Humidifier (ရေငွေ့ထုတ်စက်) တွေကို ဘာအတွက်သုံးသင့်တာလဲ၊ ဘယ်လိုသတိပြုသုံးရမလဲ?
Humidifier (ရေငွေ့ထုတ်စက်) တွေကို ဘာအတွက်သုံးသင့်တာလဲ၊ ဘယ်လိုသတိပြုသုံးရမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
11 Aug 2020 3:13 pm တွင် တင်ခဲ့သည်
3508 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
Humidifier တွေဟာ လေထုထဲ အစိုဓာတ်ထည့်ပေးခြင်းဖြင့် ၎င်းလေထုမှာရှိတဲ့လူတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကို အကျိုးပြုပေးပြီး အသားအ‌‌‌ရေကိုလည်း မ‌ခြောက်သွေ့အောင် ကူညီထိန်းသိမ်းပေးပါတယ်။
၎င်း humidifier တွေကို အိမ်မှာ သို့မဟုတ် ရုံးမှာ အသုံးပြုဖို့ရာ အကျိုးကျေးဇူးအကြောင်းတရားများစွာ ရှိသလို အန္တရာယ်အချို့လည်း ရှိပါတယ်။
ဒါကြောင့် humidifier တွေရဲ့ အကျိုးကျေးဇူးတွေ၊ သူတို့ကို မှန်မှန်ကန်ကန်အသုံးပြုနည်းနဲ့ သတိပြုရမယ့်အချက်တွေအကြောင်း ဒီဆောင်းပါးမှာ စုံစုံလင်လင်ဖတ်ရှုလေ့လာလိုက်ပါ။
‌ခြောက်သွေ့မှုနှင့် စိုထိုင်းမှု
‌ခြောက်သွေ့တဲ့လေဟာ အရေပြားထဲက အစိုဓာတ်ကို အငွေ့ပြန်စေသလို ကာလတစ်ခုကြာလာရင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ လေထုထဲအစိုဓာတ်ဖြည့်တင်းလိုက်ခြင်းဖြင့် ၎င်းပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။
Humidifier တွေက အောက်ပါအခြေအနေကြုံတွေ့နေရသူတွေကို ကူညီပေးနိုင်ပါတယ်။
* အသားအရေ‌ခြောက်သွေ့ခြင်း
* မျက်စိရောင်နာခြင်း
* လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ‌ခြောက်သွေ့ခြင်း
* ဓာတ်မတည့်ခြင်း
* ချောင်းမကြာခဏဆိုးခြင်း
* နှာခေါင်းသွေးယိုခြင်း
* ဦးခေါင်းခွံအတွင်းရှိ (နှာခေါင်းပေါက်နှင့်ဆက်ထားသော) လေလမ်းကြောင်း ပိုးဝင်မှု‌ကြောင့် ခေါင်းကိုက်ခြင်း
* နှုတ်ခမ်းသားကွဲအက်ခြင်း
Humidifier အသုံးပြုရခြင်းအကြောင်းတရား သို့မဟုတ် ၎င်း၏ အကျိုးကျေးဇူး (၅) မျိုး
လူတစ်ချို့ဟာ ရာသီဥတုပူပြင်းတဲ့၊ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ လေထုထဲပိုမိုပါဝင်လေ့ရှိတဲ့ နွေရာသီကာလမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကြုံတွေ့ရပါတယ်။ အဲကွန်းနဲ့ ပန်ကာတွေဆိုတာက အခန်းထဲရှိနှင့်ပြီးသားလေ‌ကိုပဲ လှည့်လှည်နေစေတာမို့ လေ‌ကို ခြောက်ပြီးရင်းခြောက်သွေ့စေပါတယ်၊ အဲဒီမှာမှ အဲကွန်းက ပိုလို့ဆိုးပြီး လေထုထဲက အစိုဓာတ်မှန်သမျှကို ဖယ်ရှားပစ်တာပါ။ ဒီအချိန်မှာ humidifier ကတော့ အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။
