ပရုပ်လုံးသုံးတတ်တယ် အဝတ်အစားတွေထဲ ထည့်တယ်ဆိုရင်တော့ သတိထားစေချင်

ပရုပ်လုံးသုံးတတ်တယ် အဝတ်အစားတွေထဲ ထည့်တယ်ဆိုရင်တော့ သတိထားစေချင် - Property Knowledge in Myanmar from iMyanmarHouse.com
31 Aug 2020 1:05 pm တွင် တင်ခဲ့သည်
18015 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပရုပ်လုံး သုံးတတ်သူများအတွက် သတိပြုဖွယ် ပရုပ်လုံးရဲ့ အာနိသင်ကိုက တဖြေးဖြေးလုံးပါးပါးပြီး အငွေ့ပျံတာ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ပါရာဒိုင်က လိုရိုဘန်ဇင်း ဓာတ်တွေပါ။

စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက ကလေးငယ်နဲ့လူကြီး လူငယ်အားလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါ။

ဖြည်းဖြည်းချင်း သူလဲ လုံးပါးပါးရင်း ကိုယ်လဲ ထိခိုက်နေတာပေါ့ – အနည်းနဲ့အများပဲ ကွာတယ် (သိတောင် မသိလိုက်ကြဘူး) အဲဒီ့အငွေ့တွေက မျက်စိ အသက်ရှုလမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေတယ် …။

ခေါင်းကိုက်တာ / မူးတာ / အန်ချင်တာ ဖြစ်တတ်တယ် – တချို့လေ့လာမူတွေအရ ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မှုရှိတယ် ဆိုတယ်။

နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ်ဓာတ်ပါ – သွေးနီဥ လေးတွေကို အချိန်မတိုင်ခင်ပျက်စီးစေတဲ့ အာနိသင်ရှိတယ် – သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ သွေးအားနည်းရောဂါ အကျိုးဆက်တွေ ဖြစ်တတ်တယ်။

G6PDဆိုတဲ့ အင်ဇိုင်းချို့တဲ့မူ ရှိသူတွေဆို ပိုပြီးထိခိုက်တယ် – လူကြီးနဲ့ကလေး ခံရတာခြင်း ကွာခြားခြင်းက ကလေးတွေက ဒီအဆိပ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့အားအင်က လူကြီးတွေထက် နည်းတယ် ပိုအန္တရာယ်ရှိတယ်။

ပရုပ် အဖြူရောင်တင် မကပါ – ဈေးကွက်ထဲမှာ အရောင်စုံ ဒီဇိုင်းစုံ ပုစံမျိုးစုံ ပေါ်နေတယ်ကလေးများ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာသတိထားပါ – သေချာသိမ်းပါ လူကြီးတွေအတွက်လည်း မကောင်းပါဘူး။

အငွေ့ ရှုမိလို့့ ရေရှည်မကောင်းသလို ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကိုဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး။

ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေတာ ပြန်လျော်ပြီး နေလှန်း ခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။

ပရုပ်လုံး မသုံးရင် အနံ့တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ ? ပိုးကောင်တွေ ပြေးအောင် ဘယ်လိုလုပ်ရမလဲ ? ပရုပ်လုံး ဝယ်ရင် ဒီလို Naphthalene – Paradichlorobenzene ဓာတု အမည် ပါရင် မဝယ်ပဲ မသုံးဘဲ ရှောင်ပါ ။ ထင်းရူးသားနဲ့ လုပ်တဲ့ ပရုပ်လုံးကို သုံးလို့ရတယ် ( မြန်မာပြည်မှာရှိမယ်မထင်ပါ ) ထင်းရူးသားလေး ထည့်ထားတာမျိုးလုပ်ပါ ။ တချို့ကျတော့ လေညှင်းပွင့်လေးတွေ ထင်းရူးသားသန့်သန့်လေးတွေကို အဝတ်အိတ် လေတွေနဲ့ ချုပ်ထည့်ပြီး ဘီဒိုထောင့်လေးတွေမှာ ထားကြတယ်။

ဘာပဲဝယ်ဝယ် ဘာပါဝင်သလဲဆိုတာဖတ်ပါ ထုပ်ပိုးတာလှတိုင်း အကောင်းစားမဟုတ်ပါ ။ ခုပေါ်နေတဲ့ အဝတ်ဖြန်း အမွှေးရည်မှာ ဘာတွေပါဝင်နေလဲ အထက်ကဖော်ပြထားတဲ့ ဓာတ်တွေပါလားစစ်ပါ ။ ကိုယ့်နိုင်ငံကို အတုမျိးစုံဝင်လာနေတဲ့ အချိန်အခါမှာ ဆက်မသုံးတော့ရင် အကောင်းဆုံးပါ။

ရောဂါ လက္ခဏာကို ကြည့်ပြီး ပရုပ်လုံးကြောင့် တထစ်ချပြောမရပါ သတိထား ကြဖို့ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: နီနီလေး

 

[Zawgyi]









အငွေ့ ရှုမိလို့ ရေရှည်မကောင်းသလို ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကိုဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး။








Credit: နီနီလေး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service