္းသပ္မႈအဆင့္သုံးဆင့္ၿပီးဆုံးရန္ အနည္းဆုံးေနာက္ထပ္တစ္ႏွစ္ ၾကာမည္ျဖစ္ေၾကာင္းလည္း ယြမ္က ဆိုသည္။

ေပက်င္းအေျခစိုက္ ကိုယ္ခံအားဆိုင္ရာပညာရွင္တစ္ဦးကလည္း အျခားထိုးႏွံရသည့္ ကာကြယ္ေဆးမ်ားႏွင့္ယွဥ္လွ်င္ ႏွာေခါင္းဝသို႔ဖ်န္းမႈတ္ရေသာ အဆိုပါကာကြယ္ေဆးသည္ အသုံးျပဳ၍ပိုမိုလြယ္ကူကာ အေျမာက္အျမားထုတ္လုပ္ျဖန႔္ခ်ိရန္လည္း ပိုမိုအဆင္ေျပမည္ျဖစ္ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ ႏွစ္ခ်ိဳ႕နည္းပညာျဖစ္သည့္ တုပ္ေကြးကာကြယ္ေဆးထုတ္လုပ္မႈနည္းပညာကိုသာ အသုံးျပဳတီထြင္ထားျခင္းျဖစ္သျဖင့္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထိုႏွာေခါင္းဝသို႔ဖ်န္းမႈတ္ရသည့္ COVID-19 ကာကြယ္ေဆးသည္ ပန္းနာရင္က်ပ္ႏွင့္ အသက္ရႉမႈတိုေတာင္းျခင္းကဲ့သို႔ေသာ ေဘးထြက္ဆိုးက်ိဳးမ်ား အသက္ရႈလမ္းေၾကာင္းဆိုင္ရာစနစ္တြင္ ျဖစ္ေပၚႏိုင္ေပသည္ဟုလည္း ၎ပညာရွင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

တ႐ုတ္တြင္ အလားအလာရွိသည့္ COVID-19 ကာကြယ္ေဆး သုံးမ်ိဳးကို လက္ေတြ႕စမ္းသပ္ရန္ ခြင္ျပဳထားၿပီးျဖစ္သည္။ ထို႔အျပင္ အခ်ိဳ႕ေသာ ျပည္တြင္းကုမၸဏီမ်ားမွ တီထြင္ထုတ္လုပ္သည့္ အတည္မျပဳရေသးသည့္ COVID-19 ကာကြယ္ေဆးမ်ားကို အေရးေပၚအသုံးျပဳရန္အတြက္ တ႐ုတ္ကာကြယ္ေဆးစီမံခန႔္ခြဲမႈဥပေဒႏွင့္အညီ ခြင့္ျပဳထားေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China approves first nasal spray Covid-19 vaccine for trials: Report (hidustantimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service