နွေတင်ပဲလိုအပ်တာလားဆိုတော့ မဟုတ်ပါဘူး။ အေးတဲ့လတွေမှာ က ပိုလို့တောင် အကျိုးရှိ၊ အသုံးဝင်ပါသေးတယ်။ အေးတဲ့လေထုက သင့်အဆုတ်၊ နှာခေါင်းနဲ့ နှုတ်ခမ်းတွေကို ခြောက်သွေ့စေပါတယ်။ အခန်းတွင်းအပူပေးစနစ်သုံးရင်လည်း ၎င်းစနစ်က အခန်းတွင်းလေထုကို ခြောက်သွေ့စေနိုင်ပါတယ်။
Humidifier တစ်ခုရဲ့ အကျိုးကျေးဇူးတွေကတော့ -
၁။ တုပ်ကွေးမိနိုင်ခြေကို လျှော့ချပေးခြင်း။
(လေထုအတွင်း စိုထိုင်းဆ ၄၀ ရာခိုင်နှုန်းအထက် ရှိခြင်းက ဗိုင်းရပ်စ်မှုန်တွေကို လျင်မြန်စွာအသက်မဲ့စေပြီး ရောဂါပိုးကူးစက်နိုင်ခြေလျော့နည်းစေနိုင်ပါတယ်။)
၂။ (ချွဲသလိပ်ထွက်စေသည့်) အကျိုးဖြစ်ထွန်းသော ချောင်းဆိုးခြင်းကို ဖြစ်စေခြင်း။
(ခြောက်သွေ့တဲ့လေဟာ ၎င်းလေကိုရှူရှိုက်သူအား အကျိုးမဖြစ်ထွန်းတဲ့ချောင်းခြောက် ဆိုးစေနိုင်ပါတယ်။ ယင်းလေထုထဲ အစိုဓာတ်ဖြည့်တင်းလိုက်ခြင်းက အသက်ရှူလမ်းကြောင်းထဲ အစိုဓာတ်ပိုမိုရရှိစေကာ ချောင်းအား အကျိုးဖြစ်ထွန်းစွာဆိုးစေနိုင်မှာပါ။ အကျိုးဖြစ်ထွန်းတဲ့ချောင်းဆိုးခြင်းက ချွဲ၊ သလိပ်တွေကို ထွက်ရှိစေပါတယ်။)
၃။ ဟောက်ခြင်းအား လျှော့ချပေးခြင်း။
(လေထုက ‌ခြောက်သွေ့နေရင် အသက်ရှူလမ်းကြောင်းမှာ ‌ချောမွေ့မှုမလုံလောက်တော့ပဲ ဟောက်ခြင်းကိုအားပေးတာကြောင့် လေထုထဲအစိုဓာတ်ဖြည့်တင်းလိုက်ခြင်းက ဟောက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။ တစ်ညလုံး humidifier ကို ဖွင့်ပေးထားပြီး အစိုဓာတ်ဖြည့်တင်းပေးမယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာအခြားပြဿနာတွေကိုလည်း လျော့ပါးသက်သာစေမှာပါ။)
၄။ အသားအရေနှင့်ဆံပင်သားကို အစိုဓာတ်ထိန်းပေးခြင်း။
(ဆောင်းတွင်းမှာဆို အသားအရေ၊ နှုတ်ခမ်းသားနဲ့ ဆံပင်သားတွေ ‌ခြောက်သွေ့ကျိုးပြတ်ကွဲအက်တာတွေကို တချို့ကြုံရလေ့ရှိမှာပါ။ အဲကွန်းခန်းထဲ၊ အပူပေးစနစ်သုံးအခန်းထဲ အိမ်ထဲက လေထုတွေဟာ အသားအရေမှာ ခြောက်သွေ့ယားယံတင်းမာကွဲအက်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ ပြင်ပကလေအေးအေးတွေကလည်း အလားတူပဲ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်နော်။ humidifier သုံးရင်တော့ ၎င်းပြဿနာတွေကြုံတွေ့ရနိုင်ခြေ အရမ်းကိုနည်းသွားမှာပါ။)
၅။ နေအိမ်အတွက်အကျိုးကျေးဇူးရှိခြင်း။
