ချေးငွေကို ဟန်ဆောင်စာချုုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ
ချေးငွေကို ဟန်ဆောင်စာချုုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
11 Aug 2020 11:58 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အရပ်ထဲတွင် ငွေတိုးချေးစားသူများသည် အိမ်ခြံမြေအရောင်းအဝယ် ဟန်ဆောင်စာချုပ်များပြုလုပ်၍ ချေးငွေနှင့်အတိုးကို စရန်ပေးစာချုပ်အဖြစ် ဖန်တီးပြုလုပ်တတ်ကျသည်။
လိုင်စင်မဲ့ငွေတိုးချေးစားသူသည် ငွေချေးယူသူမှ ချေးယူထားသည့် ငွေအား ပြန်မဆပ်နိုင်သည့်အခါ ချေးငွေနှင့် အတိုးငွေများကို စုပေါင်း၍ ချေးငွေစုစုပေါင်းအား ငွေချေးယူသူပိုင်ဆိုင်သည့် အိမ်ခြံမြေကို ဝယ်ယူသည့် အရောင်းအဝယ်စာရန်ပေးစာချုပ်ချုပ်ဆိုသည်။
အဆိုပါစာချုုပ်တွင် အချိန်ကာလတစ်ခု သတ်မှတ်၍ အဆိုပါကာလအတွင်းငွေချေးယူမှ ပြန်လည်ဝယ်ယူလိုလျှင် ဝယ်ယူနိုင်ကြောင်းနှင့် ဝယ်ယူနိုင်ခြင်း မရှိပါက သတ်မှတ်ထားသည့်ရောင်းဖိုးငွေအတိုင်း ကျန်ငွေပေးချေသည်ကိုလက်ခံ၍ အရောင်းအဝယ် ဆက်လက်ပြုလုပ်ရန် ဟန်ဆောင်စာချုပ်ချုပ်ဆိုကျသည်။
ချေးယူထားသည့် ချေးငွေအပေါ် အတိုးအဆင့်ဆင့်ဖြင့် တိုးရင်းပေါင်းထားသည့်ငွေကို စရန်ငွေ အဖြစ်ပေးချေထားကြောင်းစာချုပ်ချုပ်ဆိုထားပြီး အဆိုပါစရန်ငွေကို စာချုပ်ချုပ်ဆိုသည့်နေ့တွင် အမှန်တကယ် လက်ငင်းပေးချေခြင်းမဟုတ်သည့်အပြင် သတ်မှတ်အချိန်ကာလအတွင်း ပြန်လည်ဝယ်ယူနိုင်ကြောင်း ဖော်ပြချက်လည်းပါဝင်နေသည့်အတွက် ချုပ်ဆိုထားသော အရောင်းအဝယ်စရန်ပေးစာချုပ်သည် အမှတ်စင်စစ် ရောင်းချရန် ရည်ရွယ်ချုပ်ဆိုထားသည့် စာချုပ်မဟုတ်ဘဲ ချေးငွေအတွက် ဟန်ဆောင်ချုပ်ဆိုထားသည့် စာချုပ်ဖြစ်ကြောင်းပေါ်လွင်နေပါသည်။
ဟန်ဆောင်စာချုပ်သည် ဥပဒေအရ အတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ်မမြောက်ပေ။ စရန်ငွေအား အမှန်တကယ်ပေးအပ်ခြင်းမရှိဘဲ ယခင်အလီလီရယူခဲ့သည့်ငွေများကို ထည့်တွက်ခဲ့သည်ဆိုသော်လည်း ထိုသို့အလီလီပေးခဲ့သည့်အထောက်အထားမရှိသဖြင့် ချေးငွေရင်းနှင့် အတိုးပေါ်အတိုးဆင့်၍ တွက်ချက် ကောက်ခံထားသည့် ကြွေးမြီးသာဖြစ်ကြောင်း ကောက်ယူသုံးသတ်သည်။
အမှုမှာ ချေးငွေကို အိမ်ခြံမြေအရောင်းအဝယ်စရန်ပေးငွေအဖြစ် ဖန်တီးထားသည့် ဟန်ဆောင် စာချုပ်အပေါ် အခြေခံစွဲဆိုထားသည့်အမှုဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အမှုကိုပလပ်လိုက်သည် ဟု သုံးသတ်ထားသည်။ (၂၀၀၂ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ ဒေါ်အေးအေးနှင့် ဒေါ်နန်းလီ (ခ) ဒေါ်လီလီလှိုင်) ထို့ကြောင့် ချေးငွေကို ဟန်ဆောင်စာချုုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအဝယ်ပြီးမြောက်အောင် ဆောင်ရွက်၍ မရနိုင်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ချေးငွေကို ဟန်ဆောင်စာချုပ်ပြုလုပ်၍ ဖန်တီးထားသည့် စရန်ပေးစာချုပ်ဖြင့် အရောင်းအ၀ယ်ပြီးမြောက်အောင် ဆောင်ရွက်၍ ရ/မရ ကိစ္စ
အဆိုပါစာချုပ်တွင် အချိန်ကာလတစ်ခု သတ်မှတ်၍ အဆိုပါကာလအတွင်းငွေချေးယူမှ ပြန်လည်ဝယ်ယူလိုလျှင် ၀ယ်ယူနိုင်ကြောင်းနှင့် ၀ယ်ယူနိုင်ခြင်း မရှိပါက သတ်မှတ်ထားသည့်ရောင်းဖိုးငွေအတိုင်း ကျန်ငွေပေးချေသည်ကိုလက်ခံ၍ အရောင်းအ၀ယ် ဆက်လက်ပြုလုပ်ရန် ဟန်ဆောင်စာချုပ်ချုပ်ဆိုကျသည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
mya-villa
cherry-condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service