အခွန်ပေးဆောင်ခြင်းကို အောက်တိုဘာလမှစ၍ အီလက်ထရောနစ် စနစ်ဖြင့် ဆောင်ရွက်မည်

အခွန်ပေးဆောင်ခြင်းကို အောက်တိုဘာလမှစ၍ အီလက်ထရောနစ် စနစ်ဖြင့် ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
14 Aug 2020 1:37 pm တွင် တင်ခဲ့သည်
1744 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဝန်ထမ်းများ လစာဝင် ငွေခွန်ပေးဆောင်ခြင်းကို လုပ်ငန်းခွင်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ဆက်သွယ်၍ အခွန်ပေးဆောင်နေရမှုအစား အီလက်ထရွန်နစ် ငွေပေးချေမှု စနစ်ဖြင့် အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန် များဦးစီးဌာနက ဩဂုတ် ၁၂ ရက် တွင် ထုတ်ပြန်သည်။

လစာဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းစာအုပ်ထုတ်ပေးခြင်းအစား ဌာန၏ဒေတာစင်တာနှင့် ချိတ်ဆက်၍ မိုဘိုင်းအက်ပလီ ကေးရှင်းဖြင့် အခွန်ပေးဆောင်ထားရှိမှု အချက်အလက်များကို ကြည့်ရှုနိုင်ရန် ပြောင်းလဲဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီများမှအ ခွန်ပေးဆောင်မှုလုပ်ငန်းစဉ်တွင် ငွေသား၊ ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်သို့ လာမည့် ဘဏ္ဍာနှစ်ကစ၍ အသုံးပြုမည် ဖြစ်သည်။

အခွန်ထမ်း ကုမ္ပဏီများသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ပေးသွင်းရမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန် စည်ခွန်နှင့် ရတနာခွန်များအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်နှင့်ချိတ်ဆက်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်များ အသုံးပြုကာလွယ်ကူလျင်မြန်ပြီး လုံခြုံစိတ်ချစွာပေးဆောင်နိုင်ရန် စီစဉ်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

‘‘COVID မတိုင်ခင်ကတည်းက အခွန်ပေးသွင်းမှုတွေကို အီ လက်ထရွန်နစ်စနစ်နဲ့သွားဖို့ စီစဉ်နေခဲ့တာပေါ့။ ကပ်ရောဂါဖြစ်လာတော့ ပိုပြီးတွန်းအားပေးသလိုဖြစ်လာခဲ့တယ်။ အခြားအခွန် ပေးဆောင်မှုတွေပါ အွန်လိုင်းစနစ်နဲ့သွားဖို့ ဆောင်ရွက်နေပါ တယ်’’ ဟု ၎င်းကပြောသည်။

အီလက်ထရွန်နစ်ငွေပေး ချေမှုစနစ်ဖြင့် အခွန်ပေးဆောင် ခြင်းဖြင့် သက်ဆိုင်ရာအခွန်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွား ရောက်ရသည့်အချိန်သက်သာမှုအပါအဝင် ငွေကြေးဆုံးရှုံးမှုအန္တရာယ်မရှိနိုင်ခြင်းနှင့် အလွဲသုံးစား နှင့် မသမာမှုအန္တရာယ်များဖြစ် ပွားခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

ယင်းစနစ်ဖြင့် အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် သက်ဆိုင်ရာအီလက်ထရွန်နစ် ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများက အခွန်ထမ်းသို့ အခွန်ငွေ ပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည် ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ် နှင့် ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန် ရုံးများ၏ ငွေစာရင်းများတွင် အ ခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါ က အခွန်ငွေပေးသွင်းပြီးကြောင်းအထောက်အထားကို ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းထံသို့ အီးမေးလ်ဖြင့် အကြောင်း ကြားမည်ဖြစ်သည်။

လာမည့် အောက်တိုဘာ ၁ ရက်က စတင်အသုံးပြုမည့် အီ လက်ထရွန်နစ်ငွေပေးချေမှုကို အခွန်ထမ်း မှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများပူးပေါင်း ပေးရန် ပြည်တွင်းအခွန်များဦးစီး ဌာနက တိုက်တွန်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခြန္ေပးေဆာင္ျခင္းကို ေအာက္တိုဘာလမွစ၍ အီလက္ထေရာနစ္ စနစ္ျဖင့္ ေဆာင္႐ြက္မည္

ဝန္ထမ္းမ်ား လစာဝင္ ေငြခြန္ေပးေဆာင္ျခင္းကို လုပ္ငန္းခြင္တည္႐ွိရာ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး႐ုံးမ်ားႏွင့္ ဆက္သြယ္၍ အခြန္ေပးေဆာင္ေနရမႈအစား အီလက္ထ႐ြန္နစ္ ေငြေပးေခ်မႈ စနစ္ျဖင့္ အခြန္႐ုံး၏ ဘဏ္စာရင္းသို႔ ေပးေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ျပည္တြင္းအခြန္ မ်ားဦးစီးဌာနက ဩဂုတ္ ၁၂ ရက္ တြင္ ထုတ္ျပန္သည္။