(Humidifier ကပေးတဲ့ အစိုဓာတ်ဟာ နေအိမ်ခန်းထဲရှိတဲ့အရာတွေကို အကျိုးရှိစေနိုင်ပါတယ်။ အစိုဓာတ်ကြိုက်တဲ့ အိမ်တွင်းသစ်ပင်တွေဆိုရင် ပိုပြီးသန်စွမ်းလာနိုင်ပြီး သစ်သားကြမ်းခင်း၊ သစ်သားပရိဘောဂတွေဆို ပိုလို့ကြာရှည်ခံစေနိုင်ပါတယ်။ နံရံကပ်စက္ကူတွေဆို ကြာရှည်မြမြံစွာ နံရံမှာကပ်နေစေနိုင်ပြီး လျှပ်စစ်ငြိမ်တွေမဖြစ်ပေါ်အောင်လည်း ကူညီတားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် စိုစွတ်တဲ့လေထုဟာ ‌ခြောက်သွေ့တဲ့လေထုထက် ခံစားမှုကိုလည်း ပိုမို‌‌နွေးထွေး‌ကောင်းမွန်စေပါသေးတယ်။)
Humidifier အမျိုးအစားများ
လေထုထဲအစိုဓာတ်ထည့်ပေးတဲ့ အခြေခံလုပ်ဆောင်ချက်ချင်း အတူတူပဲဆိုပေမဲ့ အောက်ပါအမျိုးအစားတွေကို ကွဲပြားစွာမြင်တွေ့ရပါလိမ့်မယ် -
* Steam vaporizer - လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ရေနွေးငွေ့ (စက်မှမထွက်ခင်မူ အေး) ဖန်တီးပေးပါတယ်။ ထိခိုက်မိရင် လျှပ်စစ်သုံးရတာမို့ အပူလောင်ကျွမ်းနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ကလေးတွေအနား အသုံးမပြုသင့်ပါဘူး။
* Ultrasonic humidifier - သူကတော့ ရေငွေ့ပြန်စေဖို့ လျှပ်စစ်အစား တုန်ခါမှုကိုအသုံးပြုပါတယ်။
* Evaporator – ရေငွေ့ပြန်ရာကထွက်လာတဲ့လေကို မှုတ်လွှတ်ပြီး အစိုဓာတ်ထုတ်လုပ်တာဖြစ်ပါတယ်။
* Impeller humidifier - ယေဘုယျအားဖြင့် ကလေးတွေနဲ့ကိုက်ပါတယ်၊ လည်နေတဲ့ချပ်ပြားတွေကနေ ရေငွေ့ပြန်စေတာပဲဖြစ်ပါတယ်။
* Central humidifier - အခန်းတစ်ခုလုံးကို အစိုဓာတ်ဖြည့်တင်းဖို့ အဲကွန်းနဲ့ချိတ်ပြီး အသုံးပြုရတာပဲဖြစ်ပါတယ်။ အသုံးပြုဖို့လိုအပ်ချက်အပေါ်မူတည်ပြီး အရွယ်အစားတွေကတော့ အမျိုးမျိုးပဲဖြစ်ပါတယ်။
အန္တရာယ်များ
Humidifier ဟာ လေထုထဲအစိုဓာတ်ဖြည့်တင်းဖို့ အကောင်းဆုံးနည်းတစ်ခုဖြစ်နိုင်ပေမဲ့ သူ့မှာသတိပြုဆင်ခြင်ဖို့ရာ အန္တရာယ်အချို့လည်း ရှိနေပါတယ်။
ညစ်ပတ်သော humidifier
Humidifier ဆိုတာ ရေကို လေထုထဲ အသက်ရှူသွင်းနိုင်တဲ့ရေငွေ့အဖြစ် ပြောင်းလဲပေးတဲ့အရာပါ။ ဒီတော့ သူ့ရဲ့ ရေတိုင်ကီ ညစ်ပတ်နေတယ်ဆိုရင် ညစ်ပတ်တဲ့ရေငွေ့ကို ရှူရတော့မှာပါ။
ညစ်ပတ်တဲ့ရေတိုင်ကီဟာ ပိုးမွှားတွေကိုအားပေးတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်းရေးလုပ်ပေးမယ်ဆိုရင်တော့ ယင်းအခြေအနေမရောက်ရှိအောင် ကာကွယ်နိုင်မှာပါ။
ရေတိုင်ကီထဲကရေကလည်း လတ်ဆတ်နေသင့်ပါတယ်။ ‌ရေစစ်ပါလာခဲ့ရင် ရေစစ်ကို အသစ်နဲ့မကြာခဏလဲလှယ်ပေးပါ။
စိုထိုင်းဆများလွန်းခြင်း
အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့အဆိုရ အခန်းတွင်းစိုထိုင်းဆဟာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအကြား ရှိသင့်ပြီး ရာခိုင်နှုန်း ၆၀ ကျော်ရင်တော့ စိုထိုင်းဆမြင့်မားလွန်းတယ်လို့ သိရပါတယ်။
