ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း

ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2025 12:56 pm တွင် တင်ခဲ့သည်
183 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ပေါင်နှံမှုပြုရာတွင် လက်မဲ့အပေါင်၊ အင်္ဂလိပ်အပေါင်၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်းသာ အပ်နှံ၍ ပေါင်နှံခြင်း၊ သဘောတူ သတ်မှတ်များထားရှိ၍ ရောင်းပေါင်ခြင်း၊ ပစ္စည်းအား ပေးအပ်ကာအကျိုးအမြတ် ခံစားခွင့်ပေးအပ်သည့် ပေါင်နှံခြင်း၊ ထုံးနည်းမကျ ပေါင်နှံခြင်းဟူ၍ ပေါင်နှံခြင်း(၆)မျိုးရှိပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ နှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ပေါင်နှံသည့်အခါ တန်ဖိုးငွေ(၁)သိန်းနှင့် အထက်ရှိပါက ပိုင်ဆိုင်ခွင့်စာချုပ်ကိုပါ အပ်နှံ၍ ပေါင်နှံ ခြင်းမှတပါး အခြားပေါင်နှံခြင်း စာချုပ်များတွင် မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်။

ပေါင်နှံသူကိုယ်တိုင် အမည်မပေါက်သော မြေ ဖြစ်နေလျှင်တော့ ပိုင်ဆိုင်မှုအဆောက်အအုံ၊ မြေပါ အပ်နှံ၍ ပေါင်နှံရန် တောင်းဆိုမှုပြုရမည်ဖြစ်ပါသည်။

အပေါင်ခံသူသည် ပုဂ္ဂလိက အမိန့်ရ အပေါင်လိုင်စင်ရှိရန် လိုအပ်ပါသည်။ စည်ပင်သာယာရေးကော်မတီမှ ပေါင်နှံ ခြင်းအတွက် သတ်မှတ်ထားသော စည်းကမ်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပေါင်ခံသူမှ အပေါင်ပစ္စည်းအား လက်ခံရမည်ဖြစ်ပါသည်။ ပေါင်နှံခြင်းနှင့် အာမခံပိုင်ဆိုင်မှု စာရွက်စာတမ်းပေးအပ်၍ ငွေချေးခြင်းမှာလဲ မတူညီပါ။ ပေါင်နှံခြင်းများတွင် ပစ္စည်းအား လက်ရောက်ပေးအပ်ခြင်းရှိပြီး အာမခံခြင်းများတွင်တော့ ပိုင်ဆိုင်မှု စာရွက်စာတမ်းသာ အပ်နှံထား ရှိကြပါသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်း ရွှေ၊လက်ဝတ်လက်စား ပေါင်နှံခြင်းများတွင်တော့ သတ်မှတ်‌နေ့ရက်အတွင်း အပေါင် ရွှေးနုတ်ခြင်း၊ အတိုးငွေပေးအပ်ခြင်းမရှိပါက အပေါင်ခံသူမှ အပေါင်ပစ္စည်းကို ထုခွဲရောင်းချခြင်း၊ လေလံတင် ရောင်းချရန်အတွက် သက်ဆိုင်ရာသို့ တင်ပြခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း ပေါင်နှံခြင်းများတွင် အပေါင်ပစ္စည်းအပေါ် အခြေခံ၍ ပေါင်နှံသူမှ မည်သို့ပေးဆပ် မည်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်စာချုပ် ရေးသားချုပ်ဆိုရမည်ဖြစ်ပါသည်။ သတ်မှတ်အချိန် ကာလမရှိကာ အပေါင်ရွှေးနုတ်ခြင်းလဲ မရှိပါက အပေါင်ခံသူမှ ပေါင်နှံသူအား ရွှေးနုတ်ခြင်းပြုမပြု နို့တစ်အသိပေးအကြောင်းကြားစာ ပေးပို့နိုင်ကာ အပေါင်ပစ္စည်းအား ရောင်းချနိုင်သည့် အခွင့်အ‌ရေးလဲရှိပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်း ပေါင်နှံခြင်းများတွင် အပေါင်ပစ္စည်းရွှေးနုတ်ပိုင်ခွင့်နှင့် ပေါင်နှံခြင်းအတည်ပြုပေးရန် စွဲဆိုသောအမှုများ ဖြစ်ပွှားလာနိုင်ပါသည်။ အပေါင်ခံသူမှ အပေါင်ပစ္စည်းအား ဝရမ်းကပ်ရောင်းချခွင့်ရှိနိုင်ရန်အတွက် တရားစွဲဆိုခွင့်ရှိသလို ပေါင်နှံသူမှလဲ အပေါင်ပစ္စည်းအား ရွှေးနုတ်ခွင့်ရရှိရန်အတွက် တရားရုံးတွင် တရားစွဲဆိုခွင့် အခွင့်အရေးလဲရှိပါသည်။

အပေါင်ပစ္စည်းအပေါ် သက်ဆိုင်ခွင့်ရှိနေသူများအား အမှုတွင် မဖြစ်မနေ ထည့်သွင်းပါဝင်ရမှာ ဖြစ်ပါတယ်။ ထို့ပြင် အပေါင်အမှုများတွင် အမှုသည်အဖြစ် ဦးစွာအပေါင်ခံသူ၊ အပေါင်ပစ္စည်းကို လက်ရှိထားရုံသက်သက်ထားသူ၊ အမှု အတောအတွင်း လွှဲပြောင်းခြင်းဖြင့်ဖြစ်စေ၊ ဆန့်ကျင်လက်ရှိထားခြင်းဖြင့်ဖြစ်စေ ရွှေးနုတ်ခွင့်ရရှိသူ၊ အပေါင်မှု မစွဲဆိုမီ ပစ္စည်းခွဲဝေပေးစေလိုမှုတွင် ခန့်ထားသောပစ္စည်းထိန်း ၊ပူးတွဲပိုင်ရှင်တစ်ဦးက မိမိ၏ မခွဲဝေရသေးသော အစုကို ပေါင်နှံခြင်း ဖြစ်ပါက ထိုအပေါင်နှင့် စပ်လျဉ်း၍ စွဲဆိုသော အမှုတွင် အခြားပူးတွဲပိုင်ရှင်သည် မပါမဖြစ် ပါဝင်ရန် မလိုအပ်ပါ၊ အပေါင်ခံသူ၏ ပေါ့ဆမှုကြောင့် အပေါင်ပစ္စည်း၏ အချို့အစိတ်အပိုင်းများတွင် ကျူးကျော်နေထိုင်ခွင့်ရရှိသူများ အစရှိသဖြင့် အမှုတွင် ပါဝင်ထည့်သွင်းရမည်ဖြစ်ပါသည်။

ပေါင်နှံမှုတွင် ရွှေးနုတ်ခွင့်ကို ပိတ်ပင်ထားသော အချိန်ကာလသတ်မှတ်ချက်အရ အပေါင်ခံသူမှာ နောက်ပိုင်းတွင် ပစ္စည်းပိုင်ရှင်အဖြစ် သတ်မှတ်စေသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ပေါင်နှံခြင်းများလဲ ရှိနိုင်ပြီး အဆိုပါကိစ္စရပ်များတွင် တရားရုံးမှ သင့်သည် ထင်မြင်သည့် အမိန့်တစ်ရပ်ချမှတ်ကို ချမှတ်နိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service