လစာဝင္ေငြခြန္ေပးေဆာင္မႈမွတ္တမ္းစာအုပ္ထုတ္ေပးျခင္းအစား ဌာန၏ေဒတာစင္တာႏွင့္ ခ်ိတ္ဆက္၍ မိုဘိုင္းအက္ပလီေကး႐ွင္းျဖင့္ အခြန္ေပးေဆာင္ထား႐ွိမႈ အခ်က္အလက္မ်ားကို ၾကည့္႐ႈႏိုင္ရန္ ေျပာင္းလဲေဆာင္႐ြက္မည္ျဖစ္သည္။

ထို႔အျပင္ ကုမၸဏီမ်ားမွအခြန္ေပးေဆာင္မႈလုပ္ငန္းစဥ္တြင္ ေငြသား၊ ခ်က္လက္မွတ္ျဖင့္ေပးသြင္းေနမႈကို အီလက္ထ႐ြန္နစ္ ေငြေပးေခ်မႈစနစ္သို႔လာမည့္ ဘ႑ာႏွစ္ကစ၍ အသုံးျပဳမည္ ျဖစ္သည္။

အခြန္ထမ္း ကုမၸဏီမ်ားသည္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနသို႔ေပးသြင္းရမည့္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္ စည္ခြန္ႏွင့္ ရတနာခြန္မ်ားအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ CBM-NET စနစ္ႏွင့္ခ်ိတ္ဆက္၍ ပုဂၢလိကဘဏ္မ်ား၏ အီလက္ထ႐ြန္နစ္ ေငြေပးေခ်မႈစနစ္မ်ား အသုံးျပဳကာလြယ္ကူလ်င္ျမန္ၿပီး လုံျခဳံစိတ္ခ်စြာေပးေဆာင္ႏိုင္ရန္ စီစဥ္ထားေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းထြဋ္က ဆိုသည္။

‘‘COVID မတိုင္ခင္ကတည္းက အခြန္ေပးသြင္းမႈေတြကို အီလက္ထ႐ြန္နစ္စနစ္နဲ႔သြားဖို႔ စီစဥ္ေနခဲ့တာေပါ့။ ကပ္ေရာဂါျဖစ္လာေတာ့ ပိုၿပီးတြန္းအားေပးသလိုျဖစ္လာခဲ့တယ္။ အျခားအခြန္ ေပးေဆာင္မႈေတြပါ အြန္လိုင္းစနစ္နဲ႔သြားဖို႔ ေဆာင္႐ြက္ေနပါတယ္’’ ဟု ၎ကေျပာသည္။

အီလက္ထ႐ြန္နစ္ေငြေပးေခ်မႈစနစ္ျဖင့္ အခြန္ေပးေဆာင္ျခင္းျဖင့္ သက္ဆိုင္ရာအခြန္႐ုံးႏွင့္ ျမန္မာ့စီးပြားေရးဘဏ္သို႔ သြား ေရာက္ရသည့္အခ်ိန္သက္သာမႈအပါအဝင္ ေငြေၾကးဆုံး႐ႈံးမႈအႏၲရာယ္မ႐ွိႏိုင္ျခင္းႏွင့္ အလြဲသုံးစားႏွင့္ မသမာမႈအႏၲရာယ္မ်ားျဖစ္ ပြားျခင္းမွ ကာကြယ္ႏိုင္ရန္ ရည္႐ြယ္ထားသည္ဟုဆိုသည္။

ယင္းစနစ္ျဖင့္ အခြန္ေပးသြင္းရာတြင္ ေပးသြင္းမႈအေထာက္အထားမ်ားအျဖစ္ သက္ဆိုင္ရာအီလက္ထ႐ြန္နစ္ ေငြေရး ေၾကးေရးဝန္ေဆာင္မႈလုပ္ငန္းမ်ားက အခြန္ထမ္းသို႔ အခြန္ေငြ ေပးသြင္းၿပီးေၾကာင္း အေထာက္အထားကို ကနဦးထုတ္ေပးမည္ ျဖစ္ၿပီး ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ဘဏ္ခြဲမ်ား႐ွိ သက္ဆိုင္ရာအခြန္ ႐ုံးမ်ား၏ ေငြစာရင္းမ်ားတြင္ အ ခြန္ေငြလႊဲေျပာင္းလက္ခံရ႐ွိၿပီးပါ က အခြန္ေငြေပးသြင္းၿပီးေၾကာင္းအေထာက္အထားကို ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အခြန္ထမ္းထံသို႔ အီးေမးလ္ျဖင့္ အေၾကာင္းၾကားမည္ျဖစ္သည္။

လာမည့္ ေအာက္တိုဘာ ၁ ရက္က စတင္အသုံးျပဳမည့္ အီလက္ထ႐ြန္နစ္ေငြေပးေခ်မႈကို အခြန္ထမ္း မွတ္ပုံတင္အမွတ္ (Taxpayer Identification Number-TIN) ရ႐ွိၿပီးျဖစ္ေသာ အခြန္ထမ္းကုမၸဏီမ်ားပူးေပါင္း ေပးရန္ ျပည္တြင္းအခြန္မ်ားဦးစီး ဌာနက တိုက္တြန္းထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service