Humidifier သုံးတဲ့သူတိုင်း အခန်းတွင်းစိုထိုင်းဆတိုင်းစက် ရှိသင့်ပါတယ်။ အချို့ humidifier တွေမှာတော့ တွဲလျက်ထည့်သွင်းထားပြီးသားဖြစ်ပါတယ်။
ဘုံဘိုင်‌ခေါင်းရေအသုံးပြုခြင်း
ထုတ်လုပ်သူတော်တော်များများကတော့ရေသန့်ကိုပဲ အသုံးပြုဖို့ အကြံပြုထားပါတယ်။
ရေသန့် သို့မဟုတ် ပေါင်းခံထားတဲ့ရေထက် မစစ်ထားတဲ့ဘုံဘိုင်ခေါင်းရေမှာ စက်ကိုမြန်မြန်ပျက်စီးစေမယ့် သတ္တုဓာတ်နဲ့အခြားအမှုန်အမွှားတွေ ပမာဏမြင့်မားစွာ ပါဝင်နေနိုင်ပါတယ်။
လေထုထဲ ထုတ်လွှတ်တဲ့ ရေငွေ့မှာလည်း ၎င်းဓာတ်တွေပါဝင်သွားမှာမို့ ရှူရှိုက်မယ့်သူကို ဘေးဖြစ်စေမယ့်အပြင် အခန်းထဲလည်း ဖုန်တက်စေနိုင်ပါတယ်။
အခြားအန္တရာယ်များ
Humidifier သုံးခြင်းက ဦးခေါင်းခွံအတွင်း (နှာခေါင်းပေါက်နှင့်ဆက်ထားသော) လေလမ်းကြောင်းတွေကို မ‌ခြောက်သွေ့အောင် ကူညီပေးနိုင်သလို ဒုက္ခလည်း ပေးနိုင်ပါတယ်။ ဖုန်မှုန့်နဲ့မှိုတွေဟာ စိုစွတ်တဲ့ပတ်ဝန်းကျင်တွေမှာ ပိုပြီးကြီးထွားရှင်သန်ကြတာကြောင့် ဖုန်နဲ့မှိုတွေနဲ့ ဓာတ်မတည့်သူတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေအတွက်တော့ humidifier လုံးဝကိုမသင့်လျော်ပါဘူး။
Steam vaporizer လိုမျိုး ‌ရေနွေးငွေ့ထုတ်စက်ဆိုရင်တော့ အပူလောင်ခြင်းနဲ့ နံရံတွေမျက်နှာကြက်တွေပေါ်မှာ အစိုဓာတ်စုလို့ဖြစ်တဲ့ မှိုတက်ခြင်း စတဲ့ အန္တရာယ်တွေ ရှိပါတယ်။
ဘယ်လို humidifier ပဲ ဖြစ်ဖြစ် နီးနီးကပ်ကပ်မထားပါနဲ့။ ကလေးရှိတဲ့အခန်းမှာသုံးရင် အထူးသတိထားဖို့လိုပါမယ်။
အခြေခံအချက်များ
Humidifier အသုံးပြုရာမှာ သတိပြုရမယ့် အခြေခံအချက်တွေကတော့ -
* စိုထိုင်းစအဆင့်ကို အမြဲစစ်ဆေးပါ။
* စက်ထဲမှ ရေကို နေ့စဉ်လဲပေးပါ။
* စက်ကို ပုံမှန်သန့်ရှင်းပေးပါ။
* ဆန်ကာပါရင် ညွှန်ကြားချက်အတိုင်း လဲလှယ်ပေးပါ။
* ပေါင်းခံရေ သို့မဟုတ် သတ္တုဓာတ်တွေမပါတဲ့ ရေသန့်ကိုသာ သုံးပါ။
* ကလေးတွေအနား အသုံးပြုရင် အထူးသတိပြုပါ။
* ထုတ်လုပ်သူရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။ တို့ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်ရှင်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
* မျက်စိရောင်နာခြင်း
* ဓာတ်မတည့်ခြင်း
အန္တရာယ်များ
ညစ်ပတ်သော humidifier
အခြားအန္တရာယ်များ
အခြေခံအချက်များ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
area-one-business-complex